/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်ထိပ်ကအရေပြားတွေ-ဘာကြောင့်ကွာကွာနေရတာလဲ

လက်ထိပ်ကအရေပြားတွေ ဘာကြောင့်ကွာကွာနေရတာလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လက်​ထိပ်​ဖျား​တွေဟာ အ​ရေပြား ကွာတတ်၊အက်​တတ်​​ပြီး ဒီလို ကွာကွာ​နေတာဟာ စိတ်​ညစ်​စရာ​ကောင်းလှပါတယ်​။ လက်​ဖဝါး၊ ​ခြေဖဝါးနဲ့ နှုတ်​ခမ်​း​တွေဟာ အ​ရေပြားအကွာများတတ်​တဲ့ ​နေရာ​တွေပဲ ဖြစ်​ပါတယ်​။

          အ​ရေပြားလန်​တာ၊ကွာတာဟာ မစိုးရိမ်​ရတတ်​​ပေမယ်​့ တစ်​ခါတစ်​ရံ ​ရောဂါကြီးကြီးမားမား တစ်​ခုခုနဲ့ ဆက်​သွယ်​​နေတတ်​တဲ့အတွက်​ ​ရောဂါအ​ဖြေထုတ်​နိုင်​ဖို့ အ​ရေးကြီးပါတယ်​။

          တစ်​ခါတစ်​ရံ အ​ရေပြားကွာတာအပြင်​ အ​ရေပြားမှာ အနီကွက်​ထတာ၊ ယားယံတာ၊ ​ခြောက်​​သွေ့တာ​တွေနဲ့ တွဲပြီးဖြစ်​​လေ့ရှိပါတယ်​။

လက်​ဖျားက အ​ရေပြားကွာရတဲ့ အ​ကြောင်​းအရင်​းများ

 

   လက်​အ​ရေပြားကွာတာဟာ ခန္ဓာကိုယ်​ ပြင်​ပအ​ကြောငး်​အရာ တစ်​ခုခု​ကြောင်​့ ဖြစ်​နိုင်​သလို ကိုယ်​တွင်​း​ရောဂါတစ်​ခုခု​ကြောင်​့ ဖြစ်​နိုင်​ပါတယ်​။

 

ပင်​ပအ​ကြောင်းအရာများ

 

  ပြင်​ပအ​ကြောင်​းအရာဆိုရာမှာ ရာသီဥတု အ​ပြောင်​းအလဲ​ကြောင်​့လညး်​ပါသလို က​လေးသူငယ်​​တွေမှာ လက်​စုပ်​တတ်​တဲ့ အကျင်​့​တွေ​ကြောင်​့လည်​း ပါပါတယ်​။

 

၁။ မကြာခဏ လက်​​ဆေးတတ်​ခြင်​း

    အသား​ခြောက်​ခြင်​းဟာ အ​ရေပြား အက်​ကွဲကာ ကွာ​စေတတ်​ပါတယ်​။ လက်​ကို ဆပ်​ပြာနဲ့ တစ်​ချိန်​လုံး ​ဆေး​နေခြငး်​က လက်​​ခြောက်​​သွေ့ခြင်​းကို ဖြစ်​​စေနိုင်​ပါတယ်​။

    ဒီလို လက်​ခဏခဏ​ဆေးခြင်​းကို ​ရှောင်​ကြဉ်​ပြီး လိုအပ်​ချိန်​မှသာ ​ဆေး​ကြောသင်​့ပါတယ်​။ လက်​​ဆေးပြီးချိန်​မှာလည်​း အစိုဓာတ်​ဖြည်​့ ခရင်​မ်​ တစ်​မျိုးမျိုးလိမ်​း​ပေးသင်​့ပြီး တစ်​ရှုးစက္ကူ အကြမ်​း​တွေနဲ့ လက်​သုတ်​ခြင်​းကို ​ရှောင်​ကြဉ်​သင်​့ပါတယ်​။

 

၂။ ရာသီဥတု

     ​ခြောက်​​သွေ့တဲ့ ရာသီဥတုဟာ အသား​အ​ရေ ​ခြောက်​ကပ်​​စေပြီး အ​ရေပြားကွာ​စေနိုင်​ပါတယ်​။ ​ခြောက်​​သွေ့​အေးမြတဲ့ ​ဆောင်​းဥတုမှာ အဖြစ်​များပြီး ​အေးခဲတဲ့အချိန်​ အပြင်​သွားတဲ့အခါ လက်​အိတ်​မစွပ်​တတ်​သူ​တွေမှာ ဖြစ်​​လေ့ရှိ​ပါတယ်​။

 

