Eating disorder (စားသောက်မှု ပုံစံမမှန်ခြင်း) ၏ မသိသာသောလက္ခဏာများ
စားသောက်မှု ပုံစံမမှန်ခြင်း (Eating Disorders) ဆိုသည်မှာ အစားအသောက် လုံး၀စားလိုစိတ်မရှိခြင်းနှင့် အလွန်အကျွံစားပြီးရင်းထပ်စားခြင်း နှစ်မျိုးစလုံးပါ၀င်ပါတယ်။
Eating Disorders ဖြစ်နေတဲ့သူတစ်ဦးချင်းစီအလိုက် အစာစားသုံးမှုအပေါ် တုံ့ပြန်ပုံခြင်းမတူတတ်ပါဘူး။ တချို့သူတွေအနေနဲ့ အစားအစာကိုအလွန်အမင်းနည်းပါးစွာစားသုံးကြသလို တချို့မှာတော့အစာများများစားတာတောင် စိတ်ကျေနပ်မှုမရှိကြပါဘူး။ အစာစားဖို့ ငြင်းဆန်လွန်းတာ၊ ကို်ယ်အလေးချိန်ကျလွန်းတာကလည်း eating disorders ဖြစ်ကြောင်းပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။
Anorexia (စိတ်ချောက်ချားခြင်းကြောင့် အစာအာဟာရကိုမလိုလားခြင်း)၊ bulimia (ဆာလောင်ရောဂါ)၊ binge eating disorder (အစားအစာကိုတစ်ထိုင်တည်းအားရပါးရစားသုံးခြင်း) ဆိုပြီး အဖြစ်များတဲ့ eating disorders သုံးမျိုးရှိပါတယ်။ ဖြစ်ပွားတဲ့ရောဂါအမျိုးအစားပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေလည်းကွဲပြားပါတယ်။
Eating disorders တွေဟာ သိသိသာသာရောဂါလက္ခဏာပြလေ့မရှိတဲ့အတွက် ကြိုတင်လေ့လာထားဖို့လိုအပ််ပါတယ်။ ဒီရောဂါလက္ခဏာတွေကိုကြိုတင်သိရှိထားမှသာ မိမိအနေနဲ့မည်သည့် eating disorder ဖြစ်နေကြောင်း ေ၀ဖန်ပိုင်းခြားနိုင်မှာဖြစ်ပြီး eating disorder မဖြစ်ရအောင် ဘယ်လိုပြောင်းလဲနေထိုင်သင့်သလဲဆိုတာကိုပါ သိမြင်လာမှာဖြစ်ပါတယ်။
1. ကိုယ်အလေးချိန်ကြောင့် စိတ်သောကရောက်ခြင်း
ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး အနှုတ်သဘောဆောင်အတွေးရှိခြင်းဟာလည်း eating disorders ရဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရရင် မိမိကိုယ်ကို၀နေတယ်၊ ဒီထက်စားလိုက်ရင် ပေါင်ချိန်တက်လောတော့မှာပဲ၊ ထပ်စားလို့မဖြစ်တော့ပါဘူးဆိုတဲ့ အတွေးတွေက အစားစားတဲ့အချိန်တိုင်း အဆက်မပြတ်၀င်ရောက်လာကာ အစာကိုဆက်စားချင်သေးသော်လည်း ၀လာမှာစိုးတဲ့ကြောက်စိတ်က အစာဆက်မစားဖို့ဟန့်တားလိုက်ပါတယ်။ ၄င်းကဲ့သို့ ကိုယ်အလေးချိန်အတွက် သောကရောက်ပြီး အစာစားရမှာမလိုလားခြင််းဟာ anorexia ကဲ့သို့ လက္ခဏာရပ်ဖြစ်တဲ့အတွက် eating disorder ဖြစ်နေတယ်လို့ဆိုနိုင်ပါတယ်။
2. လူအများကြားတွင်စားချင်သလောက်မစားရဲခြင်း
တခြားသူတစ်ဦးတစ်ယောက်က မိမိစားတဲ့အစားအစာပမာဏကိုသတိထားကြည့်နေပြီး မိမိအားေ၀ဖန်နေတယ်လို့ ခံစားမိတဲ့အတွက် အစားစားရမှာကိုရှက်စိတ်၀င်ခြင်းဟာလည်း eating disorder ဖြစ်နေတယ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများရှေ့မှာစားတယ်ဆိုရုံလောက်သာအာသာပြေစားပြလိုက်ခြင်းဟာ အစာစားလိုမှုအပေါ်ေ၀ဖန်ခံရမှာကို စိုးရံွ့ပြီးစားချင်စိတ်ကိုချုပ်တည်းလိုက်ခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီလိုလူတွေဟာ တစ်ယောက်တည်းရှိနေချိန်မှာ အစာကိုတစ်ထိုင်တည်း အများကြီးစားတတ်တဲ့အကျင့်ရှိသူတွေဖြစ်တဲ့အတွက် binge eating disorder နဲ့အလားတူပုံစံဖြစ်ပါတယ်။
