/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်းတစ်လုံးကောင်းမှ-ခေါင်းမခဲ

ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဝမ်​းသွားတဲ့အ​လေ့အထဟာ လူတစ်​​ယောက်​နဲ့ တစ်​​ယောက်​ ကွဲပြားခြားနားမှု ရှိကြပါတယ်​။ ဒီလို အ​ရေးကြီးတဲ့ ဝမ်​းအ​ကြောင်​းကို ​သေ​သေချာချာ ​ဆွေး​နွေး​ပြောဆိုကြတာမျိုး​တော့ ရှားပါးပါတယ်​။

 

၁။ တစ်​​နေ့ဘယ်​နှစ်​ကြိမ်​ ဝမ်​းသွားသင်​့သလဲ?

 

       လူတစ်​​ယောက်​နဲ့တစ်​​ယောက်​ ​ကွဲပြားမှုရှိတဲ့အတွက်​ တစ်​​နေ့ဘယ်​နှစ်​ကြိမ်​ဆိုပြီး သတ်​မှတ်​ထားတာမရှိပါဘူး။ တစ်​​နေ့ကို သုံး​ကြိမ်​က​နေ ၃ရက်​တစ်​ကြိမ်​​လောက်​ထိ ရှိနိုင်​ပါတယ်​။ ပျမ်​းမျှအားဖြင်​့ သာမန်​လူတစ်​​ယောက်​မှာ အနည်းဆုံး တစ်​​နေ့တစ်​ကြိမ်​သွားသင်​့ပြီး ကိုယ်​အ​လေးချိန်​ ၁၂​ပေါင်​အတွက်​ ဝမ်​းတစ်​​အောင်​စခန်​့ သွားသင့်ပါတယ်​။ ဥပမာဆိုရရင်​ ​ပေါင်​ ၁၆၀ရှိတဲ့ လူ​တစ်​​ယောက်​မှာ တစ်​​နေ့ကို ဝမ်​းတစ်​​ပေါင်​ခန်​့သွားသင်​့ပါတယ်​။

    တစ်​​နေ့ကို ​၄ကြိမ်​နဲ့အထက်​ ဝမ်​းသွားတာ၊ အရည်​ကြဲကြဲဝမ်​းသွားတာ မျိုးကို​တော့ ဝမ်​း​လျောတယ်​လို့ သတ်​မှတ်​နိုင်​ပါတယ်​။ ဝမ်​း​လျောတယ်​ဆိုတာဟာ အသက်​အရမ်​းကြီးသူ​တွေ၊ ဆိုးဆိုးရွားရွားဝမ်​းသွား​နေသူ​တွေ၊ အသက်​အရမ်​းငယ်​တဲ့ သူ​တွေနဲ့ ဖျားနာမကျန်​းမာသူ​တွေအတွက်​ကလွဲလို့ မဆိုးရွားပဲ ဖြစ်​ရိုးဖြစ်​စဉ်​ဖြစ်​တတ်​ပါတယ်​။ ဝမ်​း​လျောတာဟာ ပိုးတစ်​မျိုးမျိုးဝင်​လို့ ဖြစ်​နိုင်​ပြီး သူ့အလိုလိုပဲ ​ပျောက်​သွားတတ်​ပါတယ်​။ ၂ပတ်​ထက်​ပိုကြာ​နေရင်​​တော့ ရက်​ကြာရှည်​ဝမ်​းသွားတယ်​လို့ ​ခေါ်ပြီး တစ်​လထက်​ပိုကြာသူ​တွေမှာ​တော့ နာတာရှည်​ဝမ်​းသွားခြင်​းလို့ သတ်​မှတ်​ပါတယ်​။

Kremil-S 1

     ဝမ်​း​လျောတဲ့အခါ ​ရေဓာတ်​ခမ်​း​ခြောက်​ခြင်​းကို ကာကွယ်​နိုင်​ဖို့ ​ရေများများ​သောက်​သင်​့ပါတယ်​။ ဝမ်​းပို​လျော​စေနိုင်​တဲ့ အရက်​၊ ​ကော်​ဖီ၊ ပန်​းသီး​ဖျော်​ရည်​နဲ့ သစ်​​တောသီး​ဖျော်​ရည်​တို့ကို ​ရှောင်​ကြဉ်​သင်​့ပါတယ်​။ အခြားအစားအ​သောက်​​တွေဖြစ်​တဲ့ ကရက်​ကာ၊ ​ပေါင်​မုန်​့၊ ထမင်​း၊ ကြက်​ဥနဲ့ ကြက်​သား​စတာ​တွေ စား​ပေးနိုင်​ပါတယ်​။ ​ဆေးဆိုင်​မှာလည်​း ​ဆေးအလွယ်​တကူ ဝယ်​ယူနိုင်​ပါတယ်​။ အကယ်​၍ ဝမ်​းသွားတာ ၄၈နာရီ​ကျော်​လာပြီ ဒါမှမဟုတ်​ အဖျားဝင်​ပြီး ​ရေဓာတ်​ခမ်​း​ခြောက်​လာတယ်​ ဆိုရင်​​တော့ ဆရာဝန်​ထံပြသသင်​့ပါပြီ။

