Vitamin B6 အကြောင်းသိကောင်းစရာ
Vitamin B မျိုးနွယ်၀င်ဖြစ်တဲ့ Vitamin B6 ဟာ ဇီ၀တွင်းဖြစ်ပျက်မှုဆိုင်ရာဖြစ်စဉ်အတွက် အဓိကလိုအပ်တဲ့ ရေမှာပျော်၀င်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်မှု၊ ကြွက်သားတွေသန်စွမ်းဖို့အတွက် လိုအပ်တဲ့ဗီတာမင်ဖြစ်တဲ့အပြင် အရေပြားကျန်းမာရေးနဲ့ ကိုယ်ခံစွမ်းအားမြှင့်တင်ရာမှာ အလွန်အရေးပါလှတဲ့ ဗီတာမင်ဖြစ်ပါတယ်။ Vitamin B6 ကို ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ကလေးဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် မှီ၀ဲပေးဖို့လိုအပ်ပါတယ်။
Vitamin B6 ၏ ကောင်းကျိုးများ
အသက်အရွယ်ကြီးလာသူတွေမှာ ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့အတွက် ပိုလိုအပ်တဲ့ Vitamin B6 ဟာ သွေးတွင်းသကြားဓာတ်ကိုပုံမှန်ဖြစ်စေပြီး အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။
သက်သာပျောက်ကင်းစေနိုင်တဲ့ ရောဂါလက္ခဏာများ -
(1) ၀က်ခြံ
(2) အယ်ဇိုင်းမားရောဂါ
(3) သွေးအားနည်းရောဂါ
(4) ပန်းနာရင်ကျပ်ရောဂါ
(5) သွေးကြောလေးကျစ်ခြင်း/သွေးကြောကျဉ်းခြင်း
(6) အော်တစ်ဇင်ရောဂါ
(7) ဆာလောင်ရောဂါ
(8) အပူလောင်ဒဏ်ရာ
(9) အရက်စွဲရောဂါ
(10) မှတ်ဉာဏ်ချို့တဲ့ခြင်း
(11) စိတ်ကျရောဂါ
(12) HIV
(13) ပါကင်ဆန်ရောဂါ
(14) ရိုးဆက်ရောင်ရမ်းနာ
(15) စိတ်ကစဥ့်ကလျားရောဂါ
(16) အူမကြီးရောဂါ
Vitamin B6 ချို့တဲ့မှု
Vitamin B6 ကြွယ်၀တဲ့ အစားအစာတွေ လုံး၀မစားလို့ဖြစ်စေ(သို့) အစားနည်းလို့ဖြစ်စေ Vitamin B6 ချို့တဲ့မှုနဲ့ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူတွေနဲ့ သနေ္ဓတားဆေးသုံးစွဲနေတဲ့ အမျိုးသမီးတွေမှာ ချို့တဲ့မှုဖြစ်နိုင်ချေမြင့်မားပြီး အရက်အလွန်အကျွံသောက်သူတွေ၊ ကော်ဖီကို တစ်ခွက်ကနေ နှစ်ခွက်ထက်ပိုပြီး စွဲလမ်းနှစ်ခြိုက်နေတဲ့သူတွေအနေနဲ့ Vitamin B6 ပါ၀င်တဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါတယ်။
Vitamin B6 ချို့တဲ့နေခြင်းကို သိရှိနိုင်မယ့်ရောဂါလက္ခဏာများ -
(1) သွေးအားနည်းခြင်း
(2) စိတ်ရှုပ်ထွေးခြင်း
(3) တက်ခြင်း
(4) စိတ်ဓာတ်ကျခြင်း
(5) အရေပြားနီ၍ ရောင်အမ်းနာကျင်ခြင်း
(6) ပင်ပန်းနွမ်းနယ်ခြင်း
(7) ရောင်ရမ်းခြင်း
(8) ကိုယ်ခံအားကျဆင်းခြင်း
(9) အနာများပေါက်ခြင်း
Vitamin B6 အဆိပ်အတောက်ဖြစ်မှု
Vitamin B6 ဟာ ရေမှာပျော်၀င်တဲ့ ဗီတာမင်ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားနိုင်စွမ်း မရှိတဲ့အတွက် အဆိပ်အတောက်မဖြစ်စေဘူးလို့ သတ်မှတ်မိပါမယ်။ ဒါပေမဲ့ Vitamin B6 ဆေးဝါးတွေ လွန်ကဲများပြားစွာ မှီ၀ဲခြင်း၊ တစ်နေ့တာလိုအပ်ချက်ထက် ပိုမိုစားသုံးခြင်းတို့ကြောင့် ခြေလက် ထုံကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ ပျို့ခြင်း၊ ရောဂါလွယ်ကူစွာကူးစက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
Vitamin B6 မြင့်မားစွာပါ၀င်တဲ့ အစားအစာများ
ခန္ဓာကိုယ်အတွက် လွန်စွာမှအရေးကြီးလှတဲ့ Vitamin တွေကို အစားအစာတွေမှ အဓိက ရနိုင်တာကြောင့် Vitamin B6 ပါ၀င်တဲ့ အစားအစာတွေကိုလည်း ရွေးချယ်စားသောက်တတ်ဖို့ လိုအပ်ပါတယ်။
Vitamin B6 ကြွယ်၀စွာပါ၀င်တဲ့ အစားအစာရင်းမြစ်များ -
(1) ထောပတ်သီး၊ငှက်ပျောသီး
(2) နွားနို့၊အသား
(3) ဂျုံစေ့အဆန်
(4) ပြောင်းဖူး
(5) မုန်လာဥဝါ
(6) ပဲတောင့်ရှည်၊ပဲနီကလေးနှင့် ပဲအမျိုးမျိုး
(7) အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
(8) ဂေါ်ဖီထုပ်
(9) အာလူ
(10) အခွံမာသီး
(11) အစေ့အဆန်များ
(12) ပဲပုပ်
(13) ဒေါက်ခွရွက်
တစ်နေ့တာလိုအပ်ချက်အနေနဲ့ အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ 1.3 mg ပမာဏနဲ့အညီ အချိုးအစားမျှတစွာ စားသုံးပေးသင့်ပါတယ်။ တစ်နေ့ကို 50 mg ထက်များရင်တော့ အဆိပ်အတောက်ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။
CMS




























