အားဖြည့်အချိုရည်တွေသောက်သင့်ပါသလား
အားဖြည့်အချိုရည်မှာပါတဲ့ အချို့သောပစ္စည်းတွေက ဇီဝကမ္မဖြစ်စဉ်ကိုပိုကောင်းစေပါတယ်။ ဒီအချိုရည်တွေမှာပါတဲ့ ကဖင်းဓာတ်ကခန္ဓာကိုယ်ကနေ စွမ်းအင်အသုံးပြုမှုပိုများစေပါတယ်။ ဒါ့အပြင် အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ တော်ရင်းက ဇီဝကမ္မဖြစ်စဉ်ကိုလျှင်မြန်စေပြီး အဆီတွေကိုလောင်ကျွမ်းစေပါတယ်။ ဒါပေမယ့် ဒီအချိုရည်တွေက သွေးတိုးခြင်း၊ စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့အတွက် ကလေးတွေနဲ့ဆယ်ကျော်သက်အရွယ်တွေ မသောက်သင့်ပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























