အရိုးအဆစ်ရောင်ရမ်းသူများ အဓိက စားပေးသင့်သော အစားအစာများ
အရိုးအဆစ်ရောင်ခြင်းဟာ နေ့စဉ်ဘဝပျော်ရွှင်မှုကို ထိခိုက်စေတဲ့ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် ကံကောင်းစွာပဲ အဆစ်ရောင်ခြင်းကို သက်သာစေမယ့် အစားအစာများစွာ ရှိနေပါတယ်။
>> ဒီအစားအစာတွေကတော့ -
(၁) အဆီပါသောငါး
ဆယ်လ်မွန်၊ ဆာဒင်း စသော အဆီပါသည့်ငါးတွေမှာ Omega 3 ဖက်တီးအက်ဆစ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို သက်သာစေသော အာနိသင်ပါရှိပါတယ်။
ထို့ပြင် ငါးတွေမှာပါတဲ့ ဗီတာမင်ဒီဟာလည်း လေးဖက်နာကြောင့် အဆစ်ရောင်ခြင်းကို သက်သာစေနိုင်ပါတယ်။
(၂) ကြက်သွန်ဖြူ
ရောင်ရမ်းခြင်းကိုကျစေတဲ့ အာနိသင်ပါဝင်လို့ အဆစ်ရောင်ခြင်းကို သက်သာစေပါတယ်။ ထို့ပြင် ကိုယ်ခံအားကိုလည်း တက်စေပါတယ်။
Jointace 1
(၃) ချင်း (ဂျင်း)
ချင်း (ဂျင်း) ကို ဟင်းချက်ရာတွင်ထည့်ခြင်း၊ အမှုန့်ပြုလုပ်ပြီးသောက်ခြင်း၊ ရေနွေးစိမ်သောက်ခြင်း စသည်ဖြင့် စားသုံးပေးပါက ရောင်ရမ်းခြင်းကိုကျစေပြီး အဆစ်များ နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။
(၄) ပန်းဂေါ်ဖီစိမ်း
Sulforaphane ဆိုတဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ဓာတ်တစ်မျိုး ပါဝင်တဲ့အပြင် ဗီတာမင်စီလည်း ပါဝင်တဲ့အတွက် အဆစ်ရောင်ခြင်းကို သက်သာစေပါတယ်။
(၅) ဘယ်ရီသီးများ
Antioxidants ၊ ဗီတာမင်နှင့်သတ္တုဓာတ်များ ကြွယ်ဝတဲ့အတွက် အဆစ်ရောင်ခြင်း လက္ခဏာတွေကို ပြန်လည်သက်သာစေနိုင်ပါတယ်။ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးများကို စားပေးနိုင်ပါတယ်။
Jointace 2
(၆) ဟင်းနုနွယ်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါပြီး အာဟာရဓာတ်များပြည့်ဝတဲ့ ဟင်းနုနွယ်ရွက်ကို နေ့စဉ်စားပေးခြင်းဖြင့် အဆစ်ရောင်ခြင်းကို သက်သာစေပါတယ်။
(၇) စပျစ်သီး
ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါတယ်။
(၈) သံလွင်ဆီ
လေ့လာချက်များအရ ကြွက်များကို သံလွင်ဆီ (၆) ပတ်တိုက်ကျွေးခဲ့ရာ အဆစ်ရောင်ခြင်းကို သက်သာစေခြင်း၊ အရိုးနုများပျက်စီးခြင်းကို နှေးစေခြင်း၊ အဆစ်များ ဖောင်းနေတာ လျော့ပါးလာခြင်းတို့ တွေ့ရှိရပါတယ်။
ဒါဆိုရင်တော့ အဆစ်ရောင်နေသူတွေအနေနှင့် အခုဖော်ပြသွားတဲ့ အစားအစာတွေကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားဖို့ လိုမယ်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























