/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆုတ်ကို-အထိခိုက်စေနိုင်ဆုံးသော-အလုပ်-၁၀-မျိုး

အဆုတ်ကို အထိခိုက်စေနိုင်ဆုံးသော အလုပ် ၁၀ မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ဆောက်လုပ်ရေးလုပ်ငန်း 

အဆောက်အဦးဖြိုချဖျက်စီးခြင်း (သို့) ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေမှာလုပ်တဲ့ အလုပ်သမားတွေက အမှုန်တွေရှူတာများတဲ့အတွက် အဆုတ်ကင်ဆာနဲ့ အဆုတ်အမာရွတ်ထင်ပြီး မာစေတဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။

အဆောက်အဦးအဟောင်းတွေနားမှာ အလုပ်လုပ်ရတဲ့အခါ အသက်ရှူကိရိယာပါဝင်တဲ့နှာခေါင်းအုပ်တွေ ဝတ်ဆင်ခြင်းနဲ့ ဆေးလိပ်မသောက်ခြင်းတွေက ရောဂါဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။ 

2. ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ 

စက်ရုံအလုပ်သမားတွေကလည်း အမှုန်၊ ဓာတုပစ္စည်းတွေနဲ့ ဓာတ်ငွေ့တွေထိတွေ့မှုများတဲ့အတွက် နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုရောဂါဖြစ်နိုင်ချေများပါတယ်။ ပြောင်းဖူးပေါက်ပေါက်၊ ဝိုင်အချို့နဲ့ အသင့်စားအစားအစာတွေထုတ်တဲ့နေရာမှာသုံးတဲ့ အရသာကောင်းစေတဲ့ diacetyl ဆိုတဲ့အရာက bronchiolitis လို့ခေါ်တဲ့ လေပြွန်သေးသေးလေးတွေရောင်ရမ်းတဲ့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။

ကာကွယ်နိုင်တဲ့နည်းလမ်းကတော့  ဒီ diacetyl ကို အိုးကြီးထဲကိုပြောင်းထည့်ပြီးမွှေရတဲ့အခါ အဖုံးပိတ်ထားပြီး Filter ပါတဲ့နှာခေါင်းစည်း (မကောင်းတဲ့အနံ့အသက်တွေကို စစ်ထုတ်ပေးနိုင်တဲ့နှာခေါင်းစည်း) တပ်ထားပါ။

3. ကျန်းမာရေးစောင့်ရှောက်မှုအလုပ်များ 

အကြမ်းဖျင်းအနေနဲ့ ကျန်းမာရေးလုပ်သားအချို့မှာ ပြင်းထန်တဲ့ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနေကြပါတယ်။ ဒါဟာ ရာဘာလက်အိတ်တွေမှာပါဝင်တဲ့ အမှုန်တွေကို ဓာတ်မတဲ့ရာမှု ရောဂါရလာကြတာ ဖြစ်ပါတယ်။ ရာဘာလက်အိတ်တွေကို ကိုယ်တိုင်မဝတ်ဘူးဆိုရင်တောင်မှ သူများဝတ်ပြီး ချွတ်သွားတဲ့လက်အိတ်က အမှုန်တွေက အခန်းထဲမှာကျန်ခဲ့ပြီး မိမိကိုထိတွေ့မှုရှိစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ထိတွေ့မှုအနည်းဆုံးဖြစ်အောင်လုပ်တာက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေ၊ သူနာပြုတွေအနေနဲ့ ရာဘာလက်အိတ်ကို ရှောင်ဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက် ဒါနဲ့ဓာတ်မတည့်မှုပြင်းထန်တယ်ဆိုရင် အလုပ်တောင်နားရနိုင်ပါတယ်။ ဒါ့ကြောင့် အချို့သောဆေးရုံတွေကတော့ Latex free လက်အိတ်တွေကို ပြောင်းသုံးနေကြပါပြီ။ 

