/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အမေရိကန်နိုင်ငံတွင်-သားအိမ်အစားထိုးထားသော-မိခင်မှ-ပထမဦးဆုံးကလေး

အမေရိကန်နိုင်ငံတွင် သားအိမ်အစားထိုးထားသော မိခင်မှ ပထမဦးဆုံးကလေး မွေးဖွားပေးခဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမေရိကန်နိုင်ငံ၊ Dallas မြို့ရှိ Baylor တက္ကသိုလ် ကျန်းမာရေးစင်တာတွင် သားအိမ် အစားထိုးထားသော မိခင်မှ ပထမဆုံး ကလေးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ကလေး၏မိခင်မှာ သားအိမ်မရှိဘဲ သားအိမ်အစားထိုး ထည့်ထားရသူ ဖြစ်ပါသည်။

          ဒီသားအိမ်အစားထိုးခြင်းက သားအိမ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့ အမျိုးသမီးများတွင် သနေ္ဓမအောင်နိုင်သော ပြဿနာအတွက် ကုထုံးအသစ်တစ်ခုကို လေ့လာတဲ့အနေနဲ့ ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

          သားအိမ် ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုတာက အမျိုးသမီးတစ်ယောက်မှာ မွေးကတည်းက သားအိမ် ပါမလာခြင်း၊ အကြောင်း တစ်စုံတစ်ခုကြောင့် သားအိမ် ဆုံးရှုံးသွားခြင်း (သို့) သားအိမ်ရှိလျက်နှင့် သားအိမ် အလုပ် မလုပ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

          ဒီဖြစ်စဉ်က အမေရိကန်မှာ ပထမဦးဆုံးဖြစ်ပေမယ့် ကမ္ဘာ့ပထမဦးဆုံး အစားထိုးသားအိမ်မှ မွေးဖွားလာတဲ့ကလေးကတော့ ဆွီဒင်နိုင်ငံ၊ Gothenburg တက္ကသိုလ်မှ 2014 ခုနှစ်၌ မွေးဖွားပေးခဲ့ပါတယ်။ အသက် (36) နှစ်အရွယ်ရှိတဲ့ မိခင်မှ မွေးဖွားခဲ့တာဖြစ်ပြီးတော့ သားအိမ်အလှူရှင်က ဆွေမျိုးတော်စပ်ခြင်းမရှိတဲ့ အသက် (61) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

          အဲဒီအချိန်ကစပြီးတော့ ယနေ့အထိ ဆွီဒင်နိုင်ငံမှ ဆေးရုံတွင် အစားထိုး သားအိမ်ထည့်ထားသော မိခင်များမှ မွေးဖွားလာသော ကလေးစုစုပေါင်း (8) ဦး ရှိပါပြီ။

Dr. Mya Myo Myo Swe (www.drmyanmar.com)