ရွှေဖရုံသီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ
- ဖရုံစေ့ကိုစားသုံးပေးခြင်းဖြင့် အဆစ်အမြစ်တွေရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။
- ရွှေဖရုံသီးမှာအင်တီအောက်ဆီးဒင့်ပါရှိတာကြောင့် ပန်းနာရင်ကျပ်ရောဂါကိုသက်သာစေနိုင်ပါတယ်။
- ရွှေဖရုံသီးစားသုံးပေးခြင်းဖြင့် လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။
- Calcium ကြွယ်၀စွာပါရှိတဲ့ ရွှေဖရုံသီးကို မုန်လာဥဝါ၊ ပန်းဂေါ်ဖီစိမ်းတို့နဲ့ဖျော်ရည်ပြုလုပ်ပြီး သောက်ပေးပါက အရိုးသန်မာစေနိုင်ပါတယ်။
- ရွှေဖရုံသီးမှာမြင့်မားစွာပါရှိတဲ့ Phytosterols ဟာကို လက်စထရောနေရာမှာ အစားထိုး၀င်ရောက်နိုင်ပြီး ကျန်းမာရေးကောင်းမွန်စေနိုင်ပါတယ်။
- စားသောက်နေတဲ့ အစားအစာတွေထဲမှာ tryptophan မပါ၀င်ခြင်းဟာစိတ်ဓာတ်ကျခြင်းကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းပါပဲ။ ရွှေဖရုံသီးမှာ လူ့ခန္ဓာကိုယ်ကမထုတ်လုပ်နိုင်တဲ့ L-tryptophan ၊ amino acid တွေကြွယ်၀စွာပါရှိတာကြောင့် စိတ်ကိုနိုးကြားတက်ကြွစေနိုင်ပါတယ်။
- ဖရုံသီးမှာအမျှင်ဓာတ်မြင့်မားစွာပါရှိတာကြောင့် အစာခြေဖျက်ရာမှာအထောက်အကူ ဖြစ်စေပြီး ၀မ်းချုပ်ခြင်းမှလည်း ကင်းေ၀းစေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကိုလည်း လျော့နည်းစေပြီး၊ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
- ရွှေဖရုံသီးဖျော်ရည်ဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အညစ်အကြေးတွေနဲ့ အဆိပ် အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။
- ရွှေဖရုံသီးမှာအမြင်အာရုံအတွက် အကောင်းဆုံးအဟာရဓာတ်တွေဖြစ်တဲ့ Beta-carotene Lutein နဲ့ zeaxanthin တို့ပါ၀င်တာကြောင့် မျက်စိဆုံချက်မညီခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းမှာကာကွယ်ပေးနိုင်ပါတယ်။
- ရွှေဖရုံသီးကိုစားသုံးခြင်းဖြင့် ရောဂါတွေကိုတိုက်ခိုက်ချေဖျက်ပေးတဲ့ သွေးဖြူဥဆဲလ်တွေ ကိုများစွာထုတ်လုပ်ပေးနိုင်တာကြောင့် ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေနိုင်ပါတယ်။
- ဖရုံစေ့ကို 5 ဂရမ် (သို့) 10 ဂရမ်လောက် နေ့စဉ်စားသုံးပေးပါက ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။
- တရုတ်ရိုးရာတိုင်းရင်းဆေးနည်းအရဖရုံစေ့ကိုအမှုန်ပြုလုပ်ကာဖျော်သောက်ခြင်းဖြင့် ကပ်ပါးကောင် (သို့) တုတ်ပြားကောင်တို့ အန္တရာယ်မှ ကင်းေ၀းစေနိုင်တယ်လို့ သိရှိရပါတယ်။
- အစာအိမ်အူလမ်းကြောင်းမှာအနာဖြစ်နေပါက ရွှေဖရုံသီးကို ဖျော်ရည်ပြုလုပ်ကာ သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
- ဖရုံစေ့မှာဆီးကျိတ်ကင်ဆာကိုကာကွယ်ပေးနိုင်တဲ့ Zinc နဲ့ Carotenoids တို့မြင့်မားစွာပါရှိပါတယ်။ ဖိုဟော်မုန်း (Testosterone Hormone) ကိုလည်းလှုံ့ဆော်ပေးနိုင်ပါတယ်။
- ရွှေဖရုံသီးမှာ Vitamin A,C,E နဲ့ Zinc ဓာတ်ပါရှိတာကြောင့် အသားအရေကိုလှပစေပါတယ်။
CMS (www.drmyanmar.com)