ဓမ္မတာလာစဉ် အမျိုးသမီးတို့ သတိပြုဖို့
(Zawgyi)
ဓမၼတာဆိုတာ အမ်ိဳးသမီးတို႔ မႀကဳံခ်င္လည္း ႀကဳံေတြ႕ေနရတဲ့ သဘာ၀အေျခအေနတစ္ခုပါ။ အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္အတြက္ အေရးႀကီးတဲ့ျဖစ္စဥ္တစ္ရပ္ဆိုလည္း မမွားဘူးေပါ့။ ဒါေၾကာင့္ ဒီလိုအခ်ိန္မွာ အထူးဂ႐ုစိုက္ဖို႔ အရမ္းအေရးႀကီးပါတယ္။ သန႔္သန႔္ရွင္းရွင္း ေနထိုင္မယ္၊ မွန္မွန္ကန္ကန္ စားေသာက္မယ္ဆိုရင္ ႀကဳံေတြ႕လာရမယ့္ နာက်င္မႈေဝဒနာေတြကို သက္သာေစႏိုင္မွာပါ။
>> ဓမၼတာလာေနစဥ္မွာ ဒီအခ်က္ ၅ ခ်က္ကို လိုက္နာဖို႔လိုပါတယ္။
၁။ လစဥ္သုံးပစၥည္းကို ၄-၆ နာရီျခားတစ္ခါေလာက္ လဲေပးပါ။
မိန္းမကိုယ္ သန႔္ရွင္းေစဖို႔ လစဥ္သုံးကို ၄-၆ နာရီျခားတစ္ခါေလာက္ လဲေပးဖို႔လိုပါတယ္။ ခႏၶာကိုယ္ကေန ထြက္လာတဲ့ ဓမၼတာေသြးဟာ ပိုးအမ်ဳိးမ်ဳိးကို လာပြားေစဖို႔ ဖိတ္ေခၚေနတဲ့အရာပါ။ ေသြးရဲ႕အေႏြးဓာတ္နဲ႔ ပိုးေတြပြားလာၿပီး ယားယံတာ၊ အနီကြက္ေတြထြက္တာ၊ ဆီးလမ္းေၾကာင္းပိုးဝင္တာေတြ ျဖစ္ေစႏိုင္ပါတယ္။ လစဥ္သုံးပစၥည္းကို မွန္မွန္လဲေပးျခင္းျဖင့္ ဒီလိုပိုးမႊားေတြ ႀကီးထြားမႈကို တားဆီးေပးႏိုင္ပါတယ္။
၂။ ေသခ်ာေဆးေၾကာပါ။
မိန္းမကိုယ္ကို မွန္မွန္ေဆးေၾကာေပးဖို႔ကလည္း အင္မတန္အေရးႀကီးပါတယ္။ လစဥ္သုံးပစၥည္းကို ခြၽတ္လဲၿပီးရင္ေတာင္မွ ပိုးေတြက ကပ္က်န္ေနခဲ့တတ္ၾကပါတယ္။ အမ်ားစုက မွန္မွန္သန႔္ရွင္းေရး လုပ္တတ္ၾကေပမယ့္ လုပ္တဲ့ပုံမွန္ကန္ဖို႔လည္း လိုပါေသးတယ္။ လက္ကို မိန္းမကိုယ္ကေန စအိုေပါက္ဘက္ ေဆးေၾကာေပးရမွာပါ။ ေျပာင္းျပန္ေဆးမိရင္ အူလမ္းေၾကာင္းက ဘက္တီးရီးယားေတြ မိန္းမကိုယ္တို႔၊ ဆီးလမ္းေၾကာင္းတို႔ထဲကိုေရာက္ၿပီး ပိုးဝင္ႏိုင္ပါတယ္။ ေနာက္ၿပီး ေဆးမယ္ဆိုရင္ အေပ်ာ့စား မိန္းမကိုယ္ သန႔္စင္ေဆးရည္ (သို႔) ေရတို႔ျဖင့္ ေဆးေၾကာပါ။ ကိုယ္တိုက္ဆပ္ျပာရည္ေတြနဲ႔ မေဆးပါနဲ႔။
pH Care 1

၃။ လစဥ္သုံးပစၥည္းကို စနစ္တက် ပစ္ပါ။
သုံးၿပီးသား လစဥ္သုံးပစၥည္းကို ဂ႐ုတစိုက္ပစ္ဖို႔ လိုပါတယ္။ မပစ္ခင္ ေသခ်ာထုတ္ပိုးပါ။ ဒါမွ ဘက္တီးရီးယားေတြ၊ ပိုးမႊားေတြ မျပန႔္မွာေပါ့။ အိမ္သာအိုးထဲ မစြန႔္ပစ္ပါနဲ႔ေနာ္။ အိမ္သာပိုက္ေခါင္း ပိတ္သြားပါလိမ့္မယ္။ သုံးၿပီးသား လစဥ္သုံးပစၥည္းကို စြန႔္ပစ္ၿပီးတဲ့အခါမွာလည္း လက္ကို ေသခ်ာ ေဆးေၾကာဖို႔ လိုပါတယ္။
ကဲ ... အေပၚမွာ ေျပာခဲ့တဲ့ နည္းလမ္းေလးေတြကို လိုက္နာေဆာင္႐ြက္ၾကည့္ၾကပါ။ ဒီနည္းလမ္းေလးေတြက လြယ္ကူၿပီး အမ်ိဳးသမီးတို႔ က်န္းမာေရးကို အမ်ားႀကီး အေထာက္အကူ ျပဳမွာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
pH Care 2

(Unicode)
