/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသက်ရလာတဲ့အခါ-ကြုံလာနိုင်တဲ့-ကြွက်သားအားနည်းခြင်းနဲ့

အသက်ရလာတဲ့အခါ ကြုံလာနိုင်တဲ့ ကြွက်သားအားနည်းခြင်းနဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အသက်ရလာတာနဲ့အမျှ ချစ်ခင်ရသူတွေနဲ့ အချိန်ကုန်ဆုံးဖို့အတွက် အချိန်တွေပိုရလာပါတယ်။ ဒါပေမဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင် ဖြစ်တတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ကျန်းမာနေဖို့အတွက် အသက် (၄၀) မတိုင်ခင်တည်းက ပြင်ဆင်ထားသင့်ပါတယ်။ အသက်ရလာတဲ့အခါ အများဆုံးကြုံလာတတ်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ ကြွက်သားအားနည်းခြင်းနဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် နွားနို့၊ အသား၊ ပဲပိစပ်နဲ့ ပဲအမျိုးမျိုးစတဲ့ ပရိုတင်း ရင်းမြစ်တွေကို စားသုံးပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပရိုတင်းက ကြွက်သားတွေအတွက် အင်မတန်အရေးကြီးပြီး နွားနို့၊ အသား၊ ပဲပိစပ်၊ ပဲ အစရှိတဲ့ ပရိုတင်းအစားထိုးအစားအစာ အများအပြားရှိပါတယ်။ ဒါပေမဲ့ မိမိတို့တွေဟာ နွားနို့မကြိုက်သူတွေ၊ ဒါမှမဟုတ် သက်သတ်လွတ်စားသူတွေဆိုရင်တော့ ဒီလိုအစားအစာတွေကနေ ပရိုတင်းရရှိဖို့ဆိုတာ သိပ်တော့မလွယ်ကူပါဘူး။ ဒါပေမဲ့ ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းလို့ ရပါတယ်။ အပင်အခြေခံပရိုတင်းကနေ ထုတ်လုပ်ထားတဲ့ Ensure ရဲ့ ပထမဆုံးသော Ensure Gold Plant-Based* လိုမျိုး အာဟာရဖြည့်စွက်စာဟာဆိုရင် ကြွက်သားတွေကို သန်မာ^စေရုံသာမက အစာအိမ်အူလမ်းကြောင်းကျန်းမာရေး အပါအဝင် အလုံးစုံသော ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ Ensure Gold Plant-Based ဟာ လက်တို့စ်သကြားဓာတ်နဲ့ ဂလူတန် မပါဝင်တာကြောင့် လက်တို့စ်နဲ့ ဓာတ်မတည့်ခြင်း (Lactose Intolerance)၊  ဂလူတန်နဲ့ ဓာတ်မတည့်ခြင်း (Gluten Allergy) အစရှိတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေအတွက် ပူပန်စရာ မလိုတော့ပါဘူး။3,4, 17

Ensure IA 1

ကြွက်သားအားနည်းခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ။

ကြွက်သားအားနည်းရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ sarcopenia လို့ခေါ်တဲ့ ကြွက်သားထု ဆုံးရှုံးမှုကြောင့် ဖြစ်ပါတယ်။ ကြွက်သားမျှင်တွေ အရေအတွက်နည်းလာသလို အရွယ်အစားကလည်း သေးပြီးကျုံ့လာတာ၊ ကြွက်သားတစ်သျှူးတွေ ပျက်စီးတဲ့အခါ ပြန်လည်အစားထိုးတာ နှေးလာပြီး ပုံမှန်တစ်သျှူးတွေနေရာမှာ မာပြီးတောင့်တင်းတဲ့တစ်သျှူးတွေ အစားထိုးဝင်ရောက်လာတာ၊ အာရုံကြောအဖွဲ့အစည်း အားနည်းလာတာကြောင့် ကြွက်သားတွေရဲ့ တုံ့ပြန်မှုအားနဲ့ ကျုံ့နိုင်ဆန့်နိုင်အား ကျဆင်းလာတာ အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြွက်သားထုထည်ဆုံးရှုံးမှုတွေဟာ အသက် (၄၀) အစောပိုင်းကစပြီး စတင်ဖြစ်ပွားလေ့ရှိပါတယ်။ ကြွက်သားထု ဆုံးရှုံးတဲ့အခါ မကြာခဏ လဲကျခြင်း၊ လမ်းလျှောက်ရတာ ခက်ခဲခြင်း၊ ပစ္စည်းတွေကို ဆုပ်ကိုင်ရတာ ခက်ခဲခြင်း၊ အထိုင်အထ ခက်ခဲခြင်း၊ ခြေလှမ်းလှမ်းရတာ ခက်ခဲခြင်း၊ သက်လုံကျ ပင်ပန်းခြင်း၊ ကြွက်သားတွေ အလွန်အမင်း နာကျင်တောင့်တင်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။12, 13

