လိပ်ခေါင်းနဲ့ အိမ်တွင်းကုထုံးများ
လိပ်ခေါင်းဆိုတာ လူတိုင်းဖြစ်နေကြတဲ့ ရောဂါတစ်ခုပါ။ လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ပူစပ်ပူလောင်ဖြစ်မှုတွေက နေ့စဉ်ဘဝမှာ ဒုက္ခပေးတတ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီပြဿနာတွေကနေ ကယ်တင်ပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းလေးတွေ ရှိနေပါတယ်။
၁။ ဆားရည်ထိုင်ခြင်း
ဆားရည်ထိုင်ခြင်းကို ၁၂ ရာစုနှစ်မှာ ဂျူးဆရာဝန် Moses Maimonides က စတင်အသုံးပြုခဲ့တာ ယနေ့ခေတ်တိုင်အောင်ပဲ ဖြစ်ပါတယ်။ အလွန်ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးပါ။
● ဆားရည်ထိုင်ဇလုံ၊ ရိုးရိုးဇလုံတစ်ခု၊ ရေပုံးဇောက်တိမ်တိမ်တစ်ခုမှာ ရေနွေးအပြည့် ဖြည့်လိုက်ပါ။
● ရောင်ရမ်းခြင်းကို သက်သာစေဖို့ ဆားခတ်ပေးလို့လည်း ရပါတယ်။
● ဝမ်းသွားပြီးချိန်မှာ မိနစ် ၂၀ ခန့် ထိုင်ပေးပါ။ ဒါ့အပြင် တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ်ခန့်ထိလည်း ထိုင်ပေးနိုင်ပါတယ်။
● ဘိုထိုင်အိမ်သာမှာ တစ်ခါတည်းတပ်ပြီး ထိုင်လို့ရတဲ့ ဆားရည်ထိုင်ဇလုံလေးတွေက ပိုအဆင်ပြေပါတယ်။
၂။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဟာလည်း အရောင်ကျစေပြီး လိပ်ခေါင်းကို သေးသွားစေနိုင်ပါတယ်။
● ဂွမ်းတစ်စပေါ်မှာ ရှားစောင်းလက်ပတ် တစ်စက်၊ နှစ်စက်လောက်တို့ပြီး လိပ်ခေါင်းပေါ် လိမ်းပေးပါ။
>> နောက်တစ်နည်း
● ရှားစောင်းလက်ပတ်အနှစ်ကို ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။
● လိပ်ခေါင်းပေါ်ကို အအေးခံထားတဲ့အနှစ်ကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် မကြာမကြာ တို့တို့ပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)





























