/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်​သည်​း၊-​ခြေသည်​းမှိုပိုးဝင်ခြင်း

လက်​သည်​း၊ ​ခြေသည်​းမှိုပိုးဝင်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         လက်​သည်​း၊ ​ခြေသည်​းမှိုပိုးဝင်​တဲ့အခါ လက်​သည်​း၊ ​ခြေသည်​းခွံ အဝါရင်​့​ရောင်​အ​ဖြစ်​​ပြောင်​းလာတတ်​ပြီး ထူထူကြွပ်​ဆတ်​ဆတ်​ဖြစ်​လာပါတယ်​။ ဒါ့အပြင်​ လက်​သည်​း၊ ​ခြေသည်​းခွံဟာ လက်​သည်​း၊ ​ခြေသည်​း ​အောက်​​ခြေက​နေလည်​း ကွာလာပါတယ်​။ တစ်​ခါတစ်​​လေ ​ကြွေ​တောင်​​ေ့ကြွကျနိုင်​ပါ​သေးတယ်​။

          ရှူးဖိနပ်​အပိတ်​​တွေ စီးတဲ့အခါ ​ခြေ​ထောက်​စိုစွတ်​ပူ​နွေးလာတဲ့အတွက်​ မှိုပိုးပိုဝင်​နိုင်​ပါတယ်​။ ​လက်​သည်​း၊ ခြေသည်​းကို ထိခိုက်​မိတဲ့အခါမှာလည်​း မှိုပိုးဝင်​နိုင်​ပါ​သေးတယ်​။

         ဒီလို​လက်​သည်​း​ခြေသည်​းမှိုပိုးဝင်​ခြင်​းဟာ ကုသရခက်​ပါတယ်​။ လိမ်​း​ဆေး​တွေရှိ​ပေမယ်​့လည်​း လက်​သည်​း၊ ​ခြေသည်​းကို​ဆေးလိမ်​းကုသတာဟာ တစ်​ချို့တစ်​​လေကိုသာ ​ပျောက်​ကင်​း​စေနိုင်​ပါတယ်​။ ဆရာဝန်​နဲ့ ပြသပြီး ​ဆေး​သောက်​ဖု့ိ လိုအပ်​ပါတယ်​။ ဒါ့အပြင်​ ပျက်​စီး​နေတဲ့ လက်​သည်​း၊ ​ခြေသည်​းကို ဖယ်​ရှားပစ်​ဖို့လည်​း လိုအပ်​ပါ​သေးတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)