Keloid (အမာရွတ်ကြီး) အတွက် အသုံးများဆုံးသော အိမ်သုံးဆေးဝါးများ
1. ပျားရည်
ပျားရည်ဟာ အရည်ပြားအစိုဓာတ်ထိန်းသိမ်းခြင်းနဲ့ အနာကျက်ခြင်းတို့အတွက် အကျိုးသက်ရောက်မှုအရှိဆုံးသော သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ပျားရည်ဟာ Keloid ရှိသူများအတွက် ကောင်းမွန်သောအိမ်သုံးဆေးဝါးတစ်မျိုးဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ ပုံမှန်လိမ်းပေးမယ်ဆိုရင် Keloid ကို သက်သာလာစေနိုင်ပါတယ်။
- လတ်ဆတ်တဲ့သဘာဝပျားရည်ကို အမာရွတ်ပေါ်မှာလိမ်းပေးပါ။ သွေးလှည့်ပတ်မှုကောင်းစေရန်နှင့် အရေပြားဆဲလ်အသေများကိုဖယ်ရှားနိုင်ရန် ညင်ညင်သာသာနဲ့ သေချာစိမ့်ဝင်အောင်ပွတ်လိမ်းပေးပါ။
- အကျိုးသက်ရောက်မှုရှိစေရန် ဤပုံစံအတိုင်းတစ်နေ့ နှစ်ကြိမ်၊ ရက်သတ္တပတ်အတော်ကြာအောင်လိမ်းပေးပါ။
- Tualang tree ( အမြဲစိမ်းသစ်တောများတွင်ပေါက်လေ့ရှိသော အပင်ကြီးမျိုး) က ပျားအုံကရတဲ့ပျားရည်ကတော့ အကောင်းဆုံးပါပဲ။ ဒီပျားရည်က Keloid ထဲမှာ ပွားများနေတဲ့ဆဲလ်တွေကိုလျော့နည်းစေခြင်းဖြင့် သက်သာစေပါတယ်။
2. မုန့်ဖုတ်ဆိုဒါ
Keloid တွေကိုကုသဖို့အတွက် မုန့်ဖုတ်ဆိုဒါကအကျိုးရှိပြီး လွယ်ကူတဲ့နောက်ထပ်အိမ်သုံးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အရေပြားမှာရှိတဲ့ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။
- မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း 1 ဇွန်းနဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လက်ဖက်ရည်ဇွန်း 3 ဇွန်းကိုရောပြီး ခပ်ပျစ်ပျစ်လေးဖြစ်အောင် ရေအနည်းငယ်ထည့်မွှေပေးပါ။
- ထိုအရည်ကို ဂွမ်းအသုံးပြုပြီး အနာရွတ်ပေါ်တွင်လိမ်းပေးပါ။ 15-20 မိနစ် လောက်ထားပါ။
- တစ်နေ့လျှင် 3 ကြိမ်မှ 4 ကြိမ်အထိ ရက်သတ္တပတ်အတော်ကြာအောင်လိမ်းပေးပါ။
3. ကြက်သွန်ဖြူ
ကြက်သွန်ဖြူကလည်း ဒီ Keloid တွေအတွက် ကောင်းမွန်တဲ့မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူက ဒီ Keloid တွေကို ကြီးထွားစေတဲ့ fibroblast ဆိုတဲ့ဆဲလ်တွေ ပွားများတာကိုကာကွယ်ပေးပါတယ်။
- ကြက်သွန်ဖြူကို လှီးလိုက်လို့ထွက်လာတဲ့ အစေးနဲ့ အမာရွတ်ကို ပွတ်တိုက်ပေးပါ။
( အရေပြားမှာ ပူစပ်ပူလောင်ခံစားရတယ်ဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ချက်ချင်းဆေးချလို်က်ပါ။)
- 10-15 မိနစ်လောက်ထားပြီး ရေနဲ့စင်အောင်ဆေးကြောပါ။
- ပုံမှန်လိမ်းပေးရင် Keloid တွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။
4. ရှားစောင်းလက်ပတ်အနှစ်
- ရှားစောင်းလက်ပတ်အနှစ်ကို အမာရွတ်ပေါ်မှာ သေချာစွာပွတ်လိမ်းပေးပြီး 15-20 မိနစ်လောက်ထားပေးပါ။
- ရောင်ခြင်း၊ နာကျင်ခြင်းနဲ့ အမာရွတ်သက်သာလာသည်အထိ တစ်နေ့ကို 2 ကြိမ် (သို့) 3 ကြိမ် လိမ်းပါ။
5. ပန်းသီးရှာလကာရည်
- အမာရွတ်ပေါ်ကို ပန်းသီးရှာလကာရည်ကို အသားထဲစိမ့်ဝင်သည်အထိ ညင်သာစွာပွတ်ပြီးလိမ်းပေးပါ။
- 10 မိနစ်ခန့်ထား၍ အခြောက်ခံပြီး နောက်တစ်ကြိမ်ပြန်လိမ်းပါ။
- အရည်ပြားတွင် တစ်စုံတစ်ရာခံစားရလျှင် ရေအနည်းငယ်ရောပြီးလိမ်းပါ။
- ထိရောက်မှု လျှင်မြန်စေရန် တစ်နေ့လျှင်အကြိမ်များစွာ လိမ်းပေးနိုင်ပါသည်။
6. လတ်ဆတ်သော သံပုရာရည်
သံပုရာရည်ဟာ ဗီတာမင် C ဓာတ်ကြွယ်ဝပြီး အားကောင်းတဲ့ အင်တီအောက်စီးဒင့်တစ်မျိုးဖြစ်ပါတယ်။ Keloid အပြင် အမာရွတ်အမျိုးမျိုးကုသရာမှာ အသုံးဝင်ပါတယ်။
- လတ်ဆတ်တဲ့ သံပုရာသီးတစ်လုံးကိုယူပြီး နှစ်ခြမ်းခြမ်းလိုက်ပါ။
- အရည်ညှစ်ပြီး အမာရွတ်ပေါ်မှာလိမ်းပါ။
- မိနစ် 30 လောက်ထားပြီး ရေနွေးနွေးနဲ့ ဆေးကြောပါ။
- တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လိမ်းပေးပါ။
- ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အရေပြားအရောင်နဲ့ ထိတွေ့မှုတွေ သိသာစွာပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်။
Dr. Mya Myo Myo Swe





























