အိမ်သာတက်ရင်း ရုတ်တရက် လေဖြတ်ခြင်း
သင် ကြားဖူးပါလိမ့်မယ်။ သင့်ပတ်ဝန်းကျင်က လူတစ်ယောက်ယောက် အိမ်သာတက်ရင်းနဲ့ ရုတ်တရက် လေဖြတ်သွားတယ်ဆိုတာမျိုး။
အိမ်သာတက်ရာကနေ ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ကွယ်လွန်သွားတာမျိုးပေါ့။
အမှန်တကယ်လည်း အိမ်သာတက်သည့် ပုံစံအနေအထားအပေါ် မူတည်ပြီး လေဖြတ်နိုင်ခြေ မြင့်မားနိုင်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ထို့ပြင် လေဖြတ်ခြင်းကြောင့် သေဆုံးခြင်းများအနက် ၃ ပုံ ၁ ပုံဟာ ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာတက်ခြင်းကြောင့်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံမှ ဆရာဝန်များ လေ့လာတွေ့ရှိခဲ့ကြပါသေးတယ်။
မကြာသေးမီက အင်္ဂလန်နိုင်ငံမှ ဆရာဝန်တွေဟာ လူအယောက် ၁ဝဝ ကို လေ့လာစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာမှာ လေဖြတ်ခြင်းဖြစ်စဉ် တစ်ဝက်ကျော်ကျော်ဟာ မနက် ၅ နာရီကနေ ၉ နာရီအတွင်း ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရှိခဲ့ကြပါတယ်။
● အလေးသွားခြင်း၊ မသွားခြင်းထက်စာရင် ဆောင့်ကြောင့်ထိုင်သော အနေအထားက သွေးပေါင်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။
ဒီအချက်ကြောင့် ပင်ကိုယ်သွေးတိုးရောဂါအခံရှိသူတွေမှာ သွေးပေါင် ပိုမိုမြင့်တက်ရာကနေ လေဖြတ်ခြင်းထိ ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။
● လူတိုင်းကို ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာမတက်သင့်ဘူးလို့ မတားမြစ်လိုသော်လည်း သွေးတိုးရောဂါရှိသူတွေကိုတော့ လုံးဝမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
ဒါဆို သင့်အနီးအနားက သွေးတိုးရောဂါရှိသူတွေကိုလည်း အိမ်သာတက်တဲ့အခါ ဘိုထိုင်အိမ်သာ သို့မဟုတ် ဆောင့်ကြောင့် ထိုင်စရာမလိုသော အနေအထားကိုသာ ရွေးချယ်ဖို့ လက်ဆင့်ကမ်း အကြံပြုကြရအောင်လား။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























