သွားကိုက်ခြင်းကို သက်သာစေတဲ့ နည်းလမ်းတွေ
သွားကိုက်ဝေဒနာဆိုတာ အင်မတန်ဆိုးရွားတဲ့ဝေဒနာတစ်ခု ဖြစ်တယ်ဆိုတာ ခံစားဖူးသူတိုင်း သိကြမှာပါနော်။ ဒီလိုသွားကိုက်တဲ့အခါ သက်သာအောင် နည်းလမ်းလေးတွေ ဝေမျှပေးပါ့မယ်။
>> အရင်ဆုံး သွားကိုက်ရတဲ့အကြောင်းရင်းလေးတွေကို ကြည့်ရအောင်။
● သွားပိုးစားခြင်း
● သွားပိုးဝင်ခြင်း၊ အာရုံကြောပိုးဝင်ခြင်း
● သွားပဲ့ခြင်း
● သွားဖာထားတာ၊ ပြုပြင်ထားတာ အဆင်မပြေခြင်း
● သွားကြိတ်ခြင်း
● ခံတွင်းပိုးဝင်ခြင်း
ဒီလိုအကြောင်းရင်းအမျိုးမျိုးကြောင့် သွားကိုက်တတ်ပါတယ်။
သွားကိုက်တာအပြင် ဖျားတာ၊ ခံတွင်းအနံ့နံတာ၊ သွားတစ်ဝိုက် ရောင်ရမ်းတာတွေပါ ဖြစ်တတ်ပါတယ်။
>> သွားဒဏ်ရာရတာကလည်း အကြောင်းရင်း အများကြီးရှိပါတယ်။
● ချော်လဲတာ
● ကားအက်ဆီးဒင့်ဖြစ်တာ
● အားကစားလုပ်ရင်းခိုက်မိတာ
● မာတာတစ်ခုခု ကိုက်မိတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
Bio Adult 1

>> သွားဆရာဝန်နဲ့မပြဖြစ်သေးခင်မှာ ဒါလေးတွေ လုပ်ပေးထားလို့ရပါတယ်နော်။
သွားကိုက်တာပဲဖြစ်ဖြစ်၊ သွားဒဏ်ရာတစ်ခုခုရတာပဲဖြစ်ဖြစ် နာကျင်မှုဝေဒနာကို လျစ်လျူရှုလို့မရပါဘူး။ နာတယ်ဆိုတာ တစ်ခုခုဖြစ်နေကြောင်း ခန္ဓာကိုယ်က ဆန္ဒပြတာပါ။ ဒါကြောင့် ဒီလိုနာတာကျင်တာတစ်ခုခု ဖြစ်လာတာနဲ့ သွားဆရာဝန်နဲ့ပြဖို့ပြင်ပါ။
ဒီလိုမပြခင်မှာ နာတာ သက်သာအောင် -
● အကိုက်အခဲပျောက်ဆေးသောက်ပါ။
● ဆားရည်နွေးလေးနဲ့ ပလုတ်ကျင်းပါ။
● ရေခဲ ပါးမှာ ကပ်ပေးပါ။
● နာတာကို မှတ်တမ်းလေး လုပ်ထားပါ။
● သွားကို သန့်ရှင်းအောင်ထားပါ။
Bio Adult 2

>> သွားပဲ့သွားရင် -
● ပဲ့သွားတဲ့သွားစောင်းက ပါးကိုမခြစ်မိအောင် ပီကေတို့၊ ဂွမ်းတို့နဲ့ ခံထားပါ။
● နာနေရင် အကိုက်အခဲပျောက်ဆေး သောက်ပါ။
>> သွားကျိုးသွားရင် -
● သွားကို သွားအံထဲ ပြန်ပြီးဖွဖွလေး ဖိထည့်ထားပါ။ ဂွမ်းလေးနဲ့ဖြစ်ဖြစ် ဖိထားပေးပါ။ မမျိုချမိအောင်တော့ သတိထားပါ။
● ပြန်ထည့်လို့မရရင်တော့ ခွက်လေးထဲ ထည့်ထားပေးပါ။
● သွေးထွက်နေရင် ဂွမ်းလေး ဖိကိုက်ထားပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