3. ခန္ဓာကိုယ်၌ အမွေးနုနုလေးတွေသာပေါက်ခြင်း
လက်နှင့်အမွေးအမျှင်များပေါက်လေ့ရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ထွက်လာတဲ့အမွေးတွေဟာ နုနယ်၊ ပါးလွှာလွန်းနေမယ်ဆိုရင် အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် နည်းလွန်းနေမယ်၊ ရှိသင့်ရှိထိုက်တဲ့ခန္ဓာကိုယ် အဆီတွေလည်းမရှိဘူးဆိုပါက anorexia ဖြစ်နေသူတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာအမွေးနုနုလေးတွေသာ ထွက်လာမယ်ဆိုရင် anorexia eating disorder ဖြစ်နေသူလို့ ယူဆလို့ရပါတယ်။
4. တခြားသူများအား ပြင်ဆင်ချက်ပြုတ်ကျေွးရ ခြင်းကိုကျေနပ်ပျော်ရွှင်ခြင်း
Anorexia ဖြစ်နေသူတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ကစားဖို့ကို ငြင်းဆန်တတ်ကြပေမယ့် တစ်စုံတစ်ယောက်စားနေတာကိုမြင်နေရရင် စိတ်ကြည်နူးတတ်ကြတာဖြစ်တဲ့အတွက် မိသားစု၊ သူငယ်ချင်းများစားဖို့ အစားအသောက်များကိုပြင်ဆင်ချက်ပြုတ်ကျေွးတတ်ကြပါတယ်။ တခြားသူမြိန်ရည်ယှက်ရည် စားနေတာကိုကြည့်ပြီး မ်ိမိကို်ယ်တိုင်စားနေတယ်ဆိုတဲ့ အမြင်အာရုံနဲ့သာစားသုံးခြင်းဖြစ်ပါတယ်။ ၄င်းကဲ့သို့ဖြစ်ခြင်းဟာ စားချင်စိတ်ကိုကြိတ်မှိတ်မြိုသိပ်ထားရတာဖြစ်တဲ့အတွက် eating disorders လက္ခဏာရပ်လို့သတ်မှတ်နိုင်ပါတယ်။
5. အသားအရေခြောက်ခြင်း
အသားခြောက်ခြင်း၊ အဖုအပိမ့်ထူခြင်းဟာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ် လာရတဲ့ လက္ခဏာရပ်တွေဖြစ်ပြီး တခါတရံမှာ anorexia ဒါမှမဟုတ် bulimia ဖြစ်နေကြောင်း ပြသတဲ့လက္ခဏာရပ်တွေလို့လည်း သတ်မှတ်နိုင်ပါတယ်။
Eating disorders ဖြစ်နေသူတစ်ယောက်မှာတော့ အသားခြောက်နေခြင်းဟာ ရေဓာတ် ခမ်းခြောက်ခြင်းကြောင့် ဖြစ်နေတယ်လို့ယူဆလို့မရပါဘူး။ အသားခြောက်ခြင်းအပြင် ပါးစပ်ခြောက်ခြင်း၊ ပါးခွက်ခြင်း၊ မျက်လုံးချိုင့်ခြင်း၊ electrolyte မညီမျှခြင်းဟာ eating disorders ဖြစ်နေသူတစ်ယောက်ရဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။ လက်ဆစ်မှာအသားမာဖြစ်တာကတော့ လက်ထိုးအန်လေ့ရှိတဲ့ bulimia ရဲ့လက္ခဏာရပ်ဖြစ်ပါတယ် ။
6. ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
အာဟာရချို့တဲ့ခြင်း၊ ခန္ဓာကိုယ်အဆီနည်းလွန်းနေခြင်းကြောင့် ချမ်းစိမ့်စိမ့်ဖြစ်ခြင်းကို ခံစားရတတ်ပါတယ်။ အေးတဲ့ရာသီဥတုမဟုတ်ဘဲ ချမ်းအေးနေသလိုခံစားရခြင်းကြောင့် အ၀တ်အစားထူထူ၀တ်ခြင်းဟာ အာဟာရချို့တဲ့နေကြောင်းပြတဲ့ လက္ခဏာရပ်ဖြစ်ပြီး anorexia ဖြစ်နေသူတွေမှာ အဖြစ်များပါတယ်။
ခန္ဓာကိုယ်မှာအဆီနည်းလွန်းပါက ခန္ဓာကိုယ်အပူချိန်ကို ထိန်းနို်င်စွမ်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ရှိအဆီဟာ စွမ်းအင်တွေကိုသိုလှောင်ပေးနိုင်ပြီး အအေးဒဏ်ကိုခံနိုင်ရည်ရှိအောင်ကူညီပေးခြင်းကြောင့်ဖြစ်ပါတယ်။ ခန္ဓာကို်ယ်အဆီနည်းလွန်းအားကြီးပါက ကိုယ်ပူရှိန်အလွန်အမင်းကျဆင်းခြင်းအထိဖြစ်စေနိုင်ပါတယ်။
