/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေနှင့်-မျက်ကပ်မှန်ထိတွေ့ခြင်းကြောင့်-မျက်လုံးတွင်ထိခိုက်စေမှု

ရေနှင့် မျက်ကပ်မှန်ထိတွေ့ခြင်းကြောင့် မျက်လုံးတွင်ထိခိုက်စေမှု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရေထိထားတဲ့မျက်ကပ်မှန်မှတဆင့် မျက်လုံးထဲကို ရောဂါပိုးများ၀င်ရောက်စေနိုင်ပါတယ်။

        မျက်ကပ်မှန်ကိုရေနဲ့ထိတွေ့မိခြင်းကြောင့် မျက်ကပ်မှန်ပုံသဏ္႑ာန်ပြောင်းလဲလာကာ ပွရောင်းလာစေနိုင်ပြီး တပ်ဆင်တဲ့အခါ မျက်သားမှာ ကပ်ငြိစေနိုင်ပါတယ်။ ယင်းကဲ့သို့ ရေထိပြီးသား မျက်ကပ်မှန်တပ်ဆင်မိခြင်းကြောင့် မျက်ကြည်လွှာမှာအစင်းရာများဖြစ်ပေါ်စေနိုင်ပြီး မျက်လုံးထဲသို့အလွယ်တကူ ပိုး၀င်ရောက်စေနိုင်ပါတယ်။

          များသောအားဖြင့် ရေတွေမှာ ပိုးကင်းစင်မှုမရှိတတ်ကြပါဘူး။ ရေမှာမျက်လုံးထဲသို့ ရောဂါပိုး၀င်ရောက်စေနိုင်တဲ့ ပိုးမွှားအမျိုးအစားအမျိုးမျိုးရှိတတ်ကြပါတယ်။ အထူးသဖြင့် ဘုံဘိုင်ရေ၊ ကန်ရေ၊ ရေတွင်းရေနဲ့ အခြားသောရေအရင်းအမြစ်တွေမှာ အများဆုံးတွေ့ရတဲ့ အမီးဗား (ခေါ်) Acanthamoeba ပိုးမွှားဟာ ပြင်းထန်သောမျက်စိရောဂါကူးစက်မှုအမျိုးအစားတစ်မျိုးဖြစ်တဲ့ မျက်ကြည်လွှာရောင်ရမ်းနာဖြစ်စေနိုင်ပါတယ်။ မျက်ကြည်လွှာရောင်ရမ်းနာဖြစ်ပါက ကုသရာမှာအချိန်ကြာမြင့်တတ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ် (သို့) တစ်နှစ်ထက်ကျော်လွန်စေနိုင်တဲ့အပြင် လိုအပ်ပါကမျက်ကြည်လွှာအစားထိုးကုသရမှာဖြစ်ပြီး အမြင်အာရုံကွယ်ပျောက်သွားစေနိုင်တဲ့ အခြေအနေထိတောင် ကြုံတွေ့ရစေနိုင်ပါတယ်။

မျက်ကပ်မှန်အားရေထိတွေ့စေခြင်းမရှိပါစေနဲ့။

        မျက်ကပ်မှန်တပ်ဆင်သူတွေအနေနဲ့ ရေကူးချိန်၊ ရေချိုးချိန်မှာ မျက်ကပ်မှန်မတပ်ဆင်သင့်တဲ့အပြင် ရေဖြင့်ဆေးကြောခြင်း၊ ရေမှာစိမ်ထားခြင်းတို့ မပြုလုပ်သင့်ပါ။ မျက်ကပ်မှန်မကိုင်တွယ်ခင်မှာ လက်များသန့်စင်ခြောက်သွေ့နေဖို့လိုအပ်ပါတယ်။ ဒါ့အပြင် မျက်ကပ်မှန်ထည့်တဲ့ဘူးကို ရေနဲ့ဆေးကြောခြင်းမှရှောင်ကျဉ်သင့်ပြီး ပိုးသန့်ဆေးရည်နဲ့သာ သန့်စင်ပေးသင့်ပါတယ်။

မျက်ကပ်မှန်ကိုရေနဲ့ထိတွေ့မိပါက လျင်မြန်စွာအခြောက်ခံပါ။

          အမှတ်မထင်မျက်ကပ်မှန်ကို ရေနဲ့ထိတွေ့မိခြင်းဖြစ်စေ၊ ရေထဲပြုတ်ကျသွားခြင်းဖြစ်စေ ရေမှဆယ် ယူပြီး ရေများခြောက်သွေ့သွားအောင်ချက်ချင်းပြုလုပ်ပေးပါ။ ရေစိုသွားသောမျက်ကပ်မှန်ကိုပြန်မတပ်မီ သန့်ရှင်းခြောက်သွေ့အောင်ပြုလုပ်ပေးခြင်းဖြင့် မျက်စိအတွင်းသို့ ပိုး၀င်ရောက်မှုအန္တရာယ်မှလျော့ကျစေနိုင်ပေမယ့် ဒီလိုပိုး၀င်ရောက်မှု ကာကွယ်နည်းပညာသိပ္ပံနည်းကျစမ်းသပ်မှုများအပေါ် အခြေခံထားခြင်းမရှိပါဘူး။ မျက်ကပ်မှန်ကို ပိုးမွှားကူးစက်ခြင်းမှကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ရေနဲ့ထိတွေ့ခြင်းမှရှောင်ကျဉ်နိုင်တာ စိတ်အချရဆုံးဖြစ်ပါတယ်။

 

CMS

www.drmyanmar.com