/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်နှင့်အူလမ်းကြောင်း-ကျန်းမာရေးအတွက်-နည်းလမ်းကောင်း-၅-သွယ်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးအတွက် နည်းလမ်းကောင်း (၅) သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရင်ပူခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်းစတဲ့ အစာခြေစနစ်ပြဿနာတွေကို အနည်းနှင့်အများ ခံစားဖူးကြပါလိမ့်မယ်။ အစာအိမ်ကျန်းမာရေးကောင်းခြင်းဖြင့် ကိုယ်ခံအားကိုလည်း ကောင်းမွန်စေတဲ့အပြင် နေ့စဉ်လူနေမှုဘဝကိုလည်း စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အစာခြေစနစ်ပြဿနာတွေ ကင်းဝေးအောင် အောက်ပါနည်းလမ်းလေးတွေကို လိုက်နာနိုင်ပါတယ်။

Kremil-S 1

(၁) မှန်ကန်တဲ့အစားအစာတွေကိုသာ စားပါ
သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများ ညီညွတ်မျှတစွာပါသော အစားအသောက်များကို ရွေးချယ်စားသုံးပါ။
Probiotics ပါသော ဒိန်ချဉ်ဟာလည်း အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၂)  အိပ်ရေး၀၀အိပ်ပါ
အိပ်ရေး၀၀အိပ်စက်ခြင်းဟာ အဝလွန်ခြင်းကို ကာကွယ်ပေးတဲ့အတွက် အစာအိမ်ပြဿနာတွေကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

Kremil-S 2

(၃)  လှုပ်ရှားတက်ကြွမှု ရှိပါစေ
ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာ ကျန်းမာရေးကို အထူးကောင်းစေတဲ့အပြင် ကိုယ်ခန္ဓာ အချိုးအစား ထိန်းသိမ်းပေးတဲ့အတွက် အစာအိမ်ပြဿနာတွေကိုလည်း တားဆီးစေနိုင်ပါတယ်။

(၄)  စိတ်ဖိစီးမှုများကို လျှော့ချပါ
စိတ်ဖိစီးမှုနည်းလေလေ ရင်ပူတာ သက်သာလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်းကို ကာကွယ်ဖို့ဆိုရင် စိတ်ဖိစီးမှုနည်းပါးဖို့ လိုပါတယ်။

(၅)  သောကများနှင့် စိတ်ကျရောဂါကို ကုစားပါ
စိတ်ခံစားမှုနှင့် အစာခြေစနစ်ပြဿနာတွေဟာ ဆက်စပ်နေတဲ့အတွက် မိမိမှာ စိတ်ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတယ်ဆိုပါက လျင်မြန်စွာ ကုသသင့်တယ်နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)