သွေးတွင်းအချိူဓာတ်ကျတတ်သူများအတွက် လမ်းညွှန်
ဆီးချိူ သွေးချိူ ရောဂါရှင်များအနေနဲ့အခန့််မသင့်ရင် ဆီးချိူထိုးကျသွားတတ်ပါတယ်။ အင်ဆူလင်ထိုးနေရတာပဲဖြစ်ဖြစ်၊ ဆီးချိူကျဆေးသောက်နေရတာပဲ ဖြစ်ဖြစ် ဒီအလားအလာကတော့အမြဲရှိနေမှာပါ။ ဆီးချိုတက်လို့ ဆေးသောက်ရတယ်၊ ထိုးရတယ်ဆိုပေမယ့် အလွန်အမင်းထိုးကျသွားပြန်ရင်လည်း အန္တရာယ်ရှိပြန်ပါတယ်။
ဆီးချိူထိုးကျသွားရင်ရင်တုန်မယ်…ချွေးစီးပြန်မယ်…ခေါင်းတွေတရိပ်ရိပ်မူးလာမယ်။ နေမထိ ထိုင်မသာဖြစ်လာမယ်။ ခေါင်းကိုက်လာမယ်။ ဗိုက်အလွန်အမင်းဆာလာမယ်။ အာရုံစိုက်လို့မရတော့ဘူး။ မျက်လုံးတွေပါဝါးလာတာတွေ၊ နှစ်ရိပ်နှစ်ထပ်မြင်တာတွေ၊ ခြေဖျားလက်ဖျားတွေ ရုတ်တရက်ထုံကျင်လာတာတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
Naturally Better 1

ဆီးချိုထိုးကျတာအဆာလွန်တာကြောင့်လည်း ဖြစ်တတ်ပြီး ဆေးနဲ့အစာမတွဲမိတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဘယ်ဆေးကိုဘယ်လိုသောက်ရမယ် အင်ဆူလင်ထိုးနေရင် ဘယ်အချိန် စားသင့်တယ်ဆိုတာတွေကို ကုသနေဆဲဆရာဝန်ကို သေချာမေးမြန်းထားဖို့အကြံပြုပါတယိ။
ဆီးချိုထိုးကျသွားရင် ရုတ်တရက်သတိလစ်သွားတာအပြင် တက်ခြင်းနဲ့ လုံးဝသတိမလည်လာတော့တာထိ ဖြစ်သွားနိုင်တာကို အထူးသတိပြုစေလိုပါတယိ။
ဆီးချိုကျသွားပြီလို့ မိမိကိုယ်ကို သတိပြုမိပြီး အထက်ပါလက္ခဏာတွေ ခံစားရပြီဆိုရင် အကောင်းဆုံးကတော့ ဆီးချိူဖောက်စစ်စက်နဲ့ သွေးဖောက်စစ်လိုက်တာပါ။ သွေးချိုစစ်ဆေးစက် မရှိဖူးဆိုရင်လည်း ကိုယ့်မှာလက္ခဏာတွေရှိနေရင် ဆီးချိုကျတယ်လို့မှတ်ယူပြီး အောက်ပါအတိုင်းလုပ်ကြည့်နိုင်ပါတယ်။
1. လိမေ္မာ်ရည်ဖန်ခွက်တဝက်စာနဲ့ သကြားတဇွန်းကို ဖန်ခွက်ထဲမှာထည့်ဖျော်ပြီးသောက်ပါ။
2. ပျားရည်တဇွန်းစားပါ။
ဒီနေရာမှာ မြန်မာရိုးရာအစားအစာထန်းလျက်တခဲလောက်ကလည်း အကူအညီပေးနိုင်ပါတယ်။
Naturally Better 2

ဒါတွေစားပီးရင် ဆယ့်ငါးမိနစ်စောင့်ပါ။ စက်ရှိနေရင်ထပ်ဖောက်စစ်ပါ။ အနည်းဆုံးဂလူးကို့စ်ပမာဏ ၁၀၀ ကျော်နေရပါမယ်။မကျော်သေးရင် ခုနကပုံစံအတိုင်းထပ်စားထပ်သောက်ကြည့်ပြီး ပြန်စောင့် ပြန်စစ်ရပါမယ်။ ကောင်းတဲ့အထိ သောက်ပေးရမှာပါ။
ဒီလို သကြားရည် သို့မဟုတ် အချိုရည်သောက်နေပါလျက်နဲ့ စိတ်ထဲမှာမသက်သာဘူးလို့ခံစားလာရရင် ဆရာဝန်ဆီ ချက်ချင်းသွားပါ။ သိပ်မဆိုးလာခင်အကြောထဲကို ဂလူးကို့စ်အရည်သွင်းပေးဖို့ အရေးပေါ်လိုအပ်လာနိုင်လို့ ဖြစ်ပါတယ်။
နောက်ပြီးမိမိနဲ့ နီးစပ်ရာမိသားစုဝင်မိတ်ဆွေများကိုလည်း မိမိမှာဆီးချိုရှိကြောင်း ကြိုတင်အသိပေးထားပါ။ ဆီးချိုထိုးကျသွားချိန်ကိုယ်က ရောဂါလက္ခဏာတွေစခံစားရချိန်မှာ အနီးကမိသားစုမိတ်ဆွေက ဘာလုပ်ပေးရမလဲသိဖို့လိုပါတယ်။ ကို်ယ်ကိုတိုင်လည်း အိတ်ထဲမှာချိုချဉ်လေးတွေ ဆောင်ထားပါ။ နည်းနည်းမအီမသာဆို ကောက်ငုံလိုက်လို့ရပါတယ်။
လမ်းမှာဆီးချိုထိုးကျရင် ရုတ်တရက်လဲကျတာမျိုးတွေ ဖြစ်တတ်လို့ ကိုယ့်ကိုဆီးချိုရှိမှန်းသိအောင် လက်ပတ်လေးတွေ၊ အိတ်ဆောင်ကတ်ပြားလေးတွေ ဆောင်ထားပါ။ ရုတ်တရက်ဆို ဘေးက ပြုစုပေးသူက ဘာလုပ်ပေးရမလဲ သိနိုင်တဲ့အပြင် ဆေးရုံဆေးခန်းမှာလည်း အရေးပေါ်ဌာနက ဆရာဝန်ဆရာမက ဆီးချိုကျကြောင်းသိရှိပြီး ကတ်ပြားအရ ဆီးချိူ ဝေဒနာရှင်ဖြစ်ကြောင်းချက်ချင်းခန့်မှန်းနိုင်ပြီးကုသမှုတွေ မြန်ဆန်ချောမွေ့သွားမှာ ဖြစ်ပါတယ်။
ဆီးချိုရုတ်တရက်ထိုးကျသွားတာ ကာကွယ်နိုင်ဖို့ အစာကိုနည်းနည်းနဲ့ ခဏခဏစားပါ။ ဒီလိုစားခြင်းအားဖြင့် အလွယ်တကူအစာကြေလွယ်ပြီး ဆီးချိုကိုသိပ်မကျအောင်ထိန်းပေးနိုင်ပါတယ်။ ဆီးချိုဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်ပြောင်းမသောက်ပါနဲ့။ ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာပြီး သောကိဖို့လိုအပ်ပါတယ်။
ဂျီပီငှက် (www.drmyanmar.com)






