7. ပါးဖောင်းကားဖောရောင် ခြင်း
မေးရိုးတစ်လျှောက်ရောင်ရမ်းခြင်းဟာ bulimia ဖြစ်နေခြင်းနဲ့ဆက်စပ်မှုရှိသလို eating disorders အမျိုးအစားအားလုံးမှာတွေ့ရတတ်ပါတယ်။ ပါးဖောင်းကားဖောရောင်ခြင်းဟာ ပါးချိတ်ဂလင်းရောင်ရမ်းခြင်းကြောင့်ဖြစ်စေပြီး ၄င်းကဲ့သို့ ဖောရောင်ခြင်းကို eating disorder ဖြစ်နေသူတစ်ယောက်ရဲ့ မည်သည့်အခြေအနေမှာမဆိုတွေ့နိုင်ပါတယ်။
8. အစာရွေးလွန်းခြင်း
အစားအသောက်ကြောင့် ကျန်းမာရေးထိခိုက်မှာစိုးတဲ့အတွက် ကျန်ုးမာရေးနဲ့ညီညွတ်စေမယ့် အစားအစာတွေသာရွေးစားခြင်းကို orthorexia eating disorder လို့ ခေါ်ပါတယ်။ Orthorexia ဖြစ်နေသူဟာ အစားအစာရဲ့အရည်အသွေးအပေါ်အလေးပေးခြင်းက သာမန်ထက်ပိုတတ်ပြီး anorexia ဖြစ်နေသူဟာ အစာပမာဏအပေါ်ချင့်ချိန်ကန့်သတ်စားသုံးတာဖြစ်ပါတယ်။
9. အစားအစာကို အသေးစိတ်ပိုင်းခြားစိတ်ဖြာပြီးမှ စားသုံးခြင်း
အစာကိုမစားခင်တစ်ကိုက်စာ၊ တစ်လုပ်စာအရွယ်အစားလေးတွေဖြစ်အောင် လှီးဖြတ်ကာ စားချင့်စဖွယ်ဖြစ်အောင်စနစ်တကျ ပုံဖော်ပြီးစားသောက်ခြင်းဟာ OCD (obsessive-compulsive disorder ) ကြောင့်ဖြစ်လာတဲ့ eating disorder တစ်မျိုးပါ။ OCD ဖြစ်နေသူတစ်ဦးဟာ ထပ်တလဲလဲစဉ်းစားတတ်ပြီး မိမိလုပ်ထားတဲ့ကိစ္စတစ်ခုကို ကြိမ်ဖန်များစွာစစ်ဆေးပြီးမှ စိတ်ကျေနပ်မှုရသူများဖြစ်ကြပါတယ်။ ဒါကြောင့် အစားစားတဲ့အချိန်တိုင်း အစာကိုအမျိုးမျိုးစီမံခြင်းကို OCD ကြောင့် ဖြစ်စေတဲ့ eating disorder လို့ သတ်မှတ်လို့ရပြီး အစာစားလိုစိတ်မရှိတာကြောင့် စားချင်စိတ်ဖြစ်လာအောင် ကိုယ့်ကိုယ်ကိုပြန်ဆွဲဆောင်ရတာ ဖြစ်တဲ့အတွက် anorexia ဆန်ဆန်လေးဖြစ်သွားတတ်သလို အစာကိုသေးသေးစိတ်စားတာကြောင့် အစာပို၀င်စေတဲ့အတွက် အစာကိုတချိန်တည်းအများကြီးစားမိသလိုဖြစ်သွားစေခြင်းဟာ binge eating disorder လက္ခဏာရပ်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။
10. အစားအစာကို တမူထူးကဲစွာပြင်ဆင်စားသောက်ခြင်း
အစားအစာအမယ်တစ်မျိုးတည်းကို အရသာပိုထူးကဲသွားအောင် ဖန်တီးပြင်ဆင်စားသောက်တတ် သူတွေဟာ အစားအစာကို အရသာ သာလွန်အောင် မည်သို့မျှပြင်ဆင်စားသောက်ခြင်းမရှိဘဲ စားနေကျအရသာအတိုင်းသာ စားသောက်တတ်သူတွေထက် အစားအသောက်ကိုပိုမိုခုံမင်စွဲလမ်းစွာစားသောက်တတ်ပြီး တချိန်တည်းမှာ အစာကိုအများကြီးစားမိသွားစေတဲ့အတွက် binge eating disorder လို့ခေါ်ဆိုနိုင်ပါတယ်။
11. လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်း
လေ့ကျင့်ခန်းလွန်ကဲစွာလုပ်ပြီးနောက် မောဟိုက်လွန်းခြင်းကြောင့် အစားမစားနိုင်ခြင်းကို exercise anorexia လို့ ခေါ်ပါတယ်။ အမျိုးသမီးအားကစားသမားတွေမှာ ၄င်းကဲ့သို့ eating disorder ဖြစ်ခြင်းကို တွေ့ရများတတ်ပါတယ်။
CMS






























