/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရှားစောင်းလက်ပတ်ဂျယ်လ်ကို-ဘယ်လိုသုံးမလဲ

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဘယ်လိုသုံးမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။ အစိုထိန်းခရင်မ် သို့မဟုတ် မျက်နှာပေါင်းတင်ဆေးအဖြစ် သုံးနိုင်ပါတယ်။ အဆီတစ်မျိုးမျိုးနဲ့ ရောစပ်ပြီး လိမ်းလိုက်ရုံပါပဲ။
၂။ အောက်ခံမိတ်ကပ် 2 ဆ၊ ဂျယ်လ် 1 စ ရောစပ်ပြီး အောက်ခံမိတ်ကပ်အဖြစ် သုံးနိုင်ပါတယ်။
၃။ အမျိုးသားတွေမှာ မုတ်ဆိတ်ရိတ်ပြီးနောက် အစိုဓာတ် ပြန်ရရှိစေဖို့ လိမ်းပေးနိုင်ပါတယ်။
၄။ ဆံပင်ပုံသွင်း လွယ်ပြီး စေးကပ်ခြင်း မရှိတဲ့အတွက် ဆံပင်လိမ်းဆေးအနေနဲ့ လိမ်းပေးနိုင်ပါတယ်။
၅။ ဖောင်းနေတဲ့မျက်လုံးကို သက်သာစေပါတယ်။ ဂွမ်းစပေါ်မှာ ဂျယ်လ်သုတ်ပြီး မျက်လုံးပေါ် အုပ်ထားပေးနိုင်ပါတယ်။
၆။ လက်သည်းပေါ်မှာ လိမ်းပေးခြင်းဖြင့် လက်သည်းကို ကျန်းမာစေနိုင်ပါတယ်။
၇။ တစ်ကိုယ်လုံးကို သုတ်လိမ်းပေးခြင်းက နူးညံ့စိုပြေတဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။
၈။ မျက်နှာပေါင်းတင်ကပ်ခွာအဖြစ် 15 မိနစ်ခန့် ကပ်ထားပေးခြင်းဖြင့် နေလောင်ခြင်းများကို သက်သာစေနိုင်ပါတယ်။

www.drmyanmar.com