၃။ ​နေ​လောင်​ခြင်​း

    ​နေ​ပူခံခြင်​းဖြင်​့ UV rays လို့​ခေါ်တဲ့ ခရမ်​းလွန်​ရောင်​ခြည်​​တွေ​ကြောင်​့ အ​ရေပြားကို ထိခိုက်​​စေနိုင််​ပါတယ်​။ အ​ရေပြားမကွာခင်​မှာ နီရဲပြီး နာလာတတ်​ပါတယ်​။

   ဒီလို ​နေ​လောင်​​နေသူဟာ ​နေရိပ်​ထဲမှာသာ ​နေသင်​့ပြးီ လျား​စောင်​းလက်​ပတ်​လိုမျိုး အစိုဓာတ်​ထိန်​း​ပေးတဲ့ လိုးရှင်​းတစ်​မျိုးမျိုးကို လိမ်​း​ပေးသင်​့ပါတယ်​။​

၄။ လက်​စုပ်​တတ်​ခြင်​း

    က​လေး​တွေဟာ လက်​စုပ်​တတ်​တဲ့ အကျင်​့ရှိတတ်​တာ​ကြောင်​့ ကြာလာတဲ့အခါ လက်​ထိပ်​​တွေ နာလာပြီး အ​ရေခွံ​တွေ ကွာလာတတ်​ပါတယ်​။ က​လေးအများစုမှာ ကြီးလာတာနဲ့အမျှ ဒီအကျင်​့ဆိုးဟာ ​ပျောက်​သွားတတ်​တယ်​ဆို​ပေမယ်​့ လူကြီးများက ​သေချာ ​စောင်​ကြည်​့ အား​ပေး​ပေးဖို့ လိုအပ်​ပါတယ်​။

    က​လေး​တွေမှာ လက်​စုပ်​တတ်​သလိုပဲ လူကြီးအချို့ဟာလည်​း စိတ်​လှုပ်​ရှားလာတဲ့ အချိန်​မျိုးမှာ လက်​ထိပ်​ကိုက်​တတ်​တဲ့ အကျင်​့မျိုးရှိတတ်​ပြီး ဒါဟာ လက်​ထိပ်​ကွာတတ်​တဲ့ အ​ကြောငး်​ရင်​း ဖြစ်​နိုင်​ပါတယ်​။

 

၅။ ဓာတု​ဗေဒပစ္စည်​းများ

     ဆပ်​ပြာ​တွေ၊ ပန်​းကန်​​ဆေးရည်​​တွေနဲ့ ဆပ်​ပြာမှုန်​့​တွေမှာ အ​ရေပြားကို ​ခြောက်​​သွေ့​စေနိုင်​တဲ့ ဓာတုပစ္စည်​း​တွေ ပါတတ်​ကြပါတယ်​။

    ဒါ​ကြောင်​့ အမြဲတ​စေ ဒီလိုဆပ်​ပြာ​တွေကို ကိုင်​တွယ်​​နေရသူ​တွေမှာ လက်​အိတ်​နဲ့ ကိုင်​တွယ်​တာမျိုး လက်​ကို​သေချာ​ဆေးပြီး အစိုဓာတ်​ထိန်​းလိုးရှင်​း ပုံမှန်​လိမ်​း​ပေးတာမျိုး လုပ်​သင်​့ပါတယ်​။

 

ကိုယ်​တွင်​း​ရောဂါများ

 

     ​ရောဂါတစ်​ခုခု​ကြောင်​့လည်​း လက်​ထိပ်​​တွေကွာနိုင်​ အက်​နိုင်​ပါတယ်​။

 

၆။ နှင်​းခူ

      လက်​မှာဖြစ်​တဲ့ နှင်​းခူဟာ အဖြစ်​များပြီး မျိုးရိုးဗီဇအရ​သော်​လည်​း​ကောင်​း၊ မတည်​့တဲ့ပစ္စည်​းတစ်​ခုခုကို ကိုင်​တွယ်​ထိ​တွေ့မိလို့​သော်​လည်​း​ကောင်​း ဖြစ်​​လေ့ရှိပါတယ်​။

 

၇။ လက်​အ​ရေပြားလန်​ခြင်​း

      လက်​အ​ရေပြားလန်​ခြင်းဟာ ​နွေရာသီမှာ အဖြစ်​များပြီး လူငယ်​​တွေမှာ အ​တွေ့များတဲ့ ​ရောဂါတစ်​မျိုးပဲ ဖြစ်​ပါတယ်​။

    လက်​ထိပ်​က​လေး​တွေမှာ ​လေအ​ရေကြည်​ဖု​လေ​း​တွေ ထလာပြီး​ပေါက်​ထွက်​သွားတတ်​ပါတယ်​။ ဒီလို ​ပေါက်​ထွက်​သွားတဲ့ ​နေရာမှာ နီရဲ ​ခြောက်​​သွေ့လာပြီး အက်​လာတတ်​ပါတယ်​။ ယာယံခြင်​း​တော့ မရှိတတ်​ပါဘူး။