ဓမ္မတာဆိုတာ အမျိုးသမီးတို့ မကြုံချင်လည်း ကြုံတွေ့နေရတဲ့ သဘာဝအခြေအနေတစ်ခုပါ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ဖြစ်စဉ်တစ်ရပ်ဆိုလည်း မမှားဘူးပေါ့။ ဒါကြောင့် ဒီလိုအချိန်မှာ အထူးဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ သန့်သန့်ရှင်းရှင်း နေထိုင်မယ်၊ မှန်မှန်ကန်ကန် စားသောက်မယ်ဆိုရင် ကြုံတွေ့လာရမယ့် နာကျင်မှုဝေဒနာတွေကို သက်သာစေနိုင်မှာပါ။
>> ဓမ္မတာလာနေစဉ်မှာ ဒီအချက် ၅ ချက်ကို လိုက်နာဖို့လိုပါတယ်။
၁။ လစဉ်သုံးပစ္စည်းကို ၄-၆ နာရီခြားတစ်ခါလောက် လဲပေးပါ။
မိန်းမကိုယ် သန့်ရှင်းစေဖို့ လစဉ်သုံးကို ၄-၆ နာရီခြားတစ်ခါလောက် လဲပေးဖို့လိုပါတယ်။ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ ဓမ္မတာသွေးဟာ ပိုးအမျိုးမျိုးကို လာပွားစေဖို့ ဖိတ်ခေါ်နေတဲ့အရာပါ။ သွေးရဲ့အနွေးဓာတ်နဲ့ ပိုးတွေပွားလာပြီး ယားယံတာ၊ အနီကွက်တွေထွက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်စေနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းကို မှန်မှန်လဲပေးခြင်းဖြင့် ဒီလိုပိုးမွှားတွေ ကြီးထွားမှုကို တားဆီးပေးနိုင်ပါတယ်။
၂။ သေချာဆေးကြောပါ။
မိန်းမကိုယ်ကို မှန်မှန်ဆေးကြောပေးဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ လစဉ်သုံးပစ္စည်းကို ချွတ်လဲပြီးရင်တောင်မှ ပိုးတွေက ကပ်ကျန်နေခဲ့တတ်ကြပါတယ်။ အများစုက မှန်မှန်သန့်ရှင်းရေး လုပ်တတ်ကြပေမယ့် လုပ်တဲ့ပုံမှန်ကန်ဖို့လည်း လိုပါသေးတယ်။ လက်ကို မိန်းမကိုယ်ကနေ စအိုပေါက်ဘက် ဆေးကြောပေးရမှာပါ။ ပြောင်းပြန်ဆေးမိရင် အူလမ်းကြောင်းက ဘက်တီးရီးယားတွေ မိန်းမကိုယ်တို့၊ ဆီးလမ်းကြောင်းတို့ထဲကိုရောက်ပြီး ပိုးဝင်နိုင်ပါတယ်။ နောက်ပြီး ဆေးမယ်ဆိုရင် အပျော့စား မိန်းမကိုယ် သန့်စင်ဆေးရည် (သို့) ရေတို့ဖြင့် ဆေးကြောပါ။ ကိုယ်တိုက်ဆပ်ပြာရည်တွေနဲ့ မဆေးပါနဲ့။
၃။ လစဉ်သုံးပစ္စည်းကို စနစ်တကျ ပစ်ပါ။
သုံးပြီးသား လစဉ်သုံးပစ္စည်းကို ဂရုတစိုက်ပစ်ဖို့ လိုပါတယ်။ မပစ်ခင် သေချာထုတ်ပိုးပါ။ ဒါမှ ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေ မပြန့်မှာပေါ့။ အိမ်သာအိုးထဲ မစွန့်ပစ်ပါနဲ့နော်။ အိမ်သာပိုက်ခေါင်း ပိတ်သွားပါလိမ့်မယ်။ သုံးပြီးသား လစဉ်သုံးပစ္စည်းကို စွန့်ပစ်ပြီးတဲ့အခါမှာလည်း လက်ကို သေချာ ဆေးကြောဖို့ လိုပါတယ်။
ကဲ ... အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်ကြပါ။ ဒီနည်းလမ်းလေးတွေက လွယ်ကူပြီး အမျိုးသမီးတို့ ကျန်းမာရေးကို အများကြီး အထောက်အကူ ပြုမှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























