/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာမရှိတဲ့အချိန်မှာ-စားသုံးသင့်တဲ့-အစားအသောက်နှင့်-မစားသုံးသင့်တဲ့

အစာမရှိတဲ့အချိန်မှာ စားသုံးသင့်တဲ့ အစားအသောက်နှင့် မစားသုံးသင့်တဲ့ အစားအသောက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မနက်စာ မစားဘဲနေတာဟာ မကောင်းတဲ့ အလေ့အထတစ်ခု ဖြစ်တဲ့အပြင် မနက်စာဟာ တစ်နေ့တာလုံး စားသောက်တဲ့ အစာတွေထဲမှာ အရေးကြီးဆုံးဖြစ်တယ်လို့ အာဟာရဗေဒပညာရှင် အများစုက တညီတညွတ်တည်း သဘောတူထားကြပါတယ်။ ဒါပေမဲ့ မနက်စာအနေနဲ့ မစားသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ ၎င်းတို့မှာ -

 

•       ခရမ်းချဉ်သီး

          ခရမ်းချဉ်သီးမှာပါတဲ့ တန်းနစ်အက်ဆစ်ဟာ ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓာတ်ကို မြင့်တက်စေတာကြောင့် အစာအိမ်အနာနဲ့ အက်ဆစ် ဆန်တက်ခြင်းရောဂါတွေကို ဖြစ်စေတတ်ပါတယ်။

 

•       အချဉ်ဓာတ်ရှိသော သစ်သီးများ

          အစာအိမ်နဲ့ အစာရေမျိုကို ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ်ယ။

 

 

>>    ဘာတွေစားသင့်သလဲ?

 

 

•       ဂျုံ

          အစာချေစနစ်ကို အားကောင်းစေ၍ ဖောလိတ်နဲ့ ဗီတာမင်အီးရဲ့ နေ့စဉ်လိုအပ်တဲ့ပမာဏ 10% နဲ့ 15% အသီးသီးကို ပေးစွမ်းနိုင်ပါတယ်။

 

•       ဆန်ပြုတ်

          ဆန်ပြုတ်ဟာ အာသာပြေ၍ ဗိုက်၀စေတဲ့အပြင် ခန္ဓာကိုယ်ကို သန့်စင်စေ၍ အူအတွင်းရှိ လူအကျိုးပြု ပိုးမွှားတွေကိုလည်း များပြားစေတာကြောင့် မနက်စာအနေနဲ့ စားသုံးသင့်ပါတယ်။

 

•       အစေ့အဆံများ

          ကစီဓာတ်တွေ အမြောက်အမြားပါ၀င်တဲ့ အစေ့အဆံတွေဟာ မနက်စာအနေနဲ့ စားသုံးဖို့ အလွန်ပင် သင့်တော်ပါတယ်။ ဘိန်းမုန့်၊ ေ၀ဖာ၊ အစေ့အဆံ မီးကင်တွေမှာ အသုံးပြုနိုင်ပါတယ်။

 

•       သငေ်္ဘာသီး

          သငေ်္ဘာသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်အီးတို့အပြင် ပါပိန်းလို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါ၀င်ကာ အစာချေစနစ်ကို အားကောင်းစေ၍ အူမကြိးကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

 

•       ဥအမျိုးမျိုး

          ဥတွေကို စားသုံးခြင်းဟာ နေ့လယ်စာ စားချိန်သည့်တိုင်အောင် အစာခံတဲ့အတွက် မနက်စာအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

 

•       မြေပဲ

          မြေပဲမှာပါ၀င်တဲ့ ကျန်းမာစေတဲ့ အဆီနဲ့ ပရိုတင်းဓာတ်ဟာ အစာအိမ်ရဲ့ အက်ဆစ်ပမာဏကို မျှခြေရောက်စေတာကြောင့် အစာအိမ်အနာနဲ့ အက်ဆစ် ဆန်တက်တတ်တဲ့ရောဂါရှိသူတွေ လုံး၀စားသုံးသင့်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

 

•       ဘလူးဘယ်ရီသီး

          ကယ်လိုရီပါ၀င်မှု နည်း၍ အာဟာရကြွယ်၀တာကြောင့် မှတ်ဉာဏ်အားကောင်းခြင်း၊ သွေးပေါင်ချိန်ကို ထိန်းပေးနိုင်ခြင်းနဲ့ ဇီ၀ဗေဒဖြစ်စဉ်ကို မြန်ဆန်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရစေနိုင်ပါတယ်။ ဘလူးဘယ်ရီကို ရေခဲမုန့်အအေး၊ ဘိန်းမုန့်၊ အသုပ်၊ ေ၀ဖာ စတာတွေမှာ ထည့်ပြီး စားသုံးနိုင်ပါတယ်။

 

•       ကွေကာအုပ်

          ကွေကာအုပ်သည် အစာအိမ်မှာရှိတဲ့ အက်ဆစ်ကို ချေဖျက်နိုင်စွမ်း ရှိတာကြောင့် အစာအိမ်နံရံတွေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကွေကာအုပ်မှာ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ အခြားအာဟာရဓာတ်တွေ များစွာပါ၀င်ပါတယ်။ သွေးတွင်း ကိုလက်စထရောပမာဏကို ထိန်းညှိပေး၍ ခန္ဓာကိုယ်ရဲ့ ဇီ၀ဖြစ်စဉ်တွေကို ပိုမိုအားကောင်းစေနိုင်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)