/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သည်းခြေအိတ်လေး-ကျန်းမာဖို့

သည်းခြေအိတ်လေး ကျန်းမာဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သည်းခြေအိတ်ကို ကျန်းမာစေဖို့ အောက်ပါနည်းလမ်းကောင်းတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

 

●        အဝလွန်ခြင်းကို တားဆီးခြင်း

          အဝလွန်ခြင်းဟာ သည်းခြေအိတ်ပြဿနာကို ဖြစ်စေနိုင်တာကြောင့် လှုပ်လှုပ်ရှားရှား နေထိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။

 

●        ကိုယ်အလေးချိန် အလွန်အကျွံမကျအောင် ထိန်းခြင်း

          ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းတဲ့အခါ အသည်းနဲ့ သည်းခြေအိတ်က အလုပ် ပိုလုပ်ရပါတယ်။ ဒီအခါ သည်းခြေကျောက်တွေ တည်လာနိုင်တာကြောင့် ကိုယ်အလေးချိန်ကို ဖြည်းဖြည်းမှန်မှန် ကျဆင်းစေပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းထားသင့်ပါတယ်။

 

●        ဓာတ်မတည့်စေတဲ့အရာတွေကို ရှောင်ခြင်း

          အစားအစာ ဓာတ်မတည့်ခြင်းနဲ့ သည်းခြေကျောက်ဟာ ဆက်စပ်မှု ရှိနေပါတယ်။ ဒါကြောင့် သည်းခြေအိတ်ရောဂါ ရှိသူတွေဟာ ဓာတ်မတည့်တဲ့အရာတွေကို စမ်းသပ်စစ်ဆေးပြီး တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။

 

●        ဆေးလိပ်ဖြတ်ခြင်း

          ဆေးလိပ်သောက်ခြင်းဟာ သည်းခြေအိတ်လုပ်ငန်းတွေကို ကမောက်ကမဖြစ်စေပြီး သည်းခြေအိတ်ကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။

 

●        အသီးအရွက် များများစားခြင်း

          အမျှင်ဓာတ် ပြည့်ဝတဲ့ အသီးအရွက်တွေ များများစားခြင်းက သည်းခြေအိတ်ကို ကျန်းမာစေနိုင်ပါတယ်။ ပြည့်ဝဆီတွေဟာ အသားမှာ အများအပြား ပါဝင်တာကြောင့် လျှော့စားတာ ကောင်းပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)