/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သံဓာတ်က-အသားအရေနဲ့-ကိုယ်ခန္ဓာအတွက်-ဘယ်လိုကောင်းကျိုးတွေ

သံဓာတ်က အသားအရေနဲ့ ကိုယ်ခန္ဓာအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကိုယ်ခန္ဓာရဲ့ဇီဝကမ္မဖြစ်စဉ်တွေအတွက် အလွန်အရေးပါပါတယ်။ ဒီထဲမှာ သံဓာတ်လည်း အပါအဝင်ပါပဲ။ ပရိုတင်းဇီဝကမ္မဖြစ်စဉ်နဲ့ အင်ဇိုင်းတွေ၊ သွေးအားဆဲလ် ဟေမိုဂလိုဘင်နဲ့ သွေးနီဥထုတ်လုပ်ရေးတွေမှာ သံဓာတ် ပါဝင်ပါတယ်။ သံဓာတ်ကအသားအရေ၊ လက်သည်းခြေသည်းနဲ့ ကိုယ်ခန္ဓာမှာ ဘယ်လိုအကျိုးကျေးဇူးတွေပေးတယ်ဆိုတာကို ကြည့်ကြရအောင်နော်။

၁။  အသားအရေကို စိုပြေကြည်လင်စေနိုင်ပါတယ်။
အသားအရေ ဖြူဖပ်ဖြူရော်နဲ့မျက်ကွင်းညိုညိုတို့ဟာ သံဓာတ်အားနည်းပြီး သွေးအားနည်းခြင်းကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ သံဓာတ်ပြည့်ဝတဲ့အခါ အသားအရေ နီစွေးပြီး စိုပြေကြည်လင်နေတတ်ပါတယ်။

၂။  အနာကျက်မြန်စေနိုင်ပါတယ်။
သံဓာတ်ပြည့်ဝမှသာ အနာဆီကို အောက်စီဂျင်ကောင်းကောင်း ပို့ဆောင်နိုင်ပြီး အနာကျက်မြန်စေနိုင်ပါတယ်။

၃။  ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။
သံဓာတ်အားနည်းခြင်းကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။ သံဓာတ်ပြည့်ဝခြင်းကြောင့် ဆံပင်အရင်းနဲ့ ဦးရေပြားဆီသို့ အာဟာရဓာတ် ကောင်းကောင်းရောက်စေပြီး ဆံပင်တွေကို တောက်ပြောင်စေနိုင်ပါတယ်။

Feroglobin IA 1

၄။  ကိုယ်ခန္ဓာကို စွမ်းအင်ပြည့်ဝစေနိုင်ပါတယ်။
သံဓာတ်သည် ကြွက်သားနဲ့ဦးနှောက်ဆီကို အောက်စီဂျင် သယ်ဆောင်ပေးခြင်းဖြင့် ကိုယ်ခန္ဓာကိုရော၊ ဦးနှောက်ကိုပါ တက်ကြွလန်းဆန်းစေနိုင်ပါတယ်။

၅။  စားချင်သောက်ချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် ကလေးတွေကို သံဓာတ်အားဆေးပေးခြင်းဖြင့် ကလေးရဲ့ စားချင်သောက်ချင်စိတ်ကို တိုးစေပြီး ကြီးထွားမှုကို အားပေးပါတယ်။

၆။  ကြွက်သားလုပ်ငန်းဆောင်တာများကို တိုးတက်စေနိုင်ပါတယ်။
ကြွက်သားပရိုတင်းတစ်မျိုးဖြစ်တဲ့ မိုင်ရိုဂလိုဘင်တည်ဆောက်ပေးခြင်းဖြင့် ကြွက်သားအကျုံ့အဆံ့ကို အားပေးပါတယ်။

၇။  ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။
အထူးသဖြင့် ကလေးတွေမှာ သံဓာတ်ပြည့်ဝခြင်းဖြင့် ဦးနှောက်ကို ကောင်းမွန်စွာ ဖွံ့ဖြိုးတာကို တွေ့ရပါတယ်။

Feroglobin IA 2

၈။  ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် အရေးပါပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ် ပိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ သံဓာတ်အားဆေးသောက်ခြင်းဖြင့် ကလေးပေါင်မပြည့်လမစေ့ခြင်းနဲ့ မိခင်သွေးအားနည်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၉။  ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။
သံဓာတ်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

၁၀။  ညအိပ်ချိန် ခြေထောက် ပုံမမှန်ရောဂါကို သက်သာစေနိုင်ပါတယ်။
ညအိပ်ချိန်မှာ ခြေထောက်အငြိမ်မနေဘဲ လှုပ်ချင်နေတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ညဘက် အိပ်ရေးမဝ ဖြစ်တတ်တာပေါ့။ သံဓာတ် ချို့တဲ့မှုကြောင့်ဖြစ်တတ်တာမို့ သံဓာတ်အားဆေးသောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

၁၁။  ဓမ္မတာမတိုင်မီလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
သံဓာတ် သောက်ပေးခြင်းဖြင့် မူးဝေခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ သွေးတိုးခြင်း စတဲ့ ဓမ္မတာမတိုင်မီလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)