အစာအိမ်ရောဂါ ဆေးဝါးတချို့ဟာ ကျောက်ကပ် ထိခိုက်စေနိုင်
အစာအိမ်ရောဂါမှာ သုံးတဲ့ PPI ဆိုတဲ့ ဆေးဝါးဟာ နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေဖို့ အလားအလာ တိုးစေကြောင်း တွေ့ရှိထားရပါတယ်။
ပထမသုတေသနမှာတော့ PPI အစာအိမ်ဆေးတွေဟာ နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်ပွားနှုန်းကို ဆယ်ဆ တက်စေပါတယ်။ ဒုတိယသုတေသနမှာတော့ နှစ်ဆယ်ကနေ ငါးဆယ်ရာခိုင်နှုန်းထိ တက်သွားပါသတဲ့။
ရေစစ်ဆိုတာလည်း ကြာလာရင် နွမ်းဖတ် ညစ်ပေလာသလိုပဲ ဓာတုဒြပ်ပေါင်းတွေကို စစ်ထုတ်စွန့်ပစ်ရတာ ကြာလာတဲ့အခါ ဆဲလ်တွေဟာ အန္တရာယ်ရှိ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။
နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်ပွားလာနိုင်မှုနဲ့ ဒီအစာအိမ်ဆေးတွေ အသောက်များတာတွေ ဆက်စပ်မှုဟာ လက်ရှိဆေးကုသနေသူတွေကို တပ်လှန့်လိုက်ပါတယ်။
ဒါကြောင့် အစာအိမ်ရောဂါ ရင်ပူနာဖြစ်တဲ့အခါ PPI လို့ခေါ်တဲ့ အစာအိမ်ဆေးတွေကို စိစစ် လျှော့ချသုံးစွဲဖို့ အကြံပြုထားပါတယ်။
တခြားအစာအိမ်ဆေးတွေကိုလည်း အလားတူ သုတေသနတွေပြုလုပ်ဖို့ ရှိပါတယ်။ အစာအိမ်ဆေး၊ ရင်ပူပျောက်ဆေးတွေကိုလည်း ဆရာဝန် ညွှန်ကြားချက်နဲ့သာ ချင့်ချင့်ချိန်ချိန် သုံးစွဲသောက်သုံးကြဖို့ တိုက်တွန်း သတိပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