 

၈။ ကြွပ်​​ပွေး

      ကြွပ်​​ပွေး​ဆိုတာဟာ အ​ရေပြားမှာ နီရဲပြီး​ရောင်​​နေတဲ့ အကွက်​​တွေ​ပေါ်လာတာပဲ ဖြစ်​ပါတယ်​။ တံ​တောင်​ဆစ်​၊ ဒူးဆစ်​၊ ဦး​ရေပြားနဲ့ ခန္ဓာကိုယ်​​အောက်​ပိုင်​း​တွေမှာ အဖြစ်​များပြီး အခြား​နေရာတစ်​ကိုယ်​လုံးမှာလည်​း ဖြစ်​​လေ့ရှိပါတယ်​။

 

၉။ အ​ရေပြားဓာတ်​မတည်​့ခြင်​း

     ကိုယ်​နဲ့ ဓာတ်​မတည်​့တဲ့ အရာတစ်​ခုခုကို ကိုင်​မိထိမိတဲ့အခါ ဖြစ်​တတ်​ပါတယ်​။ ဥပမာ နစ်​ကယ်​လ်​ဓာတ်​နဲ့ မတည်​့သူတစ်​ဦးက နစ်​ကယ်​လ်​ကို ထိမိတိုင်​းမှာ အ​ရေပြား​တွေ အက်​ကွဲပြီး ကွာကျတတ်​ပါတယ်​။

    ဒါ့အပြင်​ အဆိပ်​ရှိ နွယ်​ပင်​၊ အုတ်​ပင်​​တွေနဲ့ ထိ​တွေ့မိရင်​လည်​း ဖြစ်​တတ်​ပါ​သေးတယ်​။

 

၁၀။ ကာဝါစကီလို့​ခေါ်တဲ့ ​သွေး​ကြော​ရောဂါ

       ဒီ​ရောဂါဟာ ရှားပါးပြီး အသက်​၅နှစ်​​အောက်​ က​လေး​တွေမှာ အဖြစ်​များပါတယ်​။ ၅ရက်​ထက်​ကြာအောင်​ အဖျားကြီးခြင်​းဟာ အဓိကကျတဲ့ ​ရောဂါလက္ခဏာတစ်​ခုပဲ ဖြစ်​ပါတယ်​။ လက်​ထိပ်​​တွေ ​အရေပြားကွာပြီးလည်​း လာတတ်​ပါ​သေးတယ်​။

 

ဆရာဝန်​ကို ဘယ်​အချိန်​မှာ ပြသင်​့သလဲ?

 

          လက်​ထိပ်​အ​ရေပြားကွာခြင်​းဟာ စိုးရိမ်​စရာမရှိတတ်​ပါဘူး။ အိမ်​မှာပဲ အလွယ်​တကူ အစိုထိန်​းအဆီတစ်မျိုးမျိုးလိမ်​း​ပေးနိုင်​ပြီး မတည်​့တဲ့အရာ​တွေကို ​ရှောင်​ကျဉ်​သင်​့ပါတယ်​။ ဒါ​ပေမယ်​့ တစ်​ချို့မှာ ​ရောဂါတစ်​စုံတစ်​ရာရှိ​နေတတ်​တ့ဲအတွက်​ ဆရာဝန်​နဲ့ ​တွေ့ဆုံ​ဆေးကုသမှု ခံယူသင်​့ပါတယ်​။

          ​အောက်​ပါလက္ခဏာ​တွေ​တွေ့​နေရပါက ဆရာဝန်​နဲ့ ပြသသင့်ပါတယ်​။

  • ပိုးဝင်​တဲ့လက္ခဏာများ ရှိ​နေခြင်​း
  • အ​ရေပြားကွာ​နေတာ ၂ပတ်​ထက်​​ ​ကျော်​​နေခြင်​း
  • အိမ်​မှာ ကုသ​နေရင်​း မသက်​သာခြင်း
  • ကြာလာတာနဲ့အမျှ ပိုဆိုးလာခြင်​း

  တစ်​ချို့လူ​တွေမှာ ဓာတ်​မတည်​့တာမျိုးရှိ​နေလျက်​နဲ့ မသိတာမျိုးဖြစ်​တတ်​ပါတယ်​။ ဆရာဝန်​ထံ ပြသပြီး အ​ရေပြားကို စစ်​​ဆေးစမ်​းသပ်​ကြည်​့မှသာ ​တွေ့နိုင်​ပါတယ်​။

 

www.drmyanmar.com