ဓမ္မတာနာကျင်မှုတွေ သက်သာစေဖို့
(၁) ရေနွေးအိတ်ကပ်ပါ။
ဗိုက်နဲ့ခါးအောက်ပိုင်းကို ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပြီး ဆေးတွေထက်လည်း နောက်ဆက်တွဲ ပိုနည်းပါတယ်။
(၂) အကိုက်အခဲပျောက်ဆေးတွေသောက်ပါ။
ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ ဓမ္မတာနာကျင်မှုကိုဖြစ်စေတဲ့ prostaglandin ကို ကျစေတာကြောင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။
Dolfenal 1

(၃) Essential oil အဆီများနဲ့ နှိပ်နယ်ပေးပါ။
မိနစ် ၂၀ လောက် ဗိုက်တွေ၊ ခါးတွေ၊ ကျောတွေကို နှိပ်နယ်ပေးခြင်းဟာ ဓမ္မတာနာကျင်ခြင်းကို သက်သာစေပါတယ်။ လာဗင်ဒါဆီ၊ ပူစီနံဆီ၊ နှင်းဆီအဆီနဲ့ စမုန်နက်ဆီစတဲ့ အဆီတွေနဲ့ နှိပ်နယ်ပေးခြင်းက ပိုပြီးအစွမ်းထက်တယ်လို့ ဆိုပါတယ်။
(၄) အစားအသောက်တချို့ကို ရှောင်ရှားပေးပါ။
လေပွလေကယ်ဖြစ်စေနိုင်တဲ့ အဆီများတဲ့ အစားအသောက်တွေ၊ အရက်တွေ၊ ဂတ်စ်ပါတဲ့အချိုရည်တွေ၊ ကဖိန်းဓာတ်နဲ့ အငန်တွေကို တတ်နိုင်သလောက် ရှောင်ပေးခြင်းအားဖြင့် နာကျင်မှုဝေဒနာ လျော့ကျစေပြီး ဖိစီးမှုတွေ နည်းစေနိုင်ပါတယ်။
Dolfenal 2

(၅) သဘာဝဆေးဖက်ဝင်ကုထုံးလေးတွေ ထည့်စားပေးပါ။
ချမ်မိုမိုင်းလက်ဖက်ခြောက်၊ စမုန်နက်စေ့၊ သစ်ကြံပိုး၊ ဇီယာစေ့ စတဲ့ ဆေးဖက်ဝင်သဘာဝ သစ်ဥသစ်စေ့တွေဟာ ရောင်ရမ်းမှုတွေကိုကျစေပြီး သားအိမ်ညှစ်အားကိုလည်း လျော့နည်းစေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























