လည်ပင်းကြီးတဲ့အခါ စဉ်းစားနိုင်ဖို့
လည်ပင်းကြီးရောဂါက နာကျင်မှုမရှိပေမယ့် အသက်ရှူရခက်တာတွေ အစာမျိုရခက်တာတွေရှိတတ်ပါတယ်။ လည်ပင်းဂလင်းတွေကထွက်တဲ့ သိုင်းရွိုက်ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ ဖြစ်စဉ်အတော်များများမှာ ပါဝင်နေတတ်ပါတယ်။
>> လည်ပင်းကြီးရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့ -
● လည်ပင်းအစ်သလို ခံစားရခြင်း
● အသံပျက်ခြင်း
● အသံသြခြင်း
● ချောင်းဆိုး မပျောက်ခြင်း
● အသက်ရှူရ ခက်ခဲခြင်း
● အစာမျိုရ ခက်ခဲခြင်း
● လက်မြှောက်လိုက်တဲ့အခါ မူးဝေခြင်း
● လည်ပင်းကြောတွေ ထောင်နေခြင်း
>> လည်ပင်းကြီးရောဂါ ဖြစ်တတ်တဲ့လူတွေက -
● အမျိုးသမီးတွေ
● ကိုယ်ခံအားလွန်ရောဂါ ခံစားနေရသူတွေ
● အသက် ၄၀ အထက်တွေ
● လည်ပင်းနဲ့ရင်ဘတ်မှာ ဓာတ်ရောက်ခြည်ကုသမှု ခံယူဖူးသူတွေ
● ကိုယ်ဝန်ဆောင်လေးတွေနဲ့ သွေးဆုံးခါနီး အမျိုးသမီးတွေ
● ဆေးဝါးတချို့ သောက်သုံးနေရသူတွေ (Amniodarone, Lithium, antiretrovirals)
>> လည်ပင်းကြီးရောဂါရဲ့ အကြောင်းရင်းတွေကတော့ -
● အိုင်အိုဒင်းဓာတ် နည်းပါးခြင်း
● ကိုယ်ခံအားလွန် Grave ရောဂါ
● ကိုယ်ခံအားလွန် သိုင်းရွိုက်ရောင်ရောဂါ
● ကင်ဆာ
● ကိုယ်ဝန်ဆောင်ချိန်
● ရိုးရိုးသိုင်းရွိုက်အကျိတ်ရောင်ခြင်းတို့ ဖြစ်ပါတယ်။
သိုင်းရွိုက်ရောဂါလို့ခေါ်တဲ့ လည်ပင်ကြီးရောဂါလို့ ထင်တဲ့အခါ အောက်ပါအတိုင်း ရောဂါရှာဖွေရပါတယ်။
● သွေးတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏ စစ်ဆေးခြင်း
● ခုခံအားပစ္စည်း စစ်ဆေးခြင်း
● အာထရာဆောင်း ရိုက်ကူးခြင်း
● စကင်ဓာတ်မှန် ရိုက်ခြင်း
● အသားစယူ စစ်ဆေးတာတွေ လုပ်လို့ရပါတယ်။
မိမိလည်ပင်းအကျိတ်ရဲ့ပမာဏ ကြီးထွားမှု ခံစားရတဲ့လက္ခဏာတွေအပေါ် မူတည်ပြီး အောက်ပါအတိုင်း ကုသရပါတယ်။
● ဟော်မုန်းများနေရင် နည်းစေတဲ့ဆေး
● ဟော်မုန်းနည်းနေရင် ဖြည့်သွင်းတဲ့ အစားထိုးဆေးဝါး
● အရောင်ကျဆေးနဲ့ စတီးရွိုက်တွေ လိုအပ်သလို ပေးကုသပါတယ်။
တချို့တွေမှာတော့ ရေဒီယိုအိုင်အိုဒင်းနဲ့ ခွဲစိတ်ကုသမှုတွေနဲ့ ကုသတာကလည်း ထိရောက်ကောင်းမွန်တဲ့ ကုသမှုတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























