/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွားချေးတွေကို-သဘာဝအတိုင်း-ဖယ်ရှားပေးနိုင်သော-အစွမ်းထက်နည်းလမ်း-6

သွားချေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်သော အစွမ်းထက်နည်းလမ်း (6) ခု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လူတစ်ယောက်မှာ အဆွဲဆောင်နိုင်ဆုံးသော အချက်ကတော့ သူ့ရဲ့အပြစ်ကင်းတဲ့ အပြုံးတစ်ချက် ဖြစ်နိုင်ပါတယ်။ ကံဆိုးစွာပဲ ဆေးလိပ်သောက်ခြင်း၊ ကဖင်းဓာတ် လွန်ကဲစွာ စားသုံးခြင်းနဲ့ သွားကို သေချာဂရုမစိုက်ခြင်း စတာတွေကြောင့် သွားကို ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ် လုပ်နေကျ အလေ့အကျင့်လေးတွေကနေပြီး သွားချေးဖြစ်ခြင်း ကဲ့သို့သော သွားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သွားပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

 

1.      မုန့်ဖုတ်ဆိုဒါ

          မုန့်ဖုတ်ဆိုဒါကို သဘာဝကြေးချွတ်ဆေးအဖြစ်နဲ့ သုံးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တစ်ဇွန်းကို ဆားအနည်းငယ်နဲ့ ရောပြီး သွားတိုက်တံကို ရေစွတ်ကာ ဒီအမှုန့်အရောနဲ့ သွားတိုက်ပေးပါ။

 

2.      ပိုပြီးအစွမ်းထက်တဲ့ သဘာဝသွားတိုက်ဆေး ရဖို့အတွက်ဆိုရင် -

•        ရေတစ်ခွက်

•        မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက်

•        ရှားစောင်းလက်ပတ်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း

•        သံပုရာဆီ စားပွဲတင်ဇွန်း တစ်ဇွန်း 

          ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး သွားတိုက်ဆေးအဖြစ် သုံးခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း သွားတွေကို ဖြူဖွေးတောက်ပြောင်ပြီး ကျန်းမာစေနိုင်ပါတယ်။

 

3.      လိမေ္မာ်ခွံ

          လိမေ္မာ်သီး စားပြီးရင် သွားကို လိမေ္မာ်ခွံနဲ့ ပွတ်တိုက်ပေးခြင်းက သွားရဲ့ကြွေလွှာတွေကို သန့်စင်စေတဲ့ လွယ်ကူသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းက သွားကို ဖြူဖွေးစေပြီး အရောင်စွဲခြင်းကို ကာကွယ်ကာ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ မိနစ် အနည်းငယ်ကြာအောင် ပွတ်တိုက်ပြီးနောက် ရေအနည်းငယ်နဲ့ ဆေးချပါ။

 

4.      နှမ်း

          နောက်တစ်နည်းကတော့ နှမ်းလက်တစ်ဆုပ်ကို မိနစ်အတော်ကြာ ဝါးပြီးနောက် ထွေးထုတ်ခြင်းဖြင့် သွားတွေကို သန့့်စင်စေပြီး သွားကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပြီးရင် ကျန်နေတဲ့နှမ်းတွေကို သွားပွတ်တံအခြောက်နဲ့ ဖယ်ရှားပေးနိုင်ပါတယ်။ သွားမှာ အရောင်စွဲနေရင်လည်း ဒီနည်းနဲ့ ဖယ်ရှားပေးနိုင်ပါတယ်။

 

5.      သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

          ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ကြိတ်ချေထားတဲ့ သွားတိုက်ဆေးကလည်း သွားကြေးမတက်အောင် ကာကွယ်ပေးနိုင်တဲ့ ရိုးရှင်းမြန်ဆန်တဲ့ နည်းတစ်ခုပါ။ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးနဲ့ လိမေ္မာ်သီးတွေကို အတူကြိတ်ချေပြီး သွားပေါ်မှာ ပွတ်တိုက်ပေးပါ။ 5 မိနစ်လောက်ထားပြီး ရေဆေးပါ။ ဒီနည်းက ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ခံတွင်းနံ့ကို ကောင်းမွန်စေပါတယ်။

 

6.      ရှာလကာရည်

          ဒါက အကောင်းဆုံးနည်းလမ်း မဟုတ်ပေမယ့် သွားတွေကို ပျက်စီးမှုမရှိဘဲ သန့်စင်စေနိုင်တဲ့ 100% သဘာဝနည်းတစ်ခု ဖြစ်ပါတယ်။

•        ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

•        ဆား စားပွဲတင် ဇွန်း ၁ ဇွန်း

•        ရေ ၄ အောင်စ

          ပါဝင်ပစ္စည်းအားလုံးကို ရောကာ သွားကို တိုက်ပေးပြီး ရေဆေးချပါ။ ရက်အတော်ကြာ ထပ်ခါထပ်ခါ လုပ်ပေးခြင်းဖြင့် အမြင့်မားဆုံးသော အကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)