/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆစ်အမြစ်ရောင်ရမ်းတာ၊-နာတာတွေ-ဖြစ်ရတဲ့အကြောင်းရင်းများ

အဆစ်အမြစ်ရောင်ရမ်းတာ၊ နာတာတွေ ဖြစ်ရတဲ့အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အဆစ်အမြစ်တွေကို နာကျင်ကိုက်ခဲစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဖြစ်အများဆုံးကတော့ ထိခိုက်ဒဏ်ရာရခြင်းနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းတို့ပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးတဲ့သူတွေမှာ အဆစ်အမြစ်ကိုက်ခဲတာက ပုံမှန်ကြုံနေကျ လက္ခဏာတစ်မျိုး ဖြစ်နေတဲ့အတွက် ဘာ့ကြောင့်ကိုက်ခဲရလဲဆိုတာ သိနိုင်ဖို့ အဆစ်အမြစ်ကိုက်ခဲစေတဲ့ အကြောင်းအရင်းတွေကို ဒီဆောင်းပါးမှာ ခွဲခြားဖော်ပြပေးပါမယ်။
သတိပြုစရာတစ်ခုက ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့အကြောင်းအရင်းတွေက ဖြစ်နိုင်ချေအများဆုံးကို ဖော်ပြထားတာဖြစ်လို့ မိမိရဲ့အဆစ်အမြစ်ကိုက်ခဲရတဲ့ အကြောင်းအရင်းကို ခန့်မှန်းရုံသာ ခန့်မှန်းနိုင်ပြီး ရောဂါနာမည်တပ်တာကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါတယ်။

Alaxan IA (1)

အဆစ်အမြစ်ကိုက်ခဲစေတဲ့ အကြောင်းအရင်းတွေကို အကြမ်းဖျင်းအားဖြင့် (၂) မျိုး ခွဲခြားနိုင်ပါတယ်။ ဒီ ၂ မျိုးထဲမှာမှ ဒီတစ်ခါမှာတော့ အဆစ် (1) ခုထဲ ကိုက်ခဲခြင်း ဖြစ်ရတဲ့အကြောင်းရင်းတွေကို မျှဝေပေးသွားပါမယ်။
1.  ဒူးနာခြင်း
ဒူးဆစ်ဟာ ထိခိုက်မှုအများဆုံးဖြစ်တဲ့ အဆစ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ဟာ ထိုအဆစ်ပေါ်မှာ သက်ရောက်နေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒူးနာခြင်းက တခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

2.  အဆစ်ရောင်ရမ်းခြင်း
တကယ်လို့ အရိုးအဆစ်တစ်ခုကို ခဏခဏ ထိခိုက်မိနေမယ်ဆိုရင် ထိုအဆစ်မှာရှိတဲ့ တစ်သျှူးတွေ၊ အရွတ်တွေဟာ ရောင်ရမ်းသွားနိုင်ပါတယ်။ ဒီလိုရောင်ရမ်းသွားတဲ့အခါ နာကျင်ကိုက်ခဲတာတွေ ဖြစ်လာပါတယ်။ ဒီလိုရောင်ရမ်းခြင်းမှာ အရေပြားနီရဲခြင်း၊ ပူခြင်း စတဲ့လက္ခဏာတွေတော့ တွေ့ရမှာ မဟုတ်ပါဘူး။

3.  ဂေါက်ရောဂါ
အဆစ်ပေါ်က အရေပြားနီရဲရောင်ရမ်းနေပြီး အဆစ်အမြစ်ကိုက်ခဲတာကလည်း မကြာခဏ ဖြစ်နေတယ်ဆိုရင်တော့ ဂေါက်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဂေါက်ရောဂါဟာ အများအားဖြင့် ခြေမအဆစ်ကို ရောင်ရမ်းနာကျင်စေတတ်ပြီးတော့ ရောဂါနာမည်တပ်ဖို့အတွက် ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ပြီးမှ ဆေးကုသမှု ခံယူသင့်ပါတယ်။

Alaxan IA (2)

4.  အရိုးနုပျက်စီးခြင်း
ထိုင်ရာကနေထလိုက်ချိန်၊ လှေကားဆင်းတဲ့အချိန်တွေမှာ ဒူးအဆစ်က နာကျင်ခြင်းကို ဆိုးဆိုးရွားရွား ခံစားနေရတယ်ဆိုရင်တော့ ဒူးမှာရှိတဲ့အရိုးနုလေးတွေ ပျက်စီးသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒူးကို အလွန်အကျွံထိခိုက်စေတဲ့ အားကစားလုပ်သူတွေ (အပြေးသမား၊ ဝိတ်မသူတွေ၊ ဘောလုံးသမားတွေ၊ စက်ဘီးစီးပြိုင်ပွဲဝင်တွေ) စတဲ့ လူတွေမှာ အဖြစ်များပါတယ်။

5.  အဆစ်ထဲကို သွေးထွက်ခြင်း
အဆစ်တစ်ခုခုကို ထိခိုက်မိပြီးနောက် အဆစ်နေရာတစ်ဝိုက်မှာ နီရဲရောင်ရမ်းခြင်း၊ သွေးခြေဥပြီး တောင့်တင်းခြင်း၊ လှုပ်မရအောင် နာကျင်ခြင်းတွေကို ခံစားရပြီဆိုရင်တော့ အဆစ်ထဲကို သွေးထွက်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တာကတော့ အဖြစ်များတဲ့ အကြောင်းအရင်းတွေဖြစ်ပြီး တခြားသော အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။
●  အရိုးကျိုးခြင်း
●  အဆစ်အတွင်းပိုးဝင်ခြင်း
●  လေးဖက်နာရောဂါ
●  သွေးမတိတ်တဲ့ရောဂါ
●  ကင်ဆာ
●  မကြာခဏအဆစ်လွဲခြင်း  စတာတွေပဲ ဖြစ်ပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)