လက်ဖက်စိမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ
လက်ဖက််စိမ်းဟာ သဘာဝအရွက်တွေကနေ ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။
လက်ဖက််စိမ်းဟာ အစာချေစနစ်၊ နှလုံးနဲ့ စိတ်ကျန်းမာရေးအပြင် ကိုယ်ခန္ဓာ အပူအအေးကိုလည်း ထိန်းညှိကောင်းမွန်စေနိုင်ပါတယ်။
လတ်တလော လေ့လာမှုတွေအရ လက်ဖက်စိမ်းဟာ ကိုယ်အလေးချိန် ကျစေတာကစလို့ အသည်း၊ ဆီးချိုနဲ့ အယ်လ်ဇိုင်းမားရောဂါတွေအထိပါ အထူးကောင်းမွန်စေနိုင်တာကို တွေ့ရပါတယ်။
1. ကင်ဆာရောဂါ ကာကွယ်ခြင်း
လက်ဖက််စိမ်းဟာ အောက်ပါကင်ဆာရောဂါများကို ကာကွယ်နိုင်ကြောင်း တွေ့ရပါတယ်။
• ရင်သားကင်ဆာ
• ဆီးအိမ်ကင်ဆာ
• သားဥအိမ်ကင်ဆာ
• အူမကြီးကင်ဆာ
• အစာပြွန်ကင်ဆာ
• အဆုတ်ကင်ဆာ
• ဆီးကိျတ်ကင်ဆာ
• အရေပြားကင်ဆာ
• အစာအိမ်ကင်ဆာ
2. နှလုံးရောဂါကို သက်သာစေခြင်း
နှလုံးရောဂါကြောင့် သေဆုံးနှုန်းကို ကျဆင်းစေနိင်ပါတယ်။
3. ကိုလက်စထရော သွေးတွင်းအဆီကျစေခြင်း
လက်ဖက်စိမ်းကို အရည်ပုံစံဖြစ်စေ၊ ဆေးတောင့်ပုံစံဖြစ်စေ သောက်သုံးပေးပါက ခန္ဓာကိုယ်အတွက် မကောင်းတဲ့အဆီဓာတ်တွေကို ကျဆင်းစေနိုင်ပါတယ်။
4. လေဖြတ်နှုန်းကို ကျစေခြင်း
လက်ဖက်စိမ်းနဲ့ ကော်ဖီ သောက်သုံးခြင်းက လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
5. ဆီးချိုရောဂါ
တချို့လေလာ့မှုတွေမှာ လက်ဖက်စိမ်း သောက်သုံးသူတွေမှာ ဆီးချိုဖြစ်နှုန်း နည်းတာကို တွေ့ရပေမယ့် အတိအကျတော့ မသိရသေးပါဘူး။
6. ကိုယ်အလေးချိန် ကျစေခြင်း
လက်ဖက်စိမ်းက အဝလွန်နေသူတွေမှာ ကိုယ်အလေးချိန်ကို မပြောပလောက်အောင်သာ ကျစေတဲ့အတွက် ကိုယ်အလေးချိန် လျှော့ချရာမှာ သိပ်တော့ အသုံးမဝင်လှပါဘူး။
7. အရေပြားရောဂါများ
လက်ဖက်စိမ်းဟာ ကြွပ်ပွေးနဲ့ ဘောက်တွေကို ပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။
8. မှတ်ဉာဏ်ကောင်းစေခြင်း
လက်ဖက်စိမ်းဟာ ဦးနှောက်အသိဉာဏ်ကို အားကောင်းစေပြီး အလုပ်မှတ်ဉာဏ်ကို တိုးစေပါတယ်။
9. အယ်လ်ဇိုင်းမားရောဂါ
တချို့လေ့လာမှုတွေမှာ လက်ဖက်စိမ်းဟာ သွားပိုးပေါက်တွေ၊ စိတ်ဖိစီးမှုတွေ၊ နာတာရှည် ပင်ပန်းနွမ်းနယ်နေမှုတွေနဲ့ အရေပြားရောဂါ၊ အဆစ်အမြစ်ရောဂါတွေမှာ အရောင်ကျစေပြီး သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























