အတ္တကြီးခြင်း
ဒီတစ်ခေါက်မှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်တဲ့ အတ္တကြီးခြင်းအကြောင်းကို တင်ပြလိုပါတယ်။ အတ္တကြီးတဲ့သူတွေရဲ့ လက္ခဏာတွေနဲ့ သူတို့ရဲ့ ဖြစ်တတ်တဲ့ စိတ်ခံစားချက်တွေကို သိထားရင် ကိုယ့်ပတ်၀န်းကျင်မှာ တစ်စုံတစ်ယောက်က ဒီလိုဖြစ်နေပြီဆိုရင် စောစောစီးစီး စိတ်ကျန်းမာရေးဆရာ၀န်နဲ့ သွားရောက်တိုင်ပင်ဆွေးနွေးပေးသင့်ပါတယ်။ အတ္တကြီးသူတွေဟာ -
1. အခြားသူများရဲ့ပြဿနာတွေကို လုံးဝစိတ်ဝင်စားမှုမရှိခြင်း
အတ္တကြီးသူတွေတစ်ယောက်ရဲ့ ဝိသေသနလက္ခဏာတစ်ရပ်ကတော့ မိမိကိုယ်သာ မိမိလွန်ကဲစွာစိတ်ဝင်စားပြီး အခြားသူတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဂရုစိုက်လေ့မရှိပါဘူး။ အတ္တကြီးသူတွေမှာ စာနာပေးနိုင်စွမ်းနဲ့ ကိုယ်ချင်းစာစိတ်လုံးဝပျောက်ဆုံးနေပါတယ်။
2. နှစ်လိုဖွယ်ရှိ၍ စွဲဆောင်နိုင်စွမ်းမြင့်မားခြင်း
အတ္တကြီးသူတွေနဲ့ ပထမဆုံးအကြိမ်ဆက်ဆံတဲ့အချိန် သူတို့ဟာ အခြားသူတွေရဲ့အမြင်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ဆုံးဖြတ်ချက်ခိုင်မာခြင်း၊ နွေးထွေးပျူငှာခြင်း၊ ဟာသဉာဏ်ရွှင်ခြင်း စတဲ့အရည်အချင်းတွေနဲ့ ပြည့်စုံတယ်လို့အထင်ရှိစေနိုင်ပါတယ်။ ဆိုလိုတာကတော့ အတ္တကြီးသူတွေဟာ သူတို့အကြောင်းကိုသေချာမသိဘဲ အခြားသူများရဲ့အာရုံကို ညှို့ထိနိုင်စွမ်းရှိတာကြောင့် အများအားဖြင့် အခန်းထဲမှာ အကျော်ကြားဆုံးစိတ်ဝင်စားစရာအကောင်းဆုံးပုဂ္ဂိုလ်တွေဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့မကောင်းတဲ့စရိုက်တွေဟာ တဖြည်းဖြည်းရုပ်လုံးပေါ်လာလေ့ရှိပါတယ်။
3. ရေတိုခေါင်းဆောင်ဖြစ်လေ့ရှိခြင်း
အတ္တသမားတွေဟာ သူတို့ရဲ့အတ္တဝါဒီနဲ့ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့စိတ်တွေကြောင့် ခေါင်းဆောင်နေရာကို ရယူလိုကြတာဖြစ်ပါတယ်။ သူတို့ဟာ အတိုင်းအတာတစ်ခုထိ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ရပ်တည်နိုင်သော်လည်း ရေရှည်မှာတော့ သူတို့ရဲ့အတ္တစိတ်တွေကြောင့် လက်အောက်ငယ်သားတွေရဲ့ စိတ်ပျက်မှုကိုရရှိလာနိုင်ပါတယ်။
4. သူငယ်ချင်းတွေကို စွန့်ပစ်လွယ်ခြင်း
အတ္တလွန်ကဲနေသူတွေဟာ အခြားသူတွေရဲ့အထင်ကြီးမှုကို အမြဲတစေဆာလောင်မွတ်သိမ်နေတတ်ပါတယ်။ ဒါကြောင့်လည်း သူတို့ကိုအထင်ကြီးနိုင်မယ့်သူငယ်ချင်းအသစ်တွေကို တစ်စိုက်မတ်မတ်ရှာဖွေနေလေ့ရှိပါတယ်။ အမှန်တကယ်တော့ အထင်ကြီးမှုကိုရှာဖွေခြင်းဖြစ်စဉ်ဟာ အတ္တသမားတွေအတွက် ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်ပြီးနောက်မှာတော့ သူတို့ရဲ့အတ္တကိုတဖြည်းဖြည်းမြင်တွေ့လာပြီး ရှောင်ဖယ်သွားတာကြောင့် သူငယ်ချင်းအသစ်များကို အသစ်တစ်ဖန်ထပ်မံရှာဖွေရနိုင်ပါတယ်။
5. ကြိုးကိုင်ခြယ်လှယ်တဲ့နေရာမှာ ဆရာကျခြင်း
