/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လိင်ဆက်ဆံခြင်းရဲ့-ကျန်းမာရေး-ကောင်းကျိုးများ

လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လိင်ဆက်ဆံခြင်းဆိုတာ တကယ်ပဲ ကျန်းမာရေးကို ထူးခြားကောင်းမွန်စေပါသလား။ အိပ်ရာထဲက အချစ်မေတ္တာတွေရဲ့ နောက်ကွယ်မှာ အံ့ဖွယ်ကောင်းကျိုးတွေ ရှိနေပါတယ်။

●        ပုံမှန် လိင်ဆက်ဆံသူတွေ အဖျားအနာ ကင်းပါတယ်။  ကိုယ်ခံအားစနစ်ကို မြင့်တက်စေပြီး စိတ်ရောကိုယ်ပါ လန်းသွားတဲ့အတွက် အဖျားအနာ နည်းပါသတဲ့။

●        အိပ်ရာထဲမှာ အဖော်လေးနဲ့ ပွဲကြမ်းနေလိုက်မယ်ဆိုရင် တစ်မိနစ်လျှင် ၅ ကယ်လိုရီ ကျဆင်းပြီး မိနစ်သုံးဆယ် ချစ်ပွဲဝင်ခြင်းဖြင့် ၁၅၀ ကယ်လိုရီ ကျစေပါသတဲ့။

●        သွေးတိုး ကျစေသတဲ့။ နက်နက်နဲနဲ ချစ်ကြပြီဆိုတာနဲ့ သွေးကြောလေးတွေကို ကျယ်ပြန့်သွားစေပြီး သွေးတိုးကို ကျဆင်းစေပါသတဲ့။

●        ချစ်သူနဲ့မနေချင် အားကုန်နေသလို ခံစားနေရပါသလား။ အသက်ကြီးလာလို့ မိန်းမကိုယ် ခြောက်သွေ့နေတဲ့အတွက် စိတိမပါတော့ဘူးလား။ စိတ်ရှည်လက်ရှည်လေး နှူးနှပ်ပြီး ထွေးပွေ့ယုယကာ စိတ်ပါလာအောင် ကြိုးစားကြည့်လိုက်ပါ။ အစပဲ ခက်ပေမယ့် ပုံမှန်လေး ကြိုးစားကြည့်ခြင်းဖြင့် သာယာလှပတဲ့ လိင်မှုဘဝကို ထိန်းထားနိုင်မှာပါ။ အသက်ကြီးတောင် မပျက်စီးဘူးပေါ့။

●        လိင်ဆက်ဆံခြင်းဖြင့် ဝက်ခြံထွက်တာ အနည်းနဲ့အများဆိုသလို လျော့နည်းစေပါသတဲ့။  အရေပြားကို သွေးစီးဆင်းမှု တိုးတက်ကောင်းမွန်လာပြီး အဆိပ်တွေ ကင်းစင်သွားကာ အရေပြားကို စင်ကြယ်သွားစေပါတယ်။

●        ရာသီလာစဉ် အမြဲကိုက်ခဲတတ်တဲ့ အမျိုးသမီးတွေဟာ မိမိကိုယ်မိမိ စိတ်ဖြေတာမျိုး လုပ်ကြည့်ခြင်းဖြင့် နာကျင်မှုတွေကို အများကြီး သက်သာလျော့ပါးစေပါတယ်။

●        ကောင်းကောင်း အိပ်စေပါတယ်။ မိန်းမအစေ့၊ ယောကျာ်းအဂါၤဟာ အော်ဂဆင်အနေနဲ့ တောင့်တင်းလာပြီးတဲ့အခါ ပရိုလက်တင်ဟော်မုန်း ထွက်လာတဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စေပါတယ်။

●        လိင်ဆက်ဆံနေစဉ်မှာ တစ်ယောက်နဲ့တစ်ယောက် ထွေးပွေ့ယုယတာ ဖက်ရမ်းနမ်းရှုံတာတွေကြောင့် စိတ်ဖိစီးမှုတွေကနေ သက်သာမှုရစေပါတယ်။

●        ဦးနှောက်အာရုံကြောစွမ်းအား တိုးတက်လာပါတယ်။  ဦးနှောက်ထဲက နူရုန်းဆဲလ်တွေကို တိုးပွားစေတဲ့အတွက် အတွေးအခေါ်တွေ ရှင်းလင်းထက်မြက်လာကြပါတယ်။

●        နုပျိုတဲ့အသွင် ရရှိစေပါသတဲ့။ လိင်ဆက်ဆံပြီး ၄၈ နာရီအတွင်းမှာ အသားအရေနဲ့ မျက်နှာဟာ သိသိသာသာ ကြည်လင်တောက်ပလာပြီး နုပျိုလန်းဆန်းတဲ့အသွင်ကို ထိန်းထားနိုင်ပါတယ်။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)