အပြာရောင်မီးအလင်း၏ ဆိုးကျိုးများ
လျှပ်စစ်ပစ္စည်းတွေနဲ့ စွမ်းအင်များတဲ့မီးလုံးတွေက ထွက်လာတဲ့မီးအပြာရောင်တွေနဲ့ ညအချိန်မှာ ထိတွေ့မှုက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
ညအချိန်မှာ အလင်းရောင်က ခန္ဓာကိုယ်ရဲ့ဇီဝနာရီကိုအကျိုးသက်ရောက်စေပြီး အိပ်စက်မှုကို အနှောင့်အယှက်ပေးပါတယ်။ ပိုဆိုးတာကတော့ ကင်ဆာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အဝလွန်ခြင်း စတာတွေကို ဖြစ်စေပါတယ်။ အရောင်အားလုံးကြောင့်တော့မဖြစ်ပါဘူး။ အပြာရောင်အလင်းတန်းတွေ ကတော့ နေ့အခါမှာအကျိုးပြုပေမယ့် ညအခါမှာတော့အနှောင့်အယှက်ဖြစ်စေပါတယ်။
♦ ညဘက်အလင်းရောင်များ၏ ကျန်းမာရေးဆိုးကျိုးများ
လေ့လာချက်များအရ ညဘက်အလုပ်လုပ်ခြင်း၊ ညဘက်မီးရောင်များများထိတွေ့ခြင်းတွေနဲ့ ကင်ဆာ (ရင်သား၊ ဆီးကျိတ်)၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ခြင်းတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ဆိုပါတယ်။ အလင်းရောင်တွေက melatonin ဆိုတဲ့ ဇီဝစည်းချက်နဲ့ဆိုင်တဲ့ ဟော်မုန်းထွက်တာကိုဟန့်တားပြီးတော့ melatonin နည်းခြင်းကြောင့် ကင်ဆာဖြစ်နိုင်ပါတယ်။
မီးရောင်မှိန်မှိန်လေးကတောင် လူတစ်ယောက်ရဲ့ကိုယ်တွင်းစည်းချက်နဲ့ မယ်လတိုနင် ထုတ်လုပ်မှုအပေါ် နှောင့်ယှက်နိုင်ပါတယ်။ ညဘက်အလင်းရောင်တွေက လူအများညဘက်မှာ အိပ်မပျော်ရခြင်းရဲ့အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။ အိပ်စက်ချိန်နည်းခြင်းကြောင့် စိတ်ကျခြင်း၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောရောဂါတွေဖြစ်စေပါတယ်။
♦ အပြာရောင်အလင်း၏ အကျိုးသက်ရောက်မှု
ဘယ်အလင်းရောင်မျိုးကြောင့်မဆို မယ်လတိုနင်ထုတ်လုပ်မှုကိုအနှောင့်အယှက်ဖြစ်စေပေမယ့် အပြာရောင်အလင်းကတော့ ပိုဆိုးပါတယ်။ အပြာရောင်အလင်းက အစိမ်းရောင်အလင်းထက် မယ်လတိုနင်ကို 2 ဆပိုပြီး ဖိနှိပ်ထားပြီး ကိုယ်တွင်းစည်းချက်ကို 2 ဆ ပိုပြီးကြာစေပါတယ်။
♦ အပြာရောင်အလင်းကို လှျှော့ချပါ
Fluorescent မီးသီးတွေနဲ့ LED မီးတွေက အရင်ကသုံးနေကျမီးလုံးတွေထက်ပိုပြီး စွမ်းအင်များသလို အပြာရောင်မီးလည်းပိုများပါတယ်။ fluorescent light ကိုတော့မပြောင်းလဲနိုင်ပေမယ့် မီးသီးထဲမှာတစ်ထပ်ခံထားခြင်းဖြင့် အပြာရောင်အလင်းအနည်းငယ်ကိုပဲထွက်စေပါလိမ့်မယ်။
♦ ဘာလုပ်နိုင်သလဲ
ညဘက်မှာ အနီရောင်မီးမှိန်မှိန်ပဲထားပါ။ အနီရောင်မီးတွေကကိုယ်တွင်းစည်းချက်နဲ့ မယ်လတိုနင်ထုတ်လုပ်မှုအပေါ်မှာ အနည်းဆုံးအကျိုးသက်ရောက်မှုရှိပါတယ်။ အိပ်ရာမဝင်မီ 2-3 နာရီလောက် အလင်းရောင်စူးတဲ့ တီဗီ၊ ဖုန်း၊ တက်ဘလပ် စတဲ့ဖန်သားပြင်တွေကိုကြည့်ခြင်းမှရှောင်ကြဉ်ပါ။ ညဘက်မှအလုပ်လုပ်ရတယ် (သို့) ညဘက်မှာ လျှပ်စစ်ပစ္စည်းအများအပြားအသုံးပြုရတယ်ဆိုရင် အပြာရောင်အလင်းပိတ်မျက်မှန်တပ်ခြင်း (သို့) ညဘက်မှာ အပြာရောင်နဲ့ အစိမ်းရောင်အလင်းတွေကို စစ်ထုတ်ပေးတဲ့ ပရိုဂရမ်တစ်ခုထည့်ထားပါ။ နေ့အချိန်မှာ အလင်းရောင်များများထိတွေ့ခြင်းဖြင့် ညဘက်မှာအိပ်ပျော်စေပြီးတော့ နေ့ဘက်မှာစိတ်ကြည်ပြီး လန်းဆန်းနေစေပါလိမ့်မယ်။
Dr. Mya Myo Myo Swe




























