/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အနီရောင်ရှိသောအသားကို-လျှော့စားသင့်သည့်အကြောင်းများ

အနီရောင်ရှိသောအသားကို လျှော့စားသင့်သည့်အကြောင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      အမဲသား - အနီရောင်ရှိတဲ့အသားဆိုတာနဲ့ အရင်ဆုံးသတိရတာကတော့ အမဲသားပါပဲ။ အနီရောင်ရှိတဲ့ အခြားအသားတွေလည်းအများကြီး ရှိကြပါတယ်။ ဥပမာ - သိုးသား၊ ကျွဲသား၊ ဝက်သား၊ သမင်သား၊ ပြောင်သား တို့ဖြစ်ကြပါတယ်။ မပျံသန်းနိုင်တဲ့ ငှက်အမျိုးအစားအချို့ဖြစ်တဲ့ emu (သြစတျေးလျငှက်တစ်မျိုး)၊ ငှက်ကုလားအုတ်စတဲ့ ငှက်ရဲ့အသားတွေကလည်း အနီရောင်ရှိကြပါတယ်။

      အနီရောင်ရှိတဲ့အသားတွေစားသုံးခြင်းဟာ ကောင်းကျိုး၊ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ကောင်းကျိုးတွေ ကတော့ အသားဓာတ်နဲ့ သံဓာတ်တွေကြွယ်ဝပြီးတော့ ဆိုးကျိုးကတော့ ပြည့်ဝဆီနဲ့ ကိုလက်စရောတွေ အများကြီးပါဝင်ပါတယ်။ ဒီအပေါ်မူတည်ပြီး စားသုံးသူတွေက စားသင့် မစားသင့် ကိုချင့်ချိန်ကြရပါမယ်။

     အနီရောင်ရှိတဲ့ အသားတွေကို လျှော့စားရင် ဘယ်လိုအကျိုးကျေးဇူးရှိနိုင်လဲဆိုတဲ့ အကြောင်းရင်း အချို့ကို ဖော်ပြလိုက်ပါတယ်။

1. ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

           နေ့စဉ် အနီရောင်ရှိတဲ့အသား ၂ အောင်စစားသုံးခြင်းက ဆီးချိုရောဂါ အမျိုးအစား- ၂ ဖြစ်နိုင်ချေ ၃၂% ပိုများပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီလိုဖြစ်တာဟာ အသားထဲမှာပါတဲ့ ပြည့်ဝဆီတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

2. မကောင်းတဲ့ ကိုလက်စရောတွေကို လျှော့ချပေးပါတယ်။

       အနီရောင်ရှိတဲ့အသားမှာ ကိုလက်စရောပါဝင်မှုများပြီး လျှော့စားခြင်းဖြင့် သွေးတွင်းကိုလက်စရောဓာတ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒီအသားထဲမှာပါဝင်တဲ့ ပြည့်ဝဆီနဲ့ ကိုလက်စရောဓာတ်တွေက သွေးလွှတ်ကြောထဲမှာ သွေးခဲတွေကိုဖြစ်စေပြီး အခြားကျန်းမာရေးပြသနာတွေရစေနိုင်ပါတယ်။

3. သွေးပေါင်ချိန်ကို ပုံမှန်အတိုင်းဖြစ်အောင်ထိန်းပေးပါတယ်။

       သွေးခဲတွေဖြစ်ပေါ်စေခြင်းဖြင့် သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ကာလကြာရှည်စွာ သွေးပေါင်ချိန်တက် ခြင်းကြောင့် ကျောက်ကပ်၊ မျက်လုံးစတဲ့ ကိုယ်အင်္ဂါတွေကို ပျက်စီးစေပါတယ်။ နှလုံးခုန်ရုတ်တရက်ရပ်ခြင်းကိုလည်း ဖြစ်စေပါတယ်။

4. လေဖြတ်ခြင်းဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

      အထူးသဖြင့် အဆီကပ်တဲ့အသားမှာပါဝင်တဲ့ ကိုလက်စရောနဲ့ ပြည့်ဝဆီတွေကြောင့် လေဖြတ်နိုင်ချေများပါတယ်။

5. နာတာရှည် နှလုံးပြသနာများကို လျော့ကျစေပါတယ်။

        တစ်နေ့ကို အနီရောင်ရှိတဲ့အသား ၃ကြိမ်စားသုံးသူတွေဟာ နာတာရှည်နှလုံးရောဂါဖြစ်ပွားနိုင်ချေ ၂၉% ပိုများပါတယ်။ ဒါဟာ အသားထဲမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် carnitine ကနေ အစာချေတဲ့အချိန်မှာ အဆိပ်ဓာတ်တစ်မျိုး ( trimethylamineoxide or TMAO ) ကိုထုတ်ပေးလို့ဖြစ်ပါတယ်။

6. အဝလွန်ခြင်းကို လျှော့ချပေးပါတယ်။

       ဒီအသားမှာပါဝင်တဲ့ ကိုလက်စရောနဲ့ ပြည့်ဝဆီတွေကြောင့် အဝလွန်မှုကိုဖြစ်စေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းမလုပ်ဘဲ အနီရောင်ရှိတဲ့အသားစားသုံးခြင်းကိုပဲရှောင်ကြဉ်ရုံနဲ့တော့ ကိုယ်အလေးချိန်မကျနိုင်ပါဘူး။

7. ကင်ဆာဖြစ်စေမှုကို လျော့ကျစေပါတယ်။

        အနီရောင်ရှိတဲ့အသားကို အသင့်အတင့်စားသုံးသူတွေထက် အများအပြားစားသုံးသူတွေမှာ ကင်ဆာပိုဖြစ်တတ်ပါတယ်။ အနီရောင်ရှိတဲ့အသားကို ပုံမှန်စားသုံးတဲ့သူတွေဟာ အသည်းန့ဲ အစာပြွန် ကင်ဆာတွေနဲ့ ဆက်စပ်နေပါတယ်။

8. အယ်ဇိုင်းမားလို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းလာတဲ့ရောဂါ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

       အနီရောင်ရှိတဲ့အသား အလွန်အကျွံစားသုံးခြင်းက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ဒီအသားထဲမှာပါဝင်တဲ့ သံဓာတ်တွေက ဦးနှောက်ဆဲလ် တွေကိုပျက်စီးမှုများစေလို့ဖြစ်ပါတယ်။

 

 

Dr. Mya Myo Myo Swe

www.drmyanmar.com