မိမိတို့ဆီမှာ နှလုံးသွေးကြောကျဥ်းရောဂါဖြစ်နိုင်ခြေ ရှိနေသလား?
အကယ်၍ မိမိတို့ဆီမှာ ဖော်ပြပါအကြောင်းရင်းတွေ ရှိနေတယ်ဆိုရင်တော့ နှလုံးသွေးကြောကျဥ်းရောဂါဖြစ်နိုင်ခြေဟာ သာမန်လူတွေထက် ပိုမိုမြင့်တက်နေတာကို သတိပြုစေချင်ပါတယ်။ ဘယ်လိုအကြောင်းရင်းတွေလဲဆိုတော့…
Cardioace IA 1
● သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်တက်ခြင်း အစရှိတဲ့ ရောဂါအခံတစ်ခုခုရှိခြင်း
● ဆေးလိပ်သောက်ခြင်း
● အဝလွန်ခြင်း
● ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
● ကျန်းမာရေးနဲ့အညီ မစားသောက်ခြင်း
● အသက် ၄၅ နှစ်နဲ့အထက်
● မိသားစုထဲမှာ နှလုံးရောဂါရာဇဝင်ရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Cardioace IA 2
ဒါပေမယ့် စိတ်မပူပါနဲ့။ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါ။ ဆေးလိပ်ဖြတ်ပါ။ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဥ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ စိတ်ဖိစီးမှုလျှော့ပါ။ ရောဂါအခံရှိပါက လိုအပ်တဲ့ကုသမှုတွေကို ခံယူပေးပါ။ ဒီလိုနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် နှလုံးသွေးကြောကျဥ်းရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်လိုက်ကြရအောင်နော်။