/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလိုလိုနေရင်း-စိတ်ပျော်ရွှင်စေမည့်-အရာများ

အလိုလိုနေရင်း စိတ်ပျော်ရွှင်စေမည့် အရာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ကလပ်သွားမှ၊ ကေတီဗီသွားမှ၊ ဟိုတယ်တည်းမှ ပျော်လို့ရမှာလား။ တစ်ကိုယ်တည်း ဈေးသက်သက်သာသာနဲ့ ပျော်ရွှင်မြူးတူးတဲ့ခံစားချက်တွေ မရချင်ဘူးလား။

          ဒါလေးတွေ လုပ်ကြည့်ပါလား။ ဈေးသက်သာတယ်၊ ပိုက်ပိုက် သိပ်မကုန်ဘူး၊ လုံးဝပျော်ဖို့ အာမခံတယ်နော်။

●        အမည်းရောင်ချောကလက်လေး တစ်ရက်တစ်ခုနှုန်း တဂျွတ်ဂျွတ်နဲ့ ကိုက်ဝါးကြည့်ပါလား။ စားနေရင်းနဲ့ သွေးကြောလေးတွေ ကျယ်လာမယ်၊ သွေးလည်ပတ်မှု ကောင်းလာပြီး ပျော်ရွှင်တဲ့ခံစားချက် ရရှိစေမှာပါ။

●        အမွှေးတုံးလေးတွေကို မီးရှို့တာ၊ လာဗင်ဒါပန်းခြောက်လေးတွေကို ဖြန့်ကျက်ထားတာတွေက အခန်းထဲမှာ အမွှေးနံ့တွေကို ကြိုင်လှိုင်စေပြီး တသင်းသင်းနဲ့ စိတ်ပျော်လာစေမှာပါ။

●        ချစ်သူကို နမ်းပါ။ ချစ်သူကို အလုပ်မသွားခင် နမ်းပေးတာက သူ့ကိုရော၊ ကိုယ့်ကိုရော ပျော်ရွှင်စေမှာပါ၊ အနမ်းလေးတွေဟာ ချစ်ခြင်းမေတ္တာရဲ့ ပြယုဒ်လေးတွေပါ။ နေ့စဉ်နမ်းတော့ နေ့စဉ်ပျော်ရတာပေါ့။

●        ငါး စားပါ။ တူနာငါး မှန်မှန်စားပေးခြင်းဖြင့် အရသာခံဖုလေးတွေကို ပိုမိုကောင်းမွန် ထိရှလာစေပြီး ပျော်လာစေပါတယ်။

●        လက်သည်းနီ ဆိုးပါ။ လက်သည်း၊ ခြေသည်းလေးတွေ သပ်သပ်ရပ်ရပ်ဆိုးတာက ခြေထောက်၊ လက်တွေကို ပိုမိုလှပစေပြီး ပျော်လာစေမှာပါ။

●        ဟာသကား နေ့စဉ်ကြည့်ပါ၊ တစ်ယောက်တည်းကြည့် တဟားဟား ရယ်နေရတာလောက် ပျော်စရာကောင်းတာ မရှိတော့ပါဘူး။ ဟာသကားလေးကြည့်ပြီး စိတ်ဖိစီးမှု လျှော့ချဖို့ မမေ့ပါနဲ့လို့။

●        ချစ်သူထားပါ။ ဟုတ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ခြင်းရဲ့ အဓိကအချက်က သာယာပျော်ရွှင်တဲ့ လိင်ဆက်ဆံမှုဘဝရှိတာ ဖြစ်ပါတယ်။

●        ကိုယ့်ကိုယ်ကိုယ် နှိပ်ပေးပါ။ အနှိပ်ခန်းသွားရင် ပိုက်ဆံကုန်တယ်လေ။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းပြန်နှိပ်ပေးပြီး ဇိမ်ယူကြည့်ပါလို့။ လက်တော့ နည်းနည်းညောင်းတာပေါ့။

●        အညောင်း ဆန့်ပါ။ တစ်ယောက်တည်း ဖျာလေးခင်းပြီး အညောင်းဆန့်ကြည့်တာ သိပ်ထိရောက်ပါတယ်။ အလိုလို စိတ်ပျော်လာစေပါတယ်။

●        သူငယ်ချင်းနဲ့ ထွေရာလေးပါး စကားပြောတာကလည်း လူကို နေလို့ကောင်းပြီး ပေါ့ပါးသွားစေပါတယ်။ စိတ်တွေကို အားရပါးရ ဖွင့်ထုတ်ရင်း စကားကျယ်ကျယ် ပြောကြည့်ခြင်းဖြင့် ပျော်ရွှင်ကျေနပ်စေပါတယ်။

●        အိပ်ပါ။ လှဲအိပ်တာဟာ ငွေကုန်အသက်သာဆုံးနဲ့ ဇိမ်အကျဆုံး ဖြစ်ပါတယ်။ ဘယ်မှမသွားဘဲ အခန်းတံခါးပိတ်ပြီး အိပ်ရေးဝဝ တရေးအိပ်ပစ်လိုက်တာက အလွန်ထိရောက်တဲ့ ပျော်ရွှင်ခြင်းဆေးရည် ဖြစ်ပါတယ်။

●        တစ်ယောက်တည်း မှန်ရှေ့မှာရပ်ပြီး တဟားဟားရယ်ပါ။ ကိုယ့်ရုပ်ကိုကြည့်ပြီး ဟာသလုပ်ပါ။ ကမ်ဘာပေါ်မှာ ငါ့နဲ့တူသူ ဘယ်သူမှမရှိဘူးလို့ အားရပါးရတွေးရင်း ကျေနပ်မှုတဝကြီး ယူပစ်လိုက်ပါ။ တကယ်လည်း တူသူ မရှိဘူးလေနော် ... You are unique!

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)