လူတစ်ဦးနဲ့ပတ်သက်ဆက်နွယ်တဲ့နေရာမှာ အတ္တကြီးသူတွေဟာ အမြဲတစေ ကြိုးကိုင်ခြယ်လှယ်လိုကြပါတယ်။ ထို့ပြင် သူတို့ဟာ သူတို့ရဲ့အတ္တကိုအရောင်တင်ပေးနိုင်သူတွေ (သို့) သူတို့ကို ငွေကြေး၊ လိင်ကိစ္စ၊ လူမှုပတ်ဝန်းကျင်မှာ သူတို့ဘက်မှရပ်တည်ပေးခြင်း၊ သူတို့လိုအပ်တာကို ထောက်ပံ့ပေးနိုင်ခြင်း စတာတွေကိုလုပ်ပေးနိုင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုနဲ့ ချစ်သူတွေအပေါ်ကိုသာ အကောင်းမြင်လေ့ရှိပါတယ်။
6. သူတို့ကိုယ်သူတို့ ဘယ်လောက်တော်လဲဆိုတာကို အမွှန်းတင်မဆုံးခြင်း
အတ္တကြီးသူတွေဟာ သူတို့ရဲ့အောင်မြင်မှုနဲ့ သူတို့အကြောင်းတွေကို ပြောပြရတာလောက်နှစ်သက်တာမရှိပါဘူး။ သူတို့ကိုယ်သူတို့ အလွန်ကြီးကျယ်မြင့်မြတ်တယ်လို့ အထင်ရှိရုံသာမက အခြားသူများထက် အမြဲသာလွန်နေတယ်လို့လည်း ထင်နေပါတယ်။ ဒါကြောင့် အတ္တသမားတွေရဲ့ ထူးခြားချက်အဖြစ် မိမိကိုယ်ကိုအရေးကြီးဆုံးပုဂ္ဂိုလ်အဖြစ် အထင်ရောက်နေခြင်းပဲဖြစ်ပါတယ်။
7. ဝေဖန်ပြစ်တင်မှုကို ခံနိုင်ရည်စွမ်းမရှိခြင်း
အချို့သော အတ္တသမားတွေဟာ မြိုသိပ်နိုင်စွမ်းရှိကြပေမယ့်လည်း အများစုကတော့ ဝေဖန်မှုတွေရဲ့ ရှုံးနိမ့်မှုတွေအပေါ်မှာ ဆိုးရွားစွာတုံ့ပြန်လေ့ရှိပါတယ်။ သူတို့ရဲ့အားနည်းချက်တစ်ခုခုကို သာမန်အနေနဲ့ပြောဆိုလိုက်တာဖြစ်ပေမယ့်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အော်ဟစ်ခြင်း၊ ငိုကြွေးခြင်း၊ ဒေါသတကြီးတုံ့ပြန်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါတွေဟာ အခြားသူတစ်ဦးအတွက် ပြစ်တင်ရှုံးချဖို့ အခွင့်အလမ်းပေးလိုက်သလို ဖြစ်စေပါတယ်။
8. ငြင်းဆန်တဲ့ အဖြေတွေကိုလက်မခံနိုင်ခြင်း
ကိုယ်ချင်းစာတရားမရှိတာကြောင့် အတ္တလွန်ကဲသူတွေဟာ ငြင်းဆန်တဲ့အဖြေတွေကို လက်ခံနိုင်စွမ်းမရှိကြပါဘူး။ ဒီဖြစ်နိုင်ချေတွေဟာ သူတို့ကို ဒုစရိုက်မှုတွေကျူးလွန်းလို့ တွန်းအားတွေဖြစ်လာစေပါတယ်။
9. မိမိကိုယ်မိမိလုံခြုံစိတ်ချမှုမရှိသလို ခံစားရခြင်း
တစ်ကိုယ်ကောင်းသမားတွေဟာ သူတို့ကိုယ်သူတို့ အလွန်ကြီးကျယ်မြင့်မြတ်တယ်လို့ အထင်ရှိကြပေမယ့်လည်း တကယ်တမ်းလက်တွေ့မှာမလုပ်နိုင်တာကြောင့် ခံနိုင်ရည်စွမ်းနည်းဟာလာကာ ကိုယ့်ကိုကိုယ့်ယုံကြည်မှုလည်း ကျဆင်းလာပါတယ်။ ဒါကြောင့် မိမိအခြေအနေကိုမိမိ တဖြည်းဖြည်းရိပ်စားလာမိပြီး ရှက်ရွံ့ခြင်း၊ အထီးကျန်ခြင်း၊ တစ်ကိုယ်တည်းနေခြင်း၊ စကားနည်းလာခြင်းတို့ကို ခံစားရနိုင်ပါတယ်။
10. စကားပြောလျှင် တည့်တည့်ပြောတတ်ခြင်း
လူအများစုဟာ အတ္တလွန်ကဲခြင်းကို မကောင်းမြင်လေ့ရှိကြသော်လည်း အတ္တသမားတွေကတော့ အဲလိုမမြင်တဲ့အပြင် ဂုဏ်တောင်ယူတတ်ကြပါသေးတယ်။ အခြေအနေအချိန်အခါနဲ့ လူတစ်ဦးချင်းစီပေါ်မူတည်တယ်ဆိုပေမယ့်လည်း ယေဘုယျအားဖြင့် သူတို့မှာအခြားသူတွေကိုပြောဖို့ဆိုဖို့ အမြဲအခွင့်အရေးရှိနေတတ်ပါတယ်။ ထူးဆန်းတာတစ်ခုကတော့ အတ္တသမားတွေဟာ သူတို့ကိုအဲလိုသတ်မှတ်တာကို လိုလိုလားလားရှိကြတာဖြစ်ပါတယ်။ ဖြစ်နိုင်တာက သူတို့ကိုယ်သူတို့အခြားသူတွေနဲ့ မတူကွဲပြားပြီး ထူးခြားတယ်လို့ ခံစားစေလို့ပဲဖြစ်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)




