ဒီလိုမဖြစ်ရအောင် အသက် (၄၀) အစောပိုင်းကစလို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အာဟာရစုံလင်စွာ စားသောက်ကာ ကြွက်သားဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားဆုံးရှုံးမှုဖြစ်စဉ်နဲ့ အရိုးသိပ်သည်းဆ လျော့နည်းတာကို နှောင့်နှေးစေသလို ထိုင်ထလုပ်ခြင်း၊ ဒူးတစ်ဖက်တည်းကိုကွေးပြီး ကျန်ခြေထောက်တစ်ဖက်ကိုဆန့်ကာ ထိုင်ထလုပ်ခြင်းလိုမျိုး အကြောလျှော့လေ့ကျင့်ခန်းတွေဟာလည်း ကြွက်သားတွေကို ပျော့ပျောင်းစေပါတယ်။ အသက်အရွယ်ရလာသူတွေထဲမှာမှ လေ့ကျင့်ခန်းလုပ်လေ့ရှိသူတွေဟာ အထိုင်များတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် အရိုးနဲ့ကြွက်သားထုထည် ဆုံးရှုံးမှုနည်းတာကို တွေ့ရပါတယ်။ အသက်ကြီးလာတဲ့အခါ ပရိုတင်းဓာတ် ပိုလိုအပ်လာတာကြောင့် အသား၊ ငါး၊ ဥ၊ နို့ စတာတွေကို များများစားသောက်ပေးဖို့လိုပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေ၊ နို့အရသာကို မကြိုက်တဲ့သူတွေကတော့ ကြွက်သားတည်ဆောက်ရာမှာ ကူညီပေးတဲ့ ပရိုတင်းဓာတ်တွေကို အပင်အခြေခံအစားအစာတွေဖြစ်တဲ့ ပဲပိစပ်၊ quinoa၊ ဆန် စတာတွေကနေ ရရှိနိုင်ပါတယ်။ ပဲပိစပ်ဟာ အမျှင်ဓာတ်နဲ့ ပရိုတင်း ကြွယ်ဝပါတယ်။ quinoaကတော့ ပဋိဇီဝ(အန်တီအောက်ဆီဒန့်) ကြွယ်ဝပြီး ဆန်က အစာခြေစနစ်ကို ကူညီပေးပါတယ်။ ဒီအပင်အခြေခံပရိုတင်းသုံးမျိုးလုံးဟာ ကိုယ်ခန္ဓာရဲ့လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုသလို ကြွက်သားသန်မာမှုကိုလည်း အထောက်အကူပြုနေပါတယ်။ တကယ်တော့ ဒီအပင်အခြေခံပရိုတင်းသုံးမျိုးဟာ ကြွက်သားတွေကို သန်မာစေတဲ့^ အရည်အသွေးမြင့်ပရိုတင်းနဲ့ ကြွက်သားပြိုကွဲတာကို ကာကွယ်ပေးပြီး အစာခြေစနစ်နဲ့ အလုံးစုံကျန်းမာရေးကို ကောင်းမွန်စေတဲ့ HMB# ပါဝင်တဲ့ Ensure Gold Plant-Based ရဲ့ အဓိကပါဝင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။8, 10, 11, 14, 15, 16

Ensure IA 2

အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

အသက်ရလာသူတွေမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေကတော့ ဝမ်းချုပ်ခြင်းနဲ့  အစာအိမ်ထဲက အက်စစ်တွေ အစာရေမျိုထဲ ပြန်ကန်တက်တဲ့ရောဂါ (GERD) ပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုနည်းတာ၊ သောက်နေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ရေသောက်နည်းတာတွေကြောင့် ဝမ်းချုပ်လေ့ရှိပြီး ကိုယ်အလေးချိန်များတာ၊ အဆီများတာတွေ စားတာ၊ အစာရေမျိုအောက်ဘက်မှာရှိတဲ့ ချောမွေ့ကြွက်သား အားနည်းတာတွေကြောင့် GERD ဖြစ်တတ်ပါတယ်။5, 22

ဒီလို အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို ကာကွယ်ဖို့ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါးတွေကို သောက်ပါ။ တစ်ရက်ကို အနည်းဆုံး နာရီဝက်နဲ့ တစ်ပတ်ကို ငါးရက်လောက် လေ့ကျင့်ခန်းလုပ်ပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ ပဲအမျိုးမျိုး စတာတွေ များများစားပါ။ ရေများများသောက်ပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အဆီများတာတွေနဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေကို ချင့်ချိန်စားသုံးပေးပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အပင်အခြေခံအစားအစာတွေကို စားသုံးပေးပါ။ အပင်ကရရှိတဲ့ ပရိုတင်းဓာတ်ဟာ ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပြီး အကျိုးပြုပိုးမွှားတွေကို များစေတာကြောင့် အစာအိမ်အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်တဲ့ Ensure Gold Plant-Based ကို သောက်သုံးခြင်းဖြင့် အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို ကောင်းကောင်းဖြေရှင်းပေးနိုင်ပြီး အစာအိမ်အူလမ်းကြောင်းကျန်းမာရေး မကောင်းသူတွေနဲ့ လက်တို့စ်နို့သကြားဓာတ်နဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် သင့်လျော်ပါတယ်။1, 2, 6

