/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အအေးမိတဲ့အခါ-ဆင်ခြင်သတိထားစရာအထွေထွေ

အအေးမိတဲ့အခါ ဆင်ခြင်သတိထားစရာအထွေထွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရာသီဥတုကြောင့် အအေးမိလို့ မိုးမိလို့ ကိုယ်ခံအားကျဆင်းလို့ အအေးမိတဲ့အခါ နှာစေးချောင်းဆိုးညောင်းတာဖျားတာလေးတွေ လူတိုင်းလိုလိုခံစားရပါတယ်။ နည်းနည်းပြင်းထန်တဲ့အခါ စိတ်ပူစရာလက္ခဏာလေးတွေကိုသိရှိထားမှ ကိုယ့်ကိုယ်ကိုစောင့်ရှောက်နိုင်မှာမို့ သိထားသင့်တဲ့ ဗဟုသုတလေးတွေမျှဝေပါရစေ။

>> အအေးမိရာကနေ ဖျား၊ ဖျား ရာကနေ သေဆုံးတဲ့အထိဖြစ်နိုင်လား။

          ဖြစ်နိုင်ပါတယ်လို့ ဖြေရမှာပါ။

• အဖျားထိုးတက်လာမယ်

• တကိုယ်လုံးဆိုးဆိုးဝါးဝါးနာကျင်ကိုက်ခဲမယ်

• အစားလုံးဝပျက်သွားမယ်

• ချောင်းတရပ်ဆိုးမယ် သွေးပါလာမယ်

ဒါဆိုစိတ်ပူရတဲ့အဆင့်ရောက်နေတာကို ပြသပါတယ်။

• လည်ချောင်းနာမယ်အရေပြားအဖုအပိမ့်တွေထမယ် ယားနာတွေထမယ် တကိုယ်လုံးအကျိတ်တွေပေါက်လာမယ်။။ ဒါဆိုရင် ပြင်းထန်တုပ်ကွေးအဆင့်ဖြစ်ပါတယ်။

• နမိုးနီးယားလို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါဆိုရင် ရင်ဘတ်အောင့်မယ်။ အစားလုံးဝမစားနိုင်တော့ဘူး။ ကိုက်ခဲနာကျင် နေမှာပါ။

• အက်စတိန်းဘားဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါဟာဆိုရင် တံတွေးကနေကူးစက်ပြီး အဖျားကြာရှည်နေတတ်ပါတယ်။ လချီတောင်ဖျားတတိတဲ့ရောဂါဖြစ်ပါတယိ။

• လူတိုင်းကြောက်ကြတဲ့ဦးနှောက်အမြှေးရောင်ရောဂါဆိုရင် ဆက်တိုက်

ခေါင်းကိုက်တာပါလာပါပြီ။ လည်ပင်းတွေတောင့်မယ်။ ဂုတ်တွေတင်းနေမယ်။ အလင်းရောင်ကိုမခံနိုင်ဘူး။

• အဆုတ်လေပြွန်ရောင်ရောဂါမှာဆိုရင် ချောင်းအပြင်းအထန်ဆိုးပြီးသလိပ်ပုပ်တွေထွက်ပါတယ်။

• အာအက်စ်ဗွီလို့ခေါ်တဲ့ အသက်ရှုလမ်းကြောင်းဗိုင်းရပ်စ်တမျိုးက နှာစေးတာရယ် ချောင်းဆိုးတာရယ်တွေနဲ့ စလာတတ်ပြီးရေများများသောက် အနားယူလိုက်ရုံနဲ့ သက်သာသွားတတ်ပါတယ်။

          အအေးမိသလား၊ တုပ်ကွေးလား စိတ်ပူရတဲ့ အခြေအနေတွေ အပေါ်မှာပြောခဲ့ထားသလိုပဲ သတိနဲ့အသိယှဉ်ပြီး မိမိကိုယ်ကိုစောင့်ရှောက်နိုင်မှ အသက်ရှည်မှာပါ။

          အအေးမိတဲ့အခါ ညောင်းတဲ့အခါ ဖျားတဲ့အခါ

1. အနားယူပါ။

2. ရေများများသောက်ပါ။

3. ပူနွေးပြီးအစာကြေလွယ်တဲ့ အာဟာရကိုစားပါ။

 

>> အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေများ

ဖျားတာနဲ့အတူ -

• ရင်ဘတ်အောင့်မယ်

• ဗိုက်နာမယ်

• မူးဝေမယ်

• အားပြတ်လာမယ်

• ခေါင်းမထူနိုင်ဘူး

• ခေါင်းတရစပ်ကိုက်မယ်ဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတာမို့ ကြီးငယ်မရွေးဆရာဝန်ဆီမှာ အမြန်ဆုံးပြသကုသမှူခံယူဖို့ အကြံပြုပါရစေ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)









 










1. အနားယူပါ။

2. ရမြေားမြားသောကျပါ။

3. ပူနှေးပွီးအစာကွလှေယျတဲ့ အာဟာရကိုစားပါ။

 

>> အသကျအန်တရာယျစိုးရိမျရသော အခွအေနမြေား

ဖြားတာနဲ့အတူ -







 
