Charcot Foot သို့မဟုတ် ဆီးချိုသွေးချိုသမားတွေမှာ ဖြစ်နိုင်တဲ့အဆစ်အမြစ်ပြဿနာတစ်မျိုး
ဆီးချိုသွေးချိုသမားတွေမှာ အာရုံကြောထိခိုက်မှုကြောင့် ခြေထောက်နဲ့ခြေချင်းဝတ်မှာရှိတဲ့ အရိုး၊ အဆစ်အမြစ်နဲ့ တစ်သျှူးတွေမှာဖြစ်တဲ့ ရောဂါတစ်ခုပါ။ အဖြစ်နည်းပေမယ့် မပေါ့ဆသင့်တဲ့ရောဂါတစ်မျိုးဆိုလည်း မမှားပါဘူး။
အရိုးတွေ အားနည်းပြီး ကျိုးတာ၊ ခြေထောက်နဲ့ ခြေချင်းဝတ်က အဆစ်တွေ လွဲသွားတာမျိုး ဖြစ်တတ်ပါတယ်။
စောစောစီးစီးသာသိပြီး မကုသလိုက်နိုင်ခဲ့ရင် အဆစ်တွေပျက်စီးပြီး ခြေထောက်က ပုံပျက်ပန်းပျက်ဖြစ်သွားပါလိမ့်မယ်။ ဒီနောက်မှာ ခြေထောက်မှာ အနာတွေ ဖြစ်လာတတ်ပါတယ်။ အနာကိုပိုးတွေဝင်ပြီး ခြေထောက်ဖြတ်ရသည်အထိပါ ဖြစ်နိုင်ပါတယ်။
Jointace 1

>> Charcot Foot ရဲ့လက္ခဏာတွေကတော့ -
အစပိုင်းမှာ ခြေထောက်ဟာ နီရဲပူနွေးပြီး ရောင်ရမ်းနေပါလိမ့်မယ်။
>> Charcot Foot ကို ဘယ်လိုသိနိုင်မလဲ?
အစောပိုင်းမှာတော့ ဓာတ်မှန်မှာ Charcot Foot ကို သိနိုင်ဖို့ခက်ခဲပါတယ်။ ဓာတ်မှန်မှာ မတွေ့ဘူးဆိုရင်တော့ ဆီးချိုသွေးချိုနဲ့ အာရုံကြောရောဂါရှိသူတစ်ယောက်မှာ ခြေထောက်က ပူနွေးနီရဲရောင်ကိုင်းနေခဲ့ရင် ဒါကိုထည့်စဉ်းစားဖို့ လိုပါတယ်။
Jointace 2

>> ဘယ်လိုကုသကြမလဲ?
ကုသမှုကတော့ အဓိကအားဖြင့် ခြေထောက်ကိုဖိအားမဖြစ်စေဖို့၊ အရိုးထိခိုက်မှုကို ကုသဖို့နဲ့ အရိုးထပ်မကျိုးအောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
မခွဲစိတ်မကုသတဲ့ကုထုံး : အရေးကြီးဆုံးကတော့ ခြေထောက်ကိုဒဏ်မဖြစ်အောင် အနားပေးဖို့ ဖြစ်ပါတယ်။ တစ်ခါတလေ အရောင်ကျသည်အထိ ကျောက်ပတ်တီးစည်းပေးထားဖို့ လိုအပ်နိုင်ပါတယ်။
ခွဲစိတ်ကုထုံး : ခြေထောက် ဆိုးဆိုးရွားရွားပုံပျက်ပြီး အနာတွေ ဖြစ်နိုင်ခြေများနေပြီဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုနိုင်ပါတယ်။
ဒီလို Charcot Foot ဖြစ်နေသူတွေဟာ ခြေထောက်ကို ကာကွယ်ပေးနိုင်မယ့် ဖိနပ်မျိုးတွေစီးပေးပြီး တစ်သက်လုံးခြေထောက်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ လူနာကိုယ်တိုင်ကိုရော၊ မိသားစုဝင်တွေကိုပါ Charcot Foot ကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုလက္ခဏာတွေကို စောင့်ကြည့်ဖို့လိုမလဲဆိုတာကို ပြောပြထားဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)