ငှက်ပျောသီးစားခြင်းဖြင့် ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်
ငှက်ပျောသီးမှာဗီတာမင် B 6 နဲ့ပိုတက်ဆီယမ်ဓာတ်ကြွယ်၀စွာ ပါ၀င်တာကြောင့် ရာသီလာချိန် ခံစားရလေ့ရှိတဲ့ ဗိုက်အောင့်ခြင်း၊ ခြေလက်နာကျင်ကိုက်ခဲခြင်း၊ ပြည့်အင့်နေခြင်းစတဲ့ လက္ခဏာများကို လျော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ငှက်ပျောသီးကို သီးသန့်သွားရေစာအဖြစ် စားသုံးပေးသင့်သလို အဆီထုတ်ပြီးသား ဒိန်ချဉ်တွင် ငှက်ပျောသီးထည့်ပြီး သောက်ခြင်း၊ ကွေကာအုပ်ထဲတွင် ထည့်သွင်းစားသုံးခြင်းစသဖြင့် မိမိနှစ်သက်ရာစားသောက်ပုံကိုရွေးချယ်ကာ ငှက်ပျောသီးပါ၀င်အောင် စားသုံးပေးသင့်ပါတယ်။ ဒါပေမယ့် အဆီ၊ သကြားတွေပါ၀င်ပြီး ကယ်လိုရီများစွာပြည့်နှက်တဲ့ ငှက်ပျော်ခြောက်ကြောက်၊ ငှက်ပျောကြော်တွေကို စားသုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။
CMS






























