/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိပ်ပျော်နေစဉ်-ရုတ်တရက်-သေဆုံးစေတဲ့-အကြောင်းရင်းများ

အိပ်ပျော်နေစဉ် ရုတ်တရက် သေဆုံးစေတဲ့ အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိပ်ပျော်နေစဉ် အသက်ဆုံးသွားရမှာကတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ ဘဝဖြစ်ရပ်တစ်ခုလို့ ဆိုရမှာပါပဲ။ အိပ်ပျော်နေစဉ် အသက်ဆုံးရမယ့် အကြောင်းတွေလည်း တစ်ပုံတစ်ပင်ဆိုတော့ ဖတ်ပြီး ကြောက်ကြရအောင်။

●        အဝလွန်သူတွေမှာ အိပ်ပျော်နေစဉ် အသက်ရှူ ရပ်တတ်ပါတယ်။ ပြင်းပြင်းထန်ထန် ဟောက်တတ်နေရင်တော့ အတူနေမိသားစုက သတိထားပါတော့။ စက်အကူအညီယူပြီး သူ့ကို သေဆုံးမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ လိုပါပြီ။

●        အိပ်ပျော်နေစဉ် ကံဆိုးစွာနဲ့ နှလုံး ဘယ်ဘက်အထက် သွေးကြောတစ်ချောင်း ပိတ်သွားရင် မနိုးခင်မှာပဲ ဘဝပြောင်းရမှာပါ။ နာပြီးအောင့်ပြီး နိုးလာမှာ မဟုတ်တော့ပါဘူး။

●        ရေကူးပြီး အိပ်ရာဝင်တဲ့အခါ ရေကူးစဉ်က ဝင်ထားတဲ့ ရေစက်တွေက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားကာ ရုတ်တရက် အသက်ဆုံးစေပါတယ်။

●        အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး အကြီးအကျယ် နေမကောင်းနေသူဟာ အင်သရိုဗိုင်းရပ်စ်ကြောင့်သာဖြစ်ခဲ့ရင် အိပ်ပျော်နေစဉ် ရုတ်တရက် သေဆုံးဖို့ အလားအလာ များပါသတဲ့။

●        ဦးနှောက်တွင်း အရင်ကတည်းက ရှိနေတဲ့ ပင်မသွေးကြောထုံးတွေ ပေါက်သွားတဲ့အခါ နိုးချိန်တောင်မရလိုက်ဘဲ အိပ်ပျော်နေစဉ် အသက်ဆုံးရတတ်ပါတယ်။

●        ဦးနှောက်အညှာကဖြစ်တဲ့ ပြဿနာတစ်ခုကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်တဲ့အခါ ဦးနှောက်က ခန္ဓာကိုယ်ကို နှိုးဖို့တောင် အချိန်မရတော့ဘဲ အိပ်နေရင်း ကွယ်လွန်ရပါတယ်။

●        အိပ်ပျော်နေစဉ် နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့တဲ့အခါ ခန္ဓာကိုယ်က နိုးလာပေမယ့် ညအချိန်မှာ ဖြစ်တာရယ်၊ ဆေးအကူအညီယူဖို့ ခက်တာတွေရယ်ကြောင့် သေဆုံးနိုင်ခြေကို အလွန်မြင့်သွားစေပါတယ်။

●        မီးခိုးငွေ့တွေ၊ ဂတ်စ်မီးဖိုတွေက ထွက်တဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ဟာ လူကို မူးဝေလာစေပြီး ခြေတွေ၊ လက်တွေပျော့ကျကာ သေဆုံးစေပါတယ်။ အိပ်နေရင်း မီးခိုးငွေ့ အဆိပ်သင့်ရင် သေဆုံးဖို့သာ ဖြစ်ပါတယ်။

●        ရုတ်တရက် နှလုံးခုန်ရပ်တာက SA node လို့ခေါ်တဲ့ နှလုံးခုန်စေတဲ့ နေရာလေးတစ်ခု မူမမှန်တာကြောင့် ဖြစ်တတ်ပြီး ဦးနှောက်ကို သွေးမရောက်ဘဲ ချက်ချင်း သေဆုံးရတာပါ။

●        အိပ်ပျော်နေစဉ် ဆုံးပါးတာတွေက ဘာအကြောင်းမှမရှိဘဲလည်း ဖြစ်နိုင်ပါသေးတယ်။ လက္ခဏာလည်းမရှိ၊ လူလည်း ကျန်းမာနေပါလျက် ထူးဆန်းစွာ သေဆုံးမှုတွေကလည်း ရှိနေခဲ့ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)