4. အဝတ်အထည်လုပ်ငန်းများ 

ကူရှင်အဖုံး၊ ပုဝါ၊ ခြေအိတ်၊ အိပ်ရာခင်းနဲ့ အဝတ်အထည်ထုတ်တဲ့လုပ်ငန်းတွေမှာလုပ်ရတဲ့ အလုပ်သမားတွေအကြားမှာ Byssinosis ဆိုတဲ့ အဆုတ်ရောဂါတစ်မျိုးအဖြစ်များပါတယ်။ ချည်မျှင်နဲ့ အခြားအရာတွေကထွက်တဲ့ အမှုန်တွေကို ရှူသွင်းမိတဲ့အခါမှာ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုတွေဖြစ်စေပါတယ်။ ဒီလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့သူတွေထဲမှာမှ

ဆေးလိပ်သောက်တဲ့အလေ့အထရှိတဲ့သူတွေဆိုရင် ရောဂါဖြစ်နိုင်ချေပိုများစေပါတယ်။ နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ အလုပ်နေရာမှာလေဝင်လေထွက်ကောင်းခြင်းက အကျိုးကျေးဇူးရစေပါတယ်။ 

5. အရက်ဆိုင်များ 

ဆေးလိပ်ငွေ့တွေပြည့်နေတဲ့အခန်းထဲမှာ ဝန်ဆောင်မှုပေးရတဲ့ အရက်ရောင်းသူတွေမှာ နှစ်ပေါင်းများစွာ တစ်ဆင့်ခံဆေးလိပ်ငွေ့တွေကို ရှူနေရတဲ့အတွက် အဆုတ်ရောဂါဖြစ်နိုင်ချေများပါတယ်။

ဘားတွေမှာ ဆေးလိပ်သောက်ခွင့်ပြုထားတယ်ဆိုရင် လေဝင်လေထွက်ကောင်းဖို့လည်း အရေးကြီးပါတယ်။ 

6. မုန့်ဖုတ်လုပ်ငန်း 

ပန်းနာရင်ကျပ်ထစေတဲ့ အလုပ်တွေထဲမှာ မုန့်ဖုတ်ခြင်းက ထိပ်ဆုံးကပါပြီး အရွယ်ရောက်ပြီးသူတွေမှာဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါရဲ့ ၁၅% လောက်နဲ့သက်ဆိုင်ပါတယ်။ ဂျုံမှုန့်တွေကို အမြဲရှူနေရတဲ့ မုန့်ဖုတ်သမားတွေက ဓာတ်မတည့်မှုကို လှုံ့ဆော်မှုများပါတယ်။

လေဝင်လေထွက်ကောင်းခြင်းနဲ့ နှာခေါင်းစည်း ဝတ်ဆင်ခြင်းက ရောဂါကိုကာကွယ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ 

7. မော်တော်ကားစက်ရုံများ 

မော်တော်ကားစက်ရုံလုပ်သားတွေ အထူးသဖြင့် ကိုယ်ထည်ပြုပြင်ရေးစက်ရုံမှာလုပ်ရတဲ့သူတွေမှာ အလုပ်ကြောင့်ဖြစ်တဲ့ ပန်းနာရင်ကျပ်ဖြစ်နိုင်ချေရှိပါတယ်။

ကားမှုတ်ဆေးတွေမှာ ပါဝင်တဲ့ isocyanate, polyurethane တွေက အရေပြားကို ထိခိုက်စေနိုင်ပြီး ဓာတ်မတည့်ခြင်းတွေကို ဖြစ်စေတဲ့အပြင် ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူရ ခက်ခဲခြင်းတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

ဒီလိုမဖြစ်အောင် အသက်ရှူစက်များ၊ လက်အိတ်၊ လေကာ၊ရေကာမျက်မှန်နဲ့ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ 

8. သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ 

ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်ရတဲ့ ထရပ်ကားမောင်းသမားတွေနဲ့ မီးရထားစက်ရုံတွေမှာ လုပ်ရတဲ့လုပ်သားတွေမှာ နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ဆို့တဲ့ရောဂါဖြစ်နိုင်ချေများပါတယ်။ အကြီးမားဆုံးအချက်ကတော့ ဒီဇယ်အငွေ့တွေဖြစ်ပါတယ်။ နည်းပညာတွေ တိုးတက်လာတဲ့အတွက် အိတ်ဇောကနေ ဒီဇယ်ထွက်တာ နည်းလာသလို သန့်စင်စက်တွေသုံးလာပေမယ့်လည်း ဒီဇယ်ငွေ့တွေကတော့ ပျံ့နှံ့နေတုန်းပါပဲ။

ဒီဇယ်ငွေ့ထွက်တဲ့ အိတ်ဇောပိုက်နဲ့တိုက်ရိုက်ထိတွေ့မှုကိုရှောင်ပြီး အကာအကွယ်တွေသုံးမယ်ဆိုရင်တောာ့ ရောဂါဖြစ်နို်င်ချေကို လျော့ကျစေနိုင်ပါတယ်။ 

9. သတၴုတွင်းလုပ်သားများ 

သတၴုတွင်းလုပ်သားတွေက အမှုန်တွေနဲ့ထိတွေ့မှုများတဲ့အတွက် နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း ရောဂါအပါအဝင် အဆုတ်ရောဂါအတော်များများဖြစ်စေပါတယ်။ လေထဲမှာပါဝင်တဲ့ ဆီလီကာက အဆုတ်တစ်သျှူးတွေမှာ အရွတ်ဖြစ်စေတဲ့ silicosis ဆိုတဲ့ အဆုတ်ရောဂါတစ်မျိုးဖြစ်စေနိုင်ပါတယ်။ ကျောက်မီးသွေးတွင်းလုပ်သားတွေမှာ အနက်ရောင်အဆုတ်လို့ခေါ်တဲ့ အဆုတ်အရွတ်ထင်စေတဲ့ နောက်ထပ်အဆုတ်ရောဂါတစ်မျိုးဖြစ်တဲ့ pneumoconiosis အဖြစ်များပါတယ်။ ကျောက်မီးသွေးမှုန်တွေနဲ့ ထိတွေ့တဲ့နှစ်ကြာလေလေ ဖြစ်နိုင်ချေပိုများလေဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်မသောက်ခြင်းနဲ့ အမှုန်တွေကိုစစ်ထုတ်ပေးနိုင်တဲ့ နှာခေါင်းစည်းများတပ်ဆင်ခြင်းတို့ကို လိုက်နာဖို့ လိုပါတယ်။ 

10. မီးသတ်သမားများ 

မီးသတ်သမားတွေက မီးလောင်နေတဲ့အဆောက်အဦးကနေထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ ဓာတုပစ္စည်းမျိုးစုံကို ရှူသွင်းနေကြရပါတယ်။ မီး​လောင်​နေချိန်မှာ နှာခေါင်းအုပ်တွေနဲ့ အသက်ရှူကိရိယာတွေဝတ်ဆင်တာက ကာကွယ်ပေးနိုင်ပေမယ့် မီးလောင်ပြီးနောက်အကြွင်းအကျန်တွေကို ရှင်းတဲ့အခါမှာ မဝတ်ကြတော့ပါဘူး။

မီးငြိမ်းသွားပြီးချိန်မှာတောင် အဆိပ်ဖြစ်စေတဲ့အရာတွေနဲ့ မီးခိုးငွေ့တွေကို ရှူသွင်းခြင်းက အန္တရာယ်များတဲ့အတွက် မီးငြှိမ်းတဲ့အဆင့်တိုင်းမှာ အကာအကွယ်တွေဝတ်ဆင်ထားဖို့လိုပါတယ်။ 

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

























9. သတ်ထုတှငျးလုပျသားမြား



 



Dr. Mya Myo Myo Swe (www.drmyanmar.com)