/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူမကြီးကင်ဆာဖြစ်ပွားမှုကို-ကာကွယ်ပေးနိုင်တဲ့-နည်းလမ်းများ

အူမကြီးကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အခုနောက်ပိုင်းမှာ အူမကြီးကင်ဆာဖြစ်ပွားနှုန်း တက်လာသလို အသက်ငယ်ရွယ်သူတွေမှာပါ ဖြစ်ပွားလာတာ ကို တွေ့ရပါတယ်။

 

>> အူမကြီးကင်ဆာ ဖြစ်ပွားမှုကနေ ကာကွယ်နိုင်တဲ့ အလေ့အကျင့်ကောင်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်။

၁။ အသီးအရွက်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ စားပါ

အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားသုံးခြင်းက အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျှော့ချစေပါတယ်။ အသားနဲ့ အသင့်ပြုပြင်ထားတဲ့အသားတွေကို လျှော့စားပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး၊ ထောပတ်သီး၊ မြေပဲ အစေ့အဆံတွေ စားပါ။ ဆီကြော်မုန့်တွေကို ရှောင်ပါ။

 ၂။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာဟာ နှလုံးကို ကျန်းမာစေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ကင်ဆာ တော်တော်များများ အထူးသဖြင့် အူမကြီးကင်ဆာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ တစ်ရက်ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

 ၃။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

အဝလွန်တာဟာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အစာရေပြွန်ကင်ဆာ၊ မုန့်ချိုအိတ်နဲ့ ကျောက်ကပ် ကင်ဆာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 ၄။ အရက် လျှော့သောက်ပါ.. ဆေးလိပ်ဖြတ်ပါ..

အရက်သောက်ရင်လည်း သင့်တင့်ရုံလောက်သာ သောက်ပါ။ မိန်းမဆိုရင် တစ်နေ့တစ်ခွက်၊ ယောက်ျားဆိုရင် တစ်နေ့နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။ ဆေးလိပ်သောက်တတ်ရင် ဖြတ်ပါ။

 ၅။ ခန္ဓာကိုယ်ကျန်းမာရေးကို အမြဲစစ်ဆေးနေပါ

တခြားနိုင်ငံတွေမှာတော့ အူမကြီးကင်ဆာအတွက် ပုံမှန်စစ်ဆေးရတာတွေ ရှိပါတယ်။ အူမကြီးကင်ဆာ ဖြစ်ပွားမှုဟာ မိမိရဲ့အသက်အရွယ်၊ မိသားစုထဲမှာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိဆိုတဲ့ အချက်တွေအပေါ်မှာလည်း မူတည်ပါတယ်။

 

Dr. Htar (www.drmyanmar.com)