အအေးမိ၊ တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ
အများအားဖြင့် အအေးမိခြင်းနဲ့ တုပ်ကွေးတို့ကို အိမ်တွင်းကုထုံးတွေနဲ့ပဲ တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ ပျောက်ကင်းသွားလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း (နှာခေါင်းနဲ့ လည်ချောင်း)၊ အသက်ရှူလမ်းကြောင်းအောက်ပိုင်း (အဆုတ်) တွေကို ရောဂါပိုးဝင်ခြင်းက အတန်အသင့် (သို့) ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဝင်နိုင်ချေ များပါတယ်။
နေမကောင်း နည်းနည်းဖြစ်တယ်၊ ပြီးတော့ ပြန်ကောင်းလာတယ်၊ နောက်ပြီး နေမကောင်း ပြန်ဖြစ်တယ်ဆိုရင် သာမန်နေမကောင်းဖြစ်ခြင်းကြောင့် ကိုယ်ခံအားနည်းပြီး ပိုပြီးပြင်းထန်တဲ့ရောဂါပိုး နောက်ထပ်တစ်ခါ ထပ်ဝင်တာ ဖြစ်နိုင်ပါတယ်။ ဒါက ကိုယ်ခံအားစနစ်က ပင်ပန်းပြီး နောက်ထပ်ရောဂါပိုးတစ်ခု ထပ်ဝင်လာလို့ ဖြစ်ပါတယ်။
>> ဘယ်လိုလူတွေမှာ အအေးမိတုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ချေ များသလဲ?
● အသက် ၆၅ နှစ်နှင့် အထက်လူကြီးများ - အသက် ၈၅ နှစ်နဲ့ အထက်လူကြီးတွေက တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်နှုန်း အများဆုံး ဖြစ်ပါတယ်။
● အသက် ၅ နှစ်အောက် ကလေးများ - ရာသီတုပ်ကွေးရောဂါကို နှစ်စဉ် ကလေးသန်းပေါင်းများစွာ ခံစားနေရပြီး ထောင်ပေါင်းများစွာက ဆေးရုံ တက်ကြရပါတယ်။
● ကိုယ်ဝန်ဆောင်မိခင်များ - ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားစနစ်၊ နှလုံးနဲ့ အဆုတ် အပြောင်းအလဲတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ထိခိုက်ခံစားရနိုင်ချေများပြီး တုပ်ကွေးက သနေ္ဓသားကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
● ပန်းနာရင်ကြပ်၊ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းရောဂါနဲ့ နှလုံးရောဂါစတဲ့ နာတရှည်ရောဂါရှိသူများ
● အမေရိကန်က အိန္ဒိယလူမျိုးများနှင့် Alaska လူမျိုးများ - သုတေသနတွေအရ ဒီလူမျိုးအုပ်စုတွေက တုပ်ကွေးကြောင့် ဆေးရုံတက်ရနှုန်း ပိုများပါတယ်။
>> အအေးမိ၊ တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ
အအေးမိ၊ တုပ်ကွေးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ရောဂါပိုး တိုက်ဖျက်နိုင်စွမ်းကို လျော့ကျစေခြင်း၊ ရှိပြီးသားရောဂါတွေကို ပိုဆိုးစေခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေပါတယ်။
အအေးမိ၊ တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -
● လေပြွန်ရောင်ခြင်း
● ရေဓာတ် ခန်းခြောက်ခြင်း
● နားတွင်းသို့ ရောဂါပိုးဝင်ခြင်း
● နှလုံးကြွက်သား ရောင်ရမ်းခြင်း
● ကြွက်သားများ ရောင်ရမ်းခြင်း
● နှလုံးအပြင်လွှာ ရောင်ရမ်းခြင်း
● အဆုတ်ရောင်ခြင်း
● ဦးခေါင်းခွံအတွင်းရှိ အခေါင်းပေါက်များကို ရောဂါပိုးဝင်ခြင်း တို့ဖြစ်ပါတယ်..
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)
















