ဟတ်ချိုးတစ်ချက်
ဟတ်ချိုး တစ်ချက်ချေလိုက်တဲ့ အထဲမှာပါတဲ့ ဘက်တီးရီးယားတွေဟာ ၄၅ မိနစ်အထိ အသက်ရှင်နိုင်တယ်တဲ့။
ကျန်းမာရေး လိုက်စားတဲ့သူတွေအတွက်တော့ သတင်းဆိုးပဲနော်။
တစ်ယောက်ယောက် နှာချေလိုက်တိုင်းမှာ လည်ချောင်းအတွင်းဘက်ကနေ ဘက်တီးရီးယားပိုးတွေ လွင့်ထွက်လာရုံတင်မကဘဲ လေထဲမှာ ၄၅ မိနစ်လောက်အထိ အသက်ရှင်နေနိုင်တယ်။
မီတာပေါင်းများစွာကို ခြေဆန့်ပြီးတောင် သွားနိုင်သေးတယ်နော်။
အဲဒါကြောင့် ကိုယ်ကိုယ်တိုင် နှာချေနေရင်လည်း ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားဖို့ အရေးကြီးတယ်နော်။
ကွင်းစ်လန်းတက္ကသိုလ်ကလုပ်တဲ့ ဆေးရုံပတ်ဝန်းကျင်မှာ ကူးစက်တတ်ပြီး လေကနေပြန့်တဲ့ Pseudomonas aeruginosa ဘက်တီးရီးယားပိုးကို လေ့လာထားတဲ့ လေ့လာမှုအရ သိရတာပါ။
အရင်ကလုပ်ခဲ့တဲ့ လေ့လာမှုအများစုဟာ လူတွေဆီကနေ တကယ်ထုတ်လွှတ်လိုက်တဲ့ပိုးတွေကို လေ့လာတာမဟုတ်ဘဲ စမ်းသပ်ပိုးတွေကို လေ့လာထားတာ များတယ်။
ဒီလေ့လာမှုမှာတော့ Cystic fibrosis လို့ခေါ်တဲ့ နာတာရှည်အဆုတ်ရောဂါနဲ့ နာတာရှည် pseudomonas ပိုး သယ်ဆောင်ထားသူ ၂ ယောက်ကို လေ့လာထားတယ်။
လေ့လာမှုအရ ချောင်းဆိုးထုတ်လိုက်တဲ့ အရည်တွေဟာ လေကိုထိတာနဲ့ ခြောက်သွေ့သွားပြီး လေထဲပြန့်နိုင်လောက်အောင် ပေါ့ပါးသွားတယ်။ အောက်စီဂျင်နဲ့ ထိတွေ့တဲ့အခါမှာ တချို့တစ်ဝက်က ပျက်စီးသွားကြတယ်။
အများစုဟာ ၁၀ စက္ကန့် ပျက်စီးနှုနး်နဲ့ ပျက်စီးကြပေမယ့် တချို့ဘက်တီးရီးယားပိုးတွေက ၁၀ မိနစ်ထက် ပိုကြာလေ့ရှိကြတယ်။
တချို့အကောင်တွေကတော့ ဒီ့ထက် ပိုကြာကြာနေနိုင်ပြီး အထူးသဖြင့် အောက်ခံ အဆုတ်ပြဿနာရှိသူတွေကို ဒုက္ခပေးနိုင်ကြတယ်။
ပြီးတော့ ဘက်တီးရီးယား တစ်ကောင်နဲ့တစ်ကောင်ရဲ့ အသက်ရှင်နှုန်းဟာ အဆုတ်လမ်းကြောင်းရဲ့ ဘယ်နေရာက အကောင်လဲ ဆိုတာပေါ်မှာလည်း မူတည်နေပါသေးတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























