/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွားပေါက်ဖြစ်ခြင်း

သွားပေါက်ဖြစ်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွားတွေပျက်စီးတဲ့အတွက် အခေါင်းပေါက်ဖြစ်လာပြီး ဒီအခေါင်းပေါက်က အချိန်ကြာလာတာနဲ့အမျှ ကြီးပြီးပိုနက်လာပါတယ်။ သွားအခေါင်းတွေက သွားပိုးစားခြင်းကြောင့်လည်းဖြစ်တတ်ပြီး အခေါင်းပေါက်ဖြစ်လာရင် ဖာရပါတယ်။

သွားအခေါင်းပေါက် ဘာကြောင့်ဖြစ်ရလဲ?

        အဓိက,ကတော့ ဘက်တီးရီးယားပိုးတွေကြောင့်ပါ။ ပါးစပ်ထဲက ဘက်တီးရီးယားပိုးတွေကြောင့် အက်ဆစ်တွေဖြစ်လာကာ ဒီအက်ဆစ်တွေသွားမှာကပ်ပြီး သွားရဲ့အပေါ်ဆုံးအလွှာဖြစ်တဲ့ ကြွေလွှာကို တိုက်စားပစ်လိုက်ပါတယ်။

          အချိန်ကြာလာပြီဆိုရင် ဒီအက်ဆစ်တွေက ကြွေလွှာကတစ်ဆင့် အထဲရောက်ပြီး သွားအတွင်းပိုင်းကို တိုက်စားလိုက်ပါတယ်။ သွားတွင်းထိရောက်ပြီး အာရုံကြောကိုထိရင်တော့ သွားကိုက်ခြင်းခံစားရပါတယ်။

          သွားဆရာဝန်က သွားကိုသေချာစစ်ဆေးပြီး X-ray ရိုက်ပါလိမ့်မယ်။ သွားအခေါင်းတွေ့ရင် သွားရဲ့ဆွေးမြေ့နေတဲ့အပိုင်းတွေကို ဖယ်လိုက်ပြီး အပေါက်ကိုပြန်ဖာပေးပါလိမ့်မယ်။ အနာသက်သာစေဖို့ အကိုက်အခဲပျောက်ဆေး ညွှန်ကြားပါလိမ့်မယ်။

သွားအခေါင်းပေါက်မဖြစ်အောင် ကာကွယ်ခြင်း

1. အစာစားပြီးတိုင်း (သို့) အနည်းဆုံးတစ်နေ့နှစ်ကြိမ် ဖလူအိုရိုက်ပါတဲ့သွားတိုက်ဆေးနဲ့ သွားတိုက်ပါ။ ညအိပ်ရာဝင်ချိန်ကတော့ အရေးကြီးဆုံးပါပဲ။

2. သွားကိုအပေါ်၊ အောက် ၊ အတွင်း အကုန်တိုက်ပါ။

3. သွားဖုံးတွေသန့်ရှင်းစေဖို့ ညင်သာစွာ ပွတ်တိုက်ပေးပါ။

4. သွားကြားထဲမှာ အစာအကြွင်းအကျံတွေ ဖယ်ရှားဖို့အတွက် သွားပွတ်ကြိုးနှင့် တစ်နေ့တစ်ကြိမ် သန့်ရှင်းပါ။

5. ဆိုဒါ၊ ဖျော်ရည်ကဲ့သို့သော ချိုပြီးသကြားပါတဲ့ဖျော်ရည်တွေ အရမ်းမသောက်ပါနှင့်။

6. သွားဆရာဝန်နှင့် တစ်နှစ် နှစ်ကြိမ် ပုံမှန်သွားစစ်ဆေးပါ။

Dr. Mya Myo Myo Swe

www.drmyanmar.com