သွားတွေရဲ့ ထူးဆန်းထွေလာ အချက်များ
သွားတိုက်ဆေးကို လွန်ခဲ့တဲ့ BC 500 လောက်ကတည်းကစတင်အသုံးပြုခဲ့ကြတယ်ဆိုတာကို သိပါသလား။ သွားတိုက်ဆေးတွေမပေါ်ခင်က ဂရိလူမျိုးတွေဟာ သံချေးနဲ့ မီးသွေးမှုန့်အရောကိုသုံးပြီး သွားတွေကိုသန့််စင်ခဲ့ကြပါတယ်။ သွားတိုက်တံတွေကတော့ လူတွေဝါးစားလို့ရတဲ့ သစ်ကိုင်းတွေပဲဖြစ်ပါတယ်။
တစ်ဖြညး်ဖြည်းနဲ့ သွားစောင့်ရှောက်မှုတွေက ပိုပြီးဖွံ့ဖြိုးတိုးတက်လာကာ အခုဆိုရင်သွားမှာရှိတဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့အတွက် ပစ္စည်းအမျိုးမျိုးထွက်ရှိလာပါတယ်။ ကျွနု်ပ်တို့နေ့စဉ်အစာစားဖို့အတွက် သွားကိုအသုံးပြုနေကြရပါတယ်။ ဒီတော့သွားတွေအကြောင်းကိုဒီထက်ပိုသိပြီး ဘယ်လိုအမူအကျင့်တွေကသွားကျန်းမာရေးအပေါ်သက်ရောက်မှုရှိတယ်ဆိုတာကိုသိထားမယ်ဆိုရင် သွားတွေကိုဒီထက်ပိုပြီးဂရုစိုက်ကာ အပြုံးတွေကိုလှပစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
1. ကိုယ့်ရဲ့သွားတွေက ကမ်ဘာပေါ်မှာဘယ်သူနဲ့မှမတူပါဘူး
လက်ဗွေရာလိုပဲ သွားတွေကလည်း ကိုယ့်အတွက်သီးသန့်ပါပဲ။ ဒါကြောင့် လူအရိုးတွေကို ဖော်ထုတ်ပြီး သတ်မှတ်တဲ့အခါမှာ သွားတွေကိုအသုံးပြုနိုင်ပါတယ်။ ထပ်တူညီတဲ့အမွှာတွေမှာတောင်မှ သွားတွေထပ်တူမညီနိုင်ပါဘူး။ လျှာတွေကလည်း ဘယ်သူနဲ့မှမတူပါဘူး။
2. သွားတွေက ရေထဲမှာမြုပ်နေတဲ့ရေခဲတုံးနဲ့အသွင်တူပါတယ်။
သွားတစ်ချောင်းခြင်းစီရဲ့ သုံးပုံတစ်ပုံလောက်က သွားဖုံးတွေအောက်မှာမြုပ်နေပါတယ်။ ဒါကြောင့် သွားကျန်းမာရေးအတွက်ဆိုရင် သွားဖုံးတွေကိုကျန်းမာအောင်ထိန်းသိမ်းဖို့လည်းအရေးကြီးပါတယ်။ သွားဖုံးတွေက ပန်းရောင်သန်းပြီး မာနေရပါမယ်။
3. သွား ၃၂ ချောင်းရှိပါတယ်။
ရှေ့သွားကနေပြီး ပါးစပ်အနောက်ထိရေတွကမယ်ဆို၇င် ရှေ့သွား ၈ချောင်း၊ စွယ်သွား၄ ချောင်းနဲ့ အရှေ့အံသွား ၈ ချောင်းနဲ့ အံသွား ၁၂ ချောင်းရှိပါတယ်။
4. သွားရဲ့ကြွေလွှာက ခန္ဓာကိုယ်မှာ အမာကြောဆုံးအရာဖြစ်ပါတယ်။
ကြွေလွှာဆိုတာကတော့ သွားရဲ့အပေါ်ဆုံးအလွှာဖြစ်ပါတယ်။ ကြွေလွှာကတော့သွားတွေကိုကာကွယ်ဖို့ဖြစ်ပြီး အရိုးတွေလိုပဲ ကယ်ဆီယမ်၊ ဖော့စဖိတ်တွေနဲ့ပြုလုပ်ထားပါတယ်။ ဒါပေမယ့်ကြွေလွှာမှာသီးခြားပါဝင်တဲ့ ပရိုတင်းနဲ့ crystallites တွေကြောင့် ပိုပြီးမာကြောပါတယ်။
5. ကြွေလွှာတွေကိုထိုးဖောက်ခံရနိုင်တယ်။
ကြွေလွှာတွေက သွားတွေကိုကာကွယ်ဖို့လို့ဆိုပေမယ့်လည်း ဒီကြွေလွှာတွေက ကွဲအက်နိုင်တဲ့အတွက် သွားပိုးစားနိုင်ပါတယ်။ အချိုရည်ကဲ့သို့သောအစားအစာတွေမှာပါဝင်တဲ့ သကြားနဲ့အက်ဆစ်တွေက ပါးစပ်ထဲရှိဘက်တီးရီးယားပိုးတွေနဲ့ဓာတ်ပြုပြီး ကြွေလွှာကိုတိုက်ခိုက်ကာ သွားပိုးစားစေနိုင်ပါတယ်။ အချိုရည်အသောက်များရင် (သို့) တစ်နေ့လုံးဖြည်းဖြည်းချင်းသောက်နေရင် ပိုပြီးပျက်စီးစေနိုင်ပါတယ်။