     ၃ရက်​တစ်​ကြိမ်​​တောင်​ မသွားရင်​​တော့ဝမ်​းချုပ်​​နေပြီလို့ ဆိုရမှာပါ။ ဘာမှ​တော့ မဖြစ်​​ပေမယ်​့ ၃ရက်​ထက်​ကြာလာတဲ့အခါ ဝမ်​းမာလာပြီး သွားရတာ အခက်​အခဲဖြစ်​​စေနိုင်​ပါတယ်​။ ဒီလို ဝမ်​းချုပ်​​နေရတဲ့ အ​ကြောင်​းအရင်​း​တွေက​တော့ အမျှင်​ဓာတ်​လုံ​လောက်​စွာမစားခြင်​း၊ ​ရေများများမ​သောက်​ခြင်​း၊ ကဖိန်​းနဲ့ အရက်​တို့ကို အများကြီ​းသောက်​ခြင်​း၊ ​သောက်​​ဆေများ၊ ဝမ်​း​ပျော့​ဆေးများ ကြာရှည်​သုံးစွဲခြင်​း၊ စိတ်​ဓာတ်​ကျခြင်​းစတဲ့ စိတ်​​ရောဂါများ၊ တစ်​ချို့ အစားအစာနဲ့ ​ရောဂါ​တွေ​ကြောင်​့ ဖြစ်​တတ်​ပါတယ်​။ ဒါ​ကြောင်​့ အမျှင်​များများစား​ပေး၊ ရေများများ​သောက်​​ပေး ပြီး ​လေ့ကျင်​့ခန်​း​တွေလုပ်​​ပေးခြင်​းက ဝမ်​းမှန်​​အောင်​ အ​ထောက်​အကူပြုပါတယ်​။

Kremil-S 2

၂။ ဘယ်​လိုပုံစံရှိသင်​့သလဲ?

        ပထမဆုံးဝမ်းမှာဘာ​တွေပါတယ်​ဆိုတာ သိသင်​့ပါတယ်​။ အများဆုံး ပါဝင်​တာက​တော့ ​ရေ၇၅ ရာခိုင်​နှုန်​းဖြစ်​ပါတယ်​။ ဒါ့အပြင်​ အစာ​ခြေရာမှာ အ​ထောက်​အပံ့ပြုတဲ့ ဘတ်​တီးရီးယားပိုးမွှား​တွေ၊ ပရိုတင်​း၊ အဆီ၊ ဆားဓာတ်​၊ အစာ​ခြေပြီးသား လက်​ကျန်​​တွေ၊ အစာအိမ်​ အူနံရံဆဲလ်​​ကြွေ​တွေ၊ အူနဲ့ အသည်​းကထုတ်​​ပေးတဲ့ အရာ​တွေနဲ့ ခန္ဓာကိုယ်​က မ​ခြေဖျက်​နိုင်​တဲ့ အမျှင်​ဓာတ်​​တွေပါဝင်​ပါတယ်​။ ဝမ်​းအ​ရောင်​ဟာ ​သွေးနီဥ​တွေ​ခြေဖျက်​ရာမှထွက်​လာတဲ့ Bilirubin ဆိုတဲ့ ​ရောင်​ခြယ်​တစ်​မျိုး​ကြောင်​့ အညို​ရောင်​ဖြစ်​​နေတတ်​ပါတယ်​။

      ပမာဏက​တော့ စားသုံးတဲ့ အမျှင်​နဲ့ ​ရေပမာဏ​ပေါ်မှာ မူတည်​​နေပါတယ်​။

 

၃။ ဘယ်​လိုအနံ့ရှိမလဲ?

 

       ဝမ်​းမှာဘာ​တွေပါတယ်​ဆိုတာသိသွားတဲ့အခါ ဘာ​ကြောင်​့နံရတယ်​ဆိုတာ သ​ဘော​ပေါက်​သွားမှာပါ။ ဝမ်​းထဲမှာပါတဲ့ ဘတ်​တီးရီးယားပိုးမွှား​တွေ​ကြောင်​့ ဓာတ်​ပြုမှု​တွေနဲ့ အနံ့ဆိုး​တွေ ထွက်​လာတာပဲ ဖြစ်​ပါတယ်​။ သာမန်​ထက်​ အနံ့ဆိုး​နေသလား? ဒါ​ဟာ စားတဲ့အစာ​ပေါ်မှာလည်​း မူတည်​​နေပါ​သေးတယ်​။ ဒါ​ပေမယ်​့ အနံ့အရမ်​းဆိုး​နေရင်​​တော့ ​ရောဂါတစ်​ခုခုရှိ​နေတာဖြစ်​နိုင်​ပါတယ်​။ ဒါ​ကြောင်​့ ဆရာဝန်​နဲ့ ပြသကြည်​့ပါ။

 

၄။ ဝမ်​းသွားရတာနာ​နေရင်​?

 

       ဝမ်​းချုပ်​တဲ့အခါ ဝမ်​းသွားရတာ ကသီလင်​တ ဖြစ်​တတ်​ပါတယ်​။ ဒါ​ပေမယ်​့ အမြဲတမ်​းဝမ်​းသွားတိုင်​းညှစ်​သွားရတာ၊ စအိုက၊ ဗိုက်​ထဲက စူးခနဲနာတာ၊ ​သွေး​တွေပါတာ မျိုးရှိပါက လိပ်​​ခေါင်​း​တွေ၊ ဂရင်​ဂျီနာ​တွေဖြစ်​​နေနိုင်​တဲ့အတွက်​ ဆရာဝန်​ကို ပြသသင်​့ပါတယ်​။​

 

Dr. Emerald (www.drmyanmar.com)