အနာကျက်မြန်စေဖို့ ဘယ်လိုဓာတ်တွေ စားပေးသင့်သလဲ
ကိုယ်ခန္ဓာမှာ အနာကျက်မြန်ပြီး ကောင်းကောင်းနာလန်ထူနိုင်ဖို့ဆိုတာ ကိုယ်စားတဲ့ အစားအစာတွေနဲ့ အဓိက သက်ဆိုင်နေတယ်နော်။ ဒီလိုအစားအစာတွေနဲ့ အားအင်ကောင်းကောင်းမဖြည့်နိုင်ဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ပိုဖြစ်လာနိုင်ပါတယ်။
ကဲ ... ဒါဆိုရင် ဘယ်လိုအစားအစာဓာတ်တွေက အနာကျက်မြန်စေနိုင်တယ်ဆိုတာကို ကြည့်ကြရအောင်နော် ...
ImmunPro 2022 IA 1

● ဗီတာမင်စီ
ဗီတာမင်စီဟာ ကော်လဂျင်ထုတ်လုပ်ရာမှာ အရေးပါပါတယ်။ အနာကောင်းကောင်းကျက်ဖို့ဆိုရင် ကော်လဂျင် ကောင်းကောင်းထုတ်ဖို့ လိုအပ်တာပေါ့။ အချဉ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီးတွေနဲ့ အာလူးတွေကနေ ဗီတာမင်စီကို ရရှိနိုင်ပါတယ်။
● ဇင့်ဓာတ်
ဇင့်ဓာတ်ဟာလည်း ကော်လဂျင်တည်ဆောက်ရာမှာ ပါဝင်တာကြောင့် အနာကျက်ဖို့အတွက် လိုအပ်ပါတယ်။ ဒီလိုအပ်တဲ့ဇင့်ဓာတ်ကို ပင်လယ်စာ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဒိန်ချဉ်၊ ချိစ် စတာတွေကနေ ရရှိနိုင်ပါတယ်။
ImmunPro 2022 IA 2

● ပရိုတင်းဓာတ်
ပဲပိစပ်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ချိစ်၊ ကြက်၊ ဘဲ၊ ငါးနဲ့ အစေ့အဆံတွေကနေ ပရိုတင်းဓာတ် ကြွယ်ကြွယ်ဝဝ ရရှိနိုင်ပါတယ်။ ဒီလို ပရိုတင်းဓာတ်ကောင်းကောင်းရရှိမှ ကောင်းကောင်းအနာကျက်မယ့်အပြင် ကိုယ်ခံအားကောင်းပြီး ဝင်လာမယ့်ရောဂါပိုးမွှားတွေကို တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။
● ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ
အရိုးတည်ဆောက်မှုအတွက် အရေးပါတဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီကို ကိုယ်ခန္ဓာက မထုတ်လုပ်နိုင်တာကြောင့် နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ နေရောင်ခြည်ကနေ ရယူဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