6. သွားဝါနေတာက ပိုးစားနေတာကိုပြပါတယ်။
ကော်ဖီကြောင့် သွားအရောင်စွဲနေတာနဲ့မတူပါဘူး။ ကြွေလွှာဆိုတာက သွားကိုဖြူစေပြီး ပိုးစားတဲ့အခါမှာ သွားတွေစပြီးဝါလာစေပါတယ်။ သွားပိုးစားခြငး်ကြောင့် သွားကိုက်စေနိုင်ပါတယ်။
7. ကြွေလွှာတွေက မကြီးထွားနိုင်ပါဘူး။
ကြွေလွှာရဲ့ေအောက်မှာ dentin ဆိုတဲ့အလွှာရှိပြီး ဒါကလည်း အရိုးထက်ပိုပြီးသန်မာပါတယ်။ Dentin ကို အပေါက်သေးသေးလေးတွေနဲ့ပြုလုပ်ထားပြီး သူကနေပြီး အာရုံကြောကလာတဲ့အချက်ပေးမှုတွေနဲ့ အာဟာရတွေကိုသွားဆိီကိုဖြတ်သန်းသွားလာစေပါတယ်။ ကြွေလွှာက ပျက်စီးပြီးရင်ပြန်လည်တည်ဆောက်မှုမရှိပေမယ့်လည်း dentin ကတော့အမြဲကြီးထွားနေပြီး ဘဝတစ်လျှောက်လုံးပြောင်းလဲနေပါတယ်။
8. ပါးစပ်က ဘက်တီးရီးယားပိုးပေါင်း ၃၀၀ ရဲ့အိမ်ဖြစ်ပါတယ်။
သွားချေးမှာ ဘက်တီးရီးယားမျိုးစိတ်ပေါင်း ၂၀၀-၃၀၀ အထိပါဝင်တဲ့ဘက်တီးရီးယားပိုးသန်းပေါင်းများစွာပါဝင်ပါတယ်။ သွားကျန်းမာရေးကိုထိခိုက်စေတဲ့အဓိကအရာကတော့ သကြားနဲ့အခြားကစီဓာတ်တွေကို သွားကိုတိုက်စားစေနိုင်တဲ့ အက်ဆစ်အဖြစ်ကိုပြောင်းလဲစေတဲ့ Streptococcus mutans လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးပဲဖြစ်ပါတယ်။
9. သွားချေးဆိုတာ တကယ့်ကိုကြောက်စရာရန်သူပါ။
ကပ်စေးစေးနဲ့အဖြူရောင်ချေးတေါကအမြဲကြီးထွားလာနေပါတယ်။ သွားတိုက်၊ သွားပွတ်ကြိုးထိုးပြီးတော့မှ ဒီချေးတွေကိုပုံမှန်ဖယ်ရှားခြင်းမပြုဘူးဆိုရင် သွားပိုးစားစေနိုင်ပါတယ်။ ဒီချေးတွေကိုပုံမှန်ဖယ်ရှားခြင်းမပြုပါက မာလာပြီး အလွှာတစ်ခုဖြစ်လာပါတယ်။ ဒါကြောင့် တစ်နေ့ကိုနှစ်ကြိမ် သွားတိုက်ခြင်း၊၊ သွားပွတ်ကြိုးနဲ့တိုက်ခြင်းများပြုလုပ်သင့်ပြီး သွားဆရာဝန်နဲ့လည်းပုံမှန်သွားသန့်ရှင်းရေးပြုလုပ်ရပါမယ်။
10. တံတွေး 10000 ဂါလန်လောက်ထွက်ပါတယ်။
တစ်နေ့ကို တံတွေါး တစ်ကွတ်လောက်ထွက်တဲ့အတွက် သက်တမ်းတစ်လျှောက်လုံးဆိုရင် တံတွေး ဂါလန် 10000 လောက်ထွက်ပါတယ်။ တံတွေးက ကျွနု်ပ်တို့ရဲ့ကျန်းမာရေးမှာ အရေးကြီးတဲ့အခန်းကဏ္႑ကပါဝင်ပါတယ်။ ဥပမာအားဖြင့် တံတွေးက အစာမြိုချရလွယ်ကူစေပြီးတော့ အစာချေခြင်းကိုအားပေးတဲ့ အင်ဇိုင်းတွေလည်းပါဝင်ပါတယ်။ သွားကိုတံတွေးထိတဲ့အခါမှာ သွားမှာကပ်နေတဲ့ အစာအကြွင်းအကြန်တွေကိုဆေးကြောပေးပြီး သွားကိုထိခိုက်စေပြီးသွားပိုးစားစေတဲ့ အက်ဆစ်တေါကိုချေဖျက်နိုင်တဲ့ ကယ်ဆီယမ်နဲ့ ဖော့ဖရပ်ဓာတ်တွေလည်းပါဝင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