ဒါဆိုရင်တော့ အသက်ရလာတဲ့အခါ အဖြစ်များတဲ့ ကြွက်သားအားနည်းခြင်းနဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အာဟာရစုံလင်စွာ စားသောက်တဲ့အပြင် အရည်အသွေးမြင့်ပရိုတင်းနဲ့ HMB# ပါဝင်တဲ့ Ensure Gold Plant-Based လိုမျိုး ဖြည့်စွက်အာဟာရကို နေ့စဉ်မှီဝဲပေးမယ်ဆိုရင် အသက် (၄၀) ကျော်ရင်တောင် ကြွက်သားတည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ အရေးကြီးတာကတော့ အချိန်နှောင်းသွားမှ မဟုတ်ဘဲ ငယ်ရွယ်စဉ်ကတည်းက စောစီးစွာ စတင်ဖို့ လိုအပ်တာပါ။  နှစ်ပေါင်း (၃၀)ကျော်ပြုလုပ်ထားတဲ့ သုတေသနတွေအရ Ensure Gold Plant-Based ဟာ အသက်အရွယ်ရလာသူတွေရဲ့ အလုံးစုံသော ကျန်းမာရေးနဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းမှုအတွက် ပြည့်စုံမျှတတဲ့အာဟာရကို ဖြည့်ဆည်းပေးနိုင်တဲ့အပြင် လက်တို့စ်နဲ့ ဂလူတန်မပါဝင်လို့ အစာအိမ်အူလမ်းကြောင်းကျန်းမာရေးအတွက် သင့်တော်ပါတယ်။ အညွှန်းအတိုင်းဖျော်စပ်ထားတဲ့ Ensure Gold Plant-Based ကို အစာနဲ့ တွဲဖက်ပြီး တစ်နေ့နှစ်ခွက် သောက်သုံးရင် ခန္ဓာကိုယ်အတွက် အရည်အသွေးမြင့် HMB ပရိုတင်း (၁.၅) ဂရမ်၊ လုံလောက်သော Omega 3 ပမာဏ၊ ဗီတာမင်နဲ့ သတ္တုဓာတ် (၂၈) မျိုးကို ရရှိမှာပဲ ဖြစ်ပါတယ်။11, 18, 19, 20, 21

Ensure Gold Plant-Based နမူနာလက်ဆောင်ထုပ်လေးတွေကို အောက်ပါ Link ကနေ အခမဲ့ ရယူနိုင်ပါပြီ။

https://www.ensuremyanmar.com/ensure-careline/

References:
1.    Gastrointestinal Diseases: Symptoms, Treatment & Causes (clevelandclinic.org)
2.    Preventing Digestion Problems: Fiber, Water, and More (healthline.com)
3.    Superfoods that help digestion (everydayhealth.com)
4.    Is soy good or bad for you? (Goodhousekeeping.com)
5.    Aging and Digestive Health (webmd.com)
6.    11 Amazing Health Benefits of Plant-Based Protein — Eat This Not That
7.    How to Fight Sarcopenia (Muscle Loss Due to Aging) (healthline.com)
8.    https://www.healthline.com/nutrition/foods/soybeans  
9.    https://growingnaturals.com/pages/knowledge__our-proteins__why-rice-protein
10.    https://www.medicalnewstoday.com/articles/274745
11.    https://abbottfamily.com.sg/brands/ensure/ensure-life-dairy-alternative  
12.    What Is Sarcopenia? - Aging in Motion
13.    Sarcopenia - The Lancet
14.    https://www.medicalnewstoday.com/articles/321474
15.    https://www.helpguide.org/articles/healthy-living/exercise-and-fitness-a...
16.    https://medlineplus.gov/nutritionforolderadults.html
17.    Ensure® Gold™ | Abbott Nutrition Malaysia
18.    Building Muscle Strength For a Healthy Lifestyle After 40 - Abbott FAMILY
19.    https://abbottfamily.com.sg/brands/ensure/range
20.    https://www.leisurecare.com/resources/why-do-seniors-lose-weight/
21.    Ensure Gold Full Prescribing Information, Dosage & Side Effects | MIMS Philippines
22.    9 Common Digestive Conditions From Top to Bottom | Everyday Health
       ^Ensure Gold contains scientifically evaluated level of protein which has been shown to improve strength
       *Referring to Ensure’s portfolio in Pacific Asia. Made with plant-based protein from soy, rice, and quinoa
       # DE Bear et al. Am J Clin Nutr: 109 (4), 1119-1132 (2019).