/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးတိုးစေသောအကြောင်းရင်းများ

သွေးတိုးစေသောအကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သွေးဖိအားဆိုသည်မှာ သွေးလွှတ်ကြောနံရံတွေကို သက်ရောက်တဲ့သွေးရဲ့တွန်းကန်အားကို တိုင်းတာခြင်းဖြစ်ပါတယ်။ သွေးဖိအားမြင့်တက်လာတာကို သွေးတိုးတယ်လို့ခေါ်ပါတယ်၊ သွေးတိုးရင် နှလုံးက အလုပ်ပိုလုပ်ရတဲ့အပြင် သွေးကြောနံရံများမာလာခြင်း၊ သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက် ကပ်ရောဂါဖြစ်ခြင်းနဲ့ နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်း စတာတွေကို ဖြစ်စေနိုင်တာကြောင့် အလွန်ပင်အန္တရာယ်များလှတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

ပုံမှန်သွေးပေါင်ချိန်

ပုံမှန်သွေးဖိအား အပေါ်သွေး 120 mmHg နဲ့ အောက်သွေး 80 mmHg ထက်နည်းတာကို ဆိုလိုပါတယ်။

သွေးတိုးရောဂါမဝင်မီ ကနဦး အခြေအနေ - အပေါ်သွေး 120-139 mmHg နှင့် အောက်သွေး 80-89 mmHg

အဆင့် (1) သွေးတိုးခြင်း - အပေါ်သွေး 140-159 mmHg နှင့် အောက်သွေး 90-99 mmHg

အဆင့် (2) သွေးတိုးခြင်း - အပေါ်သွေး 160 mmHg အထက်နှင့် အောက်သွေး  100 mmHg အထက်

အသက် 60 အထက်သွေးတိုးခြင်း - အပေါ်သွေး 150 mmHg အထက်နှင့် အောက်သွေး 90 mmHg အထက်

          သွေးပေါင်ချိန်မြင့်တက်နေပါက ဆရာဝန်နှင့်တိုင်ပင်၍ ပုံမှန်အနေအထားရောက်အောင် လုပ်ဆောင်သင့်ပါတယ်။

သွေးတိုးစေရခြင်း အကြောင်းအရင်းများ

- ဆေးလိပ်သောက်ခြင်း

- အဝလွန်ခြင်း

- လေ့ကျင့်ခန်းမလုပ်ခြင်း

- အငန်ဓာတ်လွန်ကဲစွာ စားသုံးခြင်း

- အရက်အလွန်အကျွံသောက်ခြင်း

- စိတ်ဖိစီးမှု

- အသက်အရွယ်အိုမင်းခြင်း

- မျိုးရိုးလိုက်ခြင်း

- မိသားစုထဲတွင် သွေးတိုးရောဂါရှိခြင်း

- နာတာရှည် ကျောက်ကပ်ရောဂါရှိခြင်း

- လည်ပင်းကြီးရောဂါရှိခြင်း

- အိပ်စက်နေစဉ် အသက်ရှူရပ်တတ်ခြင်း တို့ဖြစ်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com