Ibuprofen အကိုက်အခဲပျောက်ဆေးကို ကိုရိုနာဗိုင်းရပ်စ် ကုထုံးအဖြစ် စမ်းသပ်
သိပ္ပံပညာရှင်တွေဟာ ibuprofen အကိုက်အခဲပျောက်ဆေးက ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် ကုထုံးဖြစ်နိုင်မလား စမ်းသပ်စစ်ဆေးနေကြပါတယ်။
London's Guy's and St Thomas' hospital နဲ့ King's College အဖွဲ့က ဒီဆေးဟာ အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးအဖြစ်အပြင် အသက်ရှူရခက်တဲ့ပြဿနာကိုပါ ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။
ဒီလိုတန်ဖိုးနည်းကုထုံးက လူနာတွေကို အသက်ရှူစက်တင်ရတဲ့ အခြေအနေကနေ တားဆီးပေးနိုင်မလားလို့ မျှော်လင့်နေကြပါတယ်။
Liberate လို့ အမည်ပေးထားတဲ့ စမ်းသပ်မှုမှာ လူနာတစ်ဝက်ကို ပုံမှန်ကုသမှုတွေအပြင် ibuprofen ကို ပေးကြည့်ပါတယ်။ ဒီစမ်းသပ်မှုမှာ ပုံမှန်သောက်နေကျ ibuprofen ဆေးဖော်မြူလာအစား အထူးဖော်မြူလာကို အသုံးပြုထားပါတယ်။ တချို့တွေကတော့ ဒီအထူးဖော်မြူလာကို အဆစ်အမြစ်ရောင်ခြင်းစတဲ့ အခြေအနေတွေမှာ အသုံးပြုဖူးကြမှာပါ။
တိရစ္ဆာန်တွေမှာ ပြုလုပ်တဲ့ လေ့လာမှုမှာတော့ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်မှာ ဖြစ်လေ့ရှိတဲ့ ရုတ်တရက် အဆုတ်ထိခိုက်တဲ့ရောဂါစုကို ကုသနိုင်တယ်လို့ဆိုပါတယ်။
လေ့လာရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်သူ ပရော်ဖက်ဆာ Mitul Mehta ကတော့ ibuprofen ဆေးရဲ့ အကျိုးသက်ရောက်မှုကို သိရှိဖို့ လေ့လာမှုတွေ လိုနေသေးတယ်လို့ ဆိုပါတယ်။
Alaxan IA (1)
ကပ်ရောဂါအစောပိုင်းမှာတော့ ibuprofen ဟာ အပျော့စားလက္ခဏာရှိသူတွေအတွက် ဘေးဖြစ်စေမလားလို့ တွေးခဲ့ကြပါသေးတယ်။ ပြင်သစ်ကျန်းမာရေးဝန်ကြီး Oliver Veran က အရောင်ကျဆေးတွေဖြစ်တဲ့ ibuprofen လိုမျိုး ဆေးတွေဟာ ရောဂါပိုးကို ပိုဆိုးစေလို့ ကိုရိုနာလူနာတွေမှာ ပါရာစီတမောကို ပြောင်းလဲသောက်ကြဖို့ တိုက်တွန်းတဲ့အခါ ပိုပြီးရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။
Commission on Human Medicines အဖွဲ့က နောက်ဆုံးမှာ ပါရာစီတမောလိုပဲ ibuprofen ဆေးတွေဟာ အဖျားကျစေပြီး တုပ်ကွေးလက္ခဏာတွေကို သက်သာစေနိုင်တာမို့ သောက်လို့ရပါတယ်ဆိုပြီး အဆုံးသတ်ခဲ့ပါတယ်။
အပျော့စား ကိုရိုနာလက္ခဏာတွေအတွက်တော့ ibuprofen ထက်စာရင် ပါရာစီတမောကို ပိုသောက်ပေးစေချင်ပါတယ်။ နောက်ဆက်တွဲပိုနည်းလို့ပါ။ ဥပမာပြောရရင် အစာအိမ်အနာရှိနေရင် ibuprofen မသောက်သင့်ပါဘူး။
Dr. Mya Phoo Ngon (www.drmyanmar.com)
Alaxan IA (2)
(Zawgyi)
သိပၸံပညာရွင္ေတြဟာ ibuprofen အကိုက္အခဲေပ်ာက္ေဆးက ကို႐ိုနာဗိုင္းရပ္စ္လူနာေတြအတြက္ ကုထုံးျဖစ္ႏိုင္မလား စမ္းသပ္စစ္ေဆးေနၾကပါတယ္။
London's Guy's and St Thomas' hospital နဲ႔ King's College အဖြဲ႕က ဒီေဆးဟာ အေရာင္က်ေဆး၊ အကိုက္အခဲေပ်ာက္ေဆးအျဖစ္အျပင္ အသက္႐ွဴရခက္တဲ့ျပႆနာကိုပါ ေပ်ာက္ကင္းေစႏိုင္တယ္လို႔ ယုံၾကည္ထားၾကပါတယ္။
ဒီလိုတန္ဖိုးနည္းကုထုံးက လူနာေတြကို အသက္႐ွဴစက္တင္ရတဲ့ အေျခအေနကေန တားဆီးေပးႏိုင္မလားလို႔ ေမွ်ာ္လင့္ေနၾကပါတယ္။
Liberate လို႔ အမည္ေပးထားတဲ့ စမ္းသပ္မႈမွာ လူနာတစ္ဝက္ကို ပုံမွန္ကုသမႈေတြအျပင္ ibuprofen ကို ေပးၾကည့္ပါတယ္။ ဒီစမ္းသပ္မႈမွာ ပုံမွန္ေသာက္ေနက် ibuprofen ေဆးေဖာ္ျမဴလာအစား အထူးေဖာ္ျမဴလာကို အသုံးျပဳထားပါတယ္။ တခ်ိဳ႕ေတြကေတာ့ ဒီအထူးေဖာ္ျမဴလာကို အဆစ္အျမစ္ေရာင္ျခင္းစတဲ့ အေျခအေနေတြမွာ အသုံးျပဳဖူးၾကမွာပါ။
တိရစာၦန္ေတြမွာ ျပဳလုပ္တဲ့ ေလ့လာမႈမွာေတာ့ ဒီေဆးဟာ ကို႐ိုနာဗိုင္းရပ္စ္မွာ ျဖစ္ေလ့ရွိတဲ့ ႐ုတ္တရက္ အဆုတ္ထိခိုက္တဲ့ေရာဂါစုကို ကုသႏိုင္တယ္လို႔ဆိုပါတယ္။
ေလ့လာေရးအဖြဲ႕ဝင္တစ္ေယာက္ျဖစ္သူ ပေရာ္ဖက္ဆာ Mitul Mehta ကေတာ့ ibuprofen ေဆးရဲ႕ အက်ိဳးသက္ေရာက္မႈကို သိရွိဖို႔ ေလ့လာမႈေတြ လိုေနေသးတယ္လို႔ ဆိုပါတယ္။
ကပ္ေရာဂါအေစာပိုင္းမွာေတာ့ ibuprofen ဟာ အေပ်ာ့စားလကၡဏာရွိသူေတြအတြက္ ေဘးျဖစ္ေစမလားလို႔ ေတြးခဲ့ၾကပါေသးတယ္။ ျပင္သစ္က်န္းမာေရးဝန္ႀကီး Oliver Veran က အေရာင္က်ေဆးေတြျဖစ္တဲ့ ibuprofen လိုမ်ိဳး ေဆးေတြဟာ ေရာဂါပိုးကို ပိုဆိုးေစလို႔ ကို႐ိုနာလူနာေတြမွာ ပါရာစီတေမာကို ေျပာင္းလဲေသာက္ၾကဖို႔ တိုက္တြန္းတဲ့အခါ ပိုၿပီး႐ုတ္႐ုတ္သဲသဲ ျဖစ္သြားပါတယ္။
Commission on Human Medicines အဖြဲ႕က ေနာက္ဆုံးမွာ ပါရာစီတေမာလိုပဲ ibuprofen ေဆးေတြဟာ အဖ်ားက်ေစၿပီး တုပ္ေကြးလကၡဏာေတြကို သက္သာေစႏိုင္တာမို႔ ေသာက္လို႔ရပါတယ္ဆိုၿပီး အဆုံးသတ္ခဲ့ပါတယ္။
အေပ်ာ့စား ကို႐ိုနာလကၡဏာေတြအတြက္ေတာ့ ibuprofen ထက္စာရင္ ပါရာစီတေမာကို ပိုေသာက္ေပးေစခ်င္ပါတယ္။ ေနာက္ဆက္တြဲပိုနည္းလို႔ပါ။ ဥပမာေျပာရရင္ အစာအိမ္အနာရွိေနရင္ ibuprofen မေသာက္သင့္ပါဘူး။
Dr. Mya Phoo Ngon (www.drmyanmar.com)




























