အရိုးတွေကျန်းမာသန်စွမ်းဖို့ ဘာတွေလိုအပ်သလဲ၊ ဘာတွေလုပ်သင့်သလဲ
• ကယ်လဆီယမ်ဓာတ်ဟာ အရိုးတွေဖွွံဖြိုးဖို့ အရပ်ရှည်လာဖို့ သန်စွမ်းလာဖို့ လိုအပ်ပါတယ်။ အရိုးတွေခိုင်မာတောင့်တင်းပြီး ပုံမှန်ကြီးထွားလာဖို့နေ့စဉ်အစားအစာတွေထဲမှာ ကယ်လစီယမ်ဓာတ်ပြည်လျှံကြွယ်ဝနေဖို့လိုပါတယ်။ (ဥပမာ - ပဲ၊ နို့နှင့် နို့ထွက်ပစ္စည်း)
• ဗီတာမင်ဒီဟာ အရိုးခိုင်မာဖို့ နောက်ထပ်ဗီတာမင်ဓာတ်တခုဖြစ်ပြီး ဗီတာမင်ဒီဓာတ်ပြည့်ဝကျန်းမာနေမှ ကြီးထွားသန်စွမ်းလာမှာပါ။ ဗီတာမင်ဒီဓာတ်ပြည့်၀ဖို့ ဖြည့်စွက်ဆေးဝါး (သို့) ငါးများများစားပေးရပါမယ်။
• နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်း ကိုယ်လက်လှုပ်ရှားမှုတခုပြုလုပ်ပေးခြင်းဖြင့် အရိုးတွေနဲ့ တွယ်ဆက်အရွတ်တွေ
လုံးဝသန်စွမ်းလာပြီး လျော့ရဲတာတွေ မဖြစ်မှာဖြစ်ပါတယ်။
• ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ဓာတုပစ္စည်းတွေဟာ သင့်အဆုတ်သာမက အရိုးနဲ့ ခြင်ဆီကိုပါ အကြီးအကျယ်အန္တရာယ်ပေးနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေဟာ အရိုးပွအရိုးကျိုးဖြစ်လွယ်သူတွေပါ။
• ပရိုတင်းဓာတ်ပြည်ဝနေုခင်းဖြင့်ကြွက်သားတွေကို ခိုင်မာလာစေပါတယ်။ ကြွက်သားဖွဲ့စည်းတည်ဆောက်မှု ခိုင်မာတဲ့ ခန္ဓာကိုယ်တခုဟာ အလွယ်တကူအရိုးပွ အရိုးကျိုးတာ ဖြစ်မှာမဟုတ်ပါဘူး။
• ကော်လဂျင်ဓာတ်ဟာ အရိုးရဲ့တွယ်ဆတ်အရွတ်တွေကို ဖွံဖြိုးကြီးထွားစေပြီး အရေပြားနဲ့ အသားတွေ တင်းရင်းလာစေလို့ အရိုးတွေ ဟန်ချက်ညီမျှမှုကို ထိန်းသိမ်းပေးပါတယ်။
• အိုမီဂါ 3 ဓာတ်ဟာ နှလုံးရောဂါကာကွယ်ဖို့ နာမည်ကြီးသလို အရိုးနဲ့အရွတ်တွေခိုင်မာဖို့ အဓိကအရေးပါလျက်ပါတဲ့။ ပင်လယ်စာ သို့မဟုတ် ဖြည့်စွက်ဆေးဝါးနဲ့ အိုမီဂါသရီးကို ပုံမှန်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။
• လေးလံတဲ့ ခန္ဓာကိုယ်၊ အဝလွန်တဲ့ခန္ဓာကိုယ်လောက် အရိုးတွေကို ဒုက္ခပေးနိုင်တာမရှိတော့ပါဘူး။ အဝလွန်သူတွေဟာ အရိုးကျိုးလွယ်တဲ့အပြင် အရိုးတွယ်ဆက်မှုနဲ့ သန်စွမ်းမှုအားနည်းနေတတ်ပါတယ်။ ဒီတော့ ဝိတ်လျှော့ပါ။
• ကဖိန်းဓာတ်ဟာ ကော်ဖီနဲ့ တချို့အချိုရည်တွေမှာပါဝင်ပြီး ကဖိန်းလွန်ကဲမှုဟာ အရိုးပွတာ အရိုးကျွတ်ဆတ်တာတွေ ဖြစ်စေပါတယ်လို့ သုတေသနတွေထွက်ရှိထားပါတယ်။
• ဆားလျှော့စားပါ။ ဂျပန်သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ဆားအစားများလေ ကယ်လဆီယမ်စွန့်ပစ်မှုများလေဖြစ်ပြီး အရိုးတွေကို ချိနဲ့စေပါသတဲ့။
နောက်ထပ်အရိုးကျန်းမာရေးဂရုပြုဖို့ မဖြစ်မနေသိထားရမယ့် အချက်အလက်လေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
• အမျိုးသမီးတွေဟာအမျိူးသားတွေထက် အရိုးပွတာပိုဖြစ်တတ်ပါတယ်။
• အသက်၃၀ ကျော်တာနဲ့ အရိုးသိပ်သည်းဆစစ်ဆေးပြီး အရိုးကျန်းမာရေးဂရုပြုဖို့လိုလာပါပြီ။
• မိသားစု မျိုးရိုးထဲမှာ အရိုးပွတာကြောင့် အရိုးကျိုးတာဖြစ်ဖူးထားရင် ကိုယ်ဖြစ်ဖို့လည်း ရာနှုန်းများပါတယ်။
• အာရှသူ အာရှသားတွေဟာ အရိုးပွတာတွေ အဖြစ်များတတ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)















