ဓမ္မတာလာရာဝယ် ...
>> ရာသီလာတဲ့အခါ အတုံးအခဲတွေ ဆင်းတာ စိုးရိမ်ရလား?
ဓမ္မတာလာစဉ်မှာ အတုံးအခဲတွေ ဆင်းတယ်ဆိုတာဟာ ပုံမှန်ပါပဲ။ ဓမ္မတာဆိုတာ သားအိမ်ရဲ့အလွှာတစ်လွှာ ကြွေကျတာဖြစ်လို့ အသား အပိုင်းအစလေးတွေ ပါလာတာသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ထက် ပိုကြီးလာတာ၊ များလာတာမျိုးရှိရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးကြည့်တာဟာ အကောင်းဆုံး ဖြစ်မှာပါ။
ဓမ္မတာ များတယ်လို့ ဆိုတဲ့အခါမှာလည်း 1 နာရီ၊ 2 နာရီခြား တစ်ခါလောက် လစဉ်သုံးပစ္စည်း လဲရတယ် ဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ ပြသသင့်ပါပြီ။ ရာသီလာတာ 1 ပတ်ထက် ပိုကြာတာ၊ လာနေစဉ်မှာ ပြင်းထန်ဆိုးရွားစွာ ကိုက်ခဲတာတွေရှိရင်လည်း ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်။






























