/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ချောင်းထဲမှာ-ဇွန်းတစ်ချောင်း-ရှိနေသည်

လည်ချောင်းထဲမှာ ဇွန်းတစ်ချောင်း ရှိနေသည်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လည်ချောင်းထဲကို ဇွန်းဝင်သွားတဲ့ကိစ္စကတော့ တော်တော်ကို အာရုံနောက် အလုပ်ရှုပ်စရာပါပဲ။ တရုတ်ပြည်က လူတစ်ယောက်ဟာ ဇွန်းတစ်ချောင်းကို မတော်တဆမျိုချပြီး တစ်နှစ်လောက် ဘာမှမဖြစ်ဘဲ အေးဆေးပါပဲတဲ့။ ဇွန်းဟာ လည်ချောင်းထဲမှာ တိတ်တိတ်လေးငြိမ်နေပြီး အစာစားတဲ့အခါလည်း ဘာပြသနာမှမတက်ဘဲ အာရုံများစရာ သိပ်မကြုံခဲ့ရဘူးဆိုပဲ။

          ပြီးခဲ့တဲ့အပတ်ကတော့ သူ့ရင်ဘတ်ကို လက်သီးနဲ့ တစ်စုံတစ်ယောက်က ထိုးလိုက်တဲ့အခါကျမှ  သူဟာ ချက်ချင်း အသက်ရှူတွေ ကြပ်လာ၊ မောလာ၊ ပြာလာပြီး ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။

          ရင်ဘတ်ကို ဖိကိုင်ရင်း အလွန်နာကျင်နေတဲ့ပုံနဲ့ တရုတ်အမျိုးသား ဆေးရုံရောက်လာချိန်မှာ နား၊ နှာချောင်း၊ လည်ချောင်း အထူးကုဆရာဝန်ဟာ သူ့ရဲ့လည်ချောင်းကို စစ်ဆေးရင်း ဇွန်းသဏ္ဌာန်သတ္တုကို တွေ့ရှိသွားခဲ့တာ ဖြစ်ပါတယ်။

          အဲဒီဇွန်းဟာ တစ်နှစ်ကျော် ကြာနေခဲ့ပါပြီ။ အကျိတွေဖုံး၊ ချွဲတွေနဲ့ ပိတ်ကာလို့ အေးအေးဆေးဆေး တည်နေပါသတဲ့။

          ကျွမ်းကျင်ပိုင်နိုင်လှတဲ့ ဆရာဝန်တွေဟာ သူ့ရဲ့လည်ချောင်းထဲက ဇွန်းကို ခွဲခန်းသုံး ညှပ်လေးနဲ့ ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရပါတယ်။ နှစ်နာရီကျော်ကြာအောင် ထုတ်ယူခဲ့ရတာပါ။

          လူတွေက ထူးတော့ ထူးဆန်းပါတယ်။ ဓားတွေကစလို့ ဓာတ်မီး၊ သွားတု အရုပ်လေးတွေကအစ အကုန်မျိုချကြပါသတဲ့။ ဓားတွေကို ကွေးပြီး မျိုချတဲ့သူက ရှိသေးတယ်။ သူ့အပြောကတော့ အရသာ ကြိုက်လို့ပါတဲ့။

          နောက်နှစ်ရက်အကြာ ဆေးရုံကတော့ ဆင်းရတော့မယ့်  တရုတ်အမျိုးသားဟာ နောက်တစ်ခါတော့ ဇွန်းတွေ ဘာတွေ ထပ်မမျိုလောက်တော့ဖို့ မျှော်လင့်ရတာပါပဲ။ အဲလောက် သတိမမူမိတာတော့ မဖြစ်သင့်ဘူး မဟုတ်ပါလား